Connect with us

Australia / Oceania

ဩစတြေးလျနိုင်ငံတွင် မီးလောင်လေ့ရှိသောရာသီများ ကာကွယ်ရေးအတွက် ဒရုန်းများ အင်အားဖြည့်တင်း

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်တွင် မီးခိုးများဖြင့်ဖုံးကွယ်နေသော Blue Mountain ဧရိယာ၌ တောမီးလောင်ကျွမ်းမှုအခြေအနေအား လေ့လာနေသည့် မီးသတ်နှင့် ကယ်ဆယ်ရေးဝန်ထမ်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံရှိ ပြည်နယ်တစ်ခု၏ အရေးပေါ်ဌာန လက်နက်တိုက်အတွက် မောင်းသူမဲ့ယာဉ် (Drone) အုပ်စုတစ်စုကို အင်အားဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ နယူးဆောက်ဝေးပြည်နယ်၏ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (FRNSW) သည် အနာဂတ် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများနှင့် အခြားအရေးပေါ်အခြေအနေများအတွက် “ကောင်းကင်ထက်မှ မျက်လုံးများ” အဖြစ် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒရုန်းများသည် ယင်းပြည်နယ်ရှိ အရေးပေါ်လုပ်ငန်းဝန်ဆောင်မှုများအတွက် ရင်းနှီးမြှုပ်နှံမှု ဩစတြေးလျဒေါ်လာ ၅.၄ သန်း (အမေရိကန်ဒေါ်လာ ၃.၇ သန်းခန့်) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မီးသတ်သမား ၂၀၀ ခန့်ကိုလည်း ဒရုန်းများကြီးကြပ်မောင်းနှင်ရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

“ဒီဒရုန်းတွေကို ဒေသ ၂၅ ခုထံ ဖြန့်ကျက်ထားမှာဖြစ်ပြီး ကောင်းကင်ထက်က မျက်လုံးဖြစ်တဲ့ FRNSW ဝန်ထမ်းတွေက ပိုမိုကောင်းမွန်တဲ့ မီးငြှိမ်းသတ်မှုတွေဖြစ်စေဖို့ အကူအညီပေးမှာဖြစ်သလို ကျွန်တော်တို့ ရပ်ရွာတွေ ဘေးကင်းစေဖို့ ထိန်းသိမ်းပေးမှာဖြစ်ပါတယ်” ဟု ရေဘေး ပြန်လည်ထူထောင်ရေး၊ အရေးပေါ်လုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး Stephanie Cooke က ဩဂုတ် ၂၃ ရက်က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
Aussie firefighters add drones to kit ahead of fire seasons
SYDNEY, Aug. 24 (Xinhua) — A fleet of drones will be added to the arsenal of one Australian state’s emergency department, Fire and Rescue New South Wales (FRNSW), which will provide “eyes in the sky” for future fire-fighting operations and other emergencies.
The drones are being rolled out as part of a 5.4 million Australian dollars (about 3.7 million U.S. dollars) investment into emergency services in the state. Around 200 fire fighters would be trained to pilot the drones.
“These drones are being deployed to 25 regional areas, giving FRNSW crews an eye in the sky to help them better fight fires and keep our communities safe,” said Minister for Flood Recovery, Emergency Services and Resilience Stephanie Cooke on Tuesday. xhtxs.cn/yYe
Photo 1 : Fire and rescue workers observe the condition of the bushfire in the smoke-shrouded Blue Mountain area, New South Wales, Australia, Dec. 21, 2019. (Xinhua/Bai Xuefei)