Asia
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းအတွက် တရုတ်နိုင်ငံထုတ် ရထားနှစ်စင်း အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာ
ဂျကာတာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR)စီမံကိန်းအတွက် တရုတ်နိုင်ငံမှ တည်ဆောက်ထားသည့် မြန်နှုန်းမြင့်ခရီးသည်တင်ရထား နှင့် စစ်ဆေးရေးရထားနှစ်စင်းသည် တရုတ်နိုင်ငံ ချင်းသောင်ဆိပ်ကမ်းမှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာဆိပ်ကမ်းသို့ စက်တင်ဘာ ၁ ရက် တွင် ရောက်ရှိလာခဲ့သည်။အဆိုပါ ရထားများ ရောက်ရှိလာခြင်းက ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR) တည်ဆောက်ခြင်း၏ နောက်ထပ် မှတ်တိုင်တစ်ခု ဖြစ်သည်။ ၎င်းမှာ တရုတ်နိုင်ငံ ထုတ်မြန်နှုန်းမြင့်ရထားများကို အခြားနိုင်ငံသို့ ပထမဆုံးတင်ပို့ခြင်းလည်း ဖြစ်သည်။
CRRC Qingdao Sifang ကုမ္ပဏီလီမိတက်က ဖုရှင်း(FuXing)ကျည်ဆန်ရထား အဆင့်မြင့်နည်းပညာများဖြင့် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့် ယင်းမြန်နှုန်းမြင့်ရထား EMU (Electric Multiple Units) နှင့် CIT (Comprehensive Inspection Train) ရထားများသည် တစ်နာရီလျှင် အမြင့်ဆုံး အမြန်နှုန်း ၃၅၀ ကီလိုမီတာဖြင့် ပြေးဆွဲနိုင်ရာ တရုတ်နိုင်ငံ၏စံချိန်စံညွှန်းများဖြင့် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားပတ်ဝန်းကျင်၊ ရထားလမ်းကြောင်းအနေအထားနှင့်ကိုက်ညီမှုရှိကြောင်းသိရသည်။
၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ နောက်ထပ် ရထား ၁၀ စီး ကို အသုတ်လိုက်ခွဲ၍ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံနည်းပညာဖြင့် တည်ဆောက်ထားသည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း(HSR)သည် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ နှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်း ကြားက ခရီးအကွာအဝေးကို ၃ နာရီကျော် ကြာရာမှ မိနစ် ၄၀ ခန့် အထိ လျှော့ချနိုင်မည် ဖြစ်သည်။(Xinhua)xhtxs.cn/zg7
———————————–
2 China-made trains of Jakarta-Bandung High-Speed Railway arrive in Indonesia
JAKARTA, Sept. 1 (Xinhua) — A high-speed electric passenger train and an inspection train, made in China and customized for the Jakarta-Bandung High-Speed Railway (HSR) project, arrived in the Jakarta Port from China’s Qingdao Port on Thursday.
The arrival of the trains symbolizes another milestone for the construction of the Jakarta-Bandung HSR. It was also the first time that high-speed trains made in China were exported to another country.
Designed and manufactured by CRRC Qingdao Sifang Co. Ltd. with the advanced technology of the Fuxing bullet train, the high-speed EMU (Electric Multiple Units) and CIT (Comprehensive Inspection Train) trains have a maximum operating speed of 350 km per hour and were designed and manufactured according to Chinese standards.
They were also adapted to the operating environment and line conditions in Indonesia.
Ten more trains are scheduled to be transported from China to Indonesia in batches by early 2023.
The Jakarta-Bandung HSR built with Chinese technology will cut the journey between Jakarta and Bandung, the capital of Indonesia’s West Java province, from more than three hours to around 40 minutes. Enditem
Photo taken on Sept. 1, 2022 shows the a ship, loaded with a high-speed electric passenger train and an inspection train for the Jakarta-Bandung High-Speed Railway (HSR) project, at TanjungPriok Port in Jakarta, Indonesia. (Xinhua/Xu Qin)