Connect with us

Eastern Europe

တရုတ်နိုင်ငံသမ္မတရှီက ပြင်သစ်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် မက်ခရွန်အား ဂုဏ်ပြု

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ်မက်ခရွန်က ပဲရစ်မြို့၌ ဧပြီ ၂၄ ရက်တွင် သမ္မတရွေးကောက်ပွဲပြီးနောက် လူထုစည်းဝေးပွဲတစ်ခု၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အီမန်နျူရယ်မက်ခရွန်အား ပြင်သစ်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဧပြီ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။သဝဏ်လွှာတွင် သမ္မတရှီက ပြီးခဲ့သည့် ငါးနှစ်အတွင်း တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် ဖွံ့ဖြိုးတိုးတက်မှု မြင့်မားသောအဆင့်တစ်ခုကို ထိန်းသိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်ဘက်လုံးသည် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းအောင် ဆက်လက်ဆောင်ရွက်ပြီး COVID-19 ကပ်ရောဂါအား ဘေးချင်းယှဉ်လျက် တိုက်ဖျက်ခဲ့ကြောင်း ၊ နိုင်ငံစုံပါဝင်မှုအား အတူတကွ ထိန်းသိမ်းကာ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုကို တိုးတက်ကောင်းမွန်စေခဲ့ကြောင်း ၊ တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားသစ်များ ဖြည့်သွင်းကာ ကမ္ဘာငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် သာယာဝပြောရေးအတွက် ပံ့ပိုးမှုအသစ်များ ပြုလုပ်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ် ၊ ပြင်သစ် နှစ်နိုင်ငံလုံးသည် လွတ်လပ်စွာနေထိုင်လာသည့် အစဉ်အလာနှင့်အတူ အဓိကနိုင်ငံများ ဖြစ်ကြကြောင်း မှတ်ချက်ပြုကာ ရှီက နိုင်ငံတကာအခြေအနေများသည် နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးသည့် စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသည့်အတွက်ကြောင့် တရုတ်-ပြင်သစ် ဆက်ဆံရေး၏ အားထားယုံကြည်ရပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာမြောက်အရေးပါမှုသည် အစဉ်အမြဲပို၍အရေးပါထင်ရှားလာခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီက ၎င်းအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအား အမြဲတမ်း မဟာဗျူဟာ နှင့် ရေရှည်ရှုထောင့်မှ အမြဲတမ်းရှုမြင်ခဲ့ကြောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံး နှင့် နှစ်နိုင်ငံပြည်သူများအား အကျိုးဖြစ်ထွန်းစေပြီး တရုတ်-ပြင်သစ် ဆက်ဆံရေးအား အဆင့်သစ်သို့ မြှင့်တင်ရန် အတူတကွ လုပ်ဆောင်ကာ လွတ်လပ်မှု ၊ အပြန်အလှန်နားလည်မှု ၊ မြော်မြင်မှု ၊ အပြန်အလှန်အကျိုးအမြတ် နှင့် win-win အကျိုးရလာဒ်များဖြင့် ပုံဖော်ထားသည့် သံတမန်ရေးရာဆက်ဆံရေး ထူထောင်မှု၏ မူလရည်မှန်းချက်အား ထိန်းသိမ်းရန် မက်ခရွန်နှင့်အတူ စဉ်ဆက်မပြတ် လုပ်ဆောင်ရန် အဆင်သင့် ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————–
(Chinese Version)

Xi congratulates Macron on re-election as French president

BEIJING, April 25 (Xinhua) — Chinese President Xi Jinping on Monday sent a congratulatory message to Emmanuel Macron on his re-election as French president.

In his message, Xi said over the past five years, the China-France comprehensive strategic partnership has maintained a high level of development under the guidance of the two heads of state.

The two sides have continued to deepen practical cooperation in various fields, combated the COVID-19 pandemic shoulder to shoulder, jointly upheld multilateralism and improved global governance, injecting new impetus to the development of China-European Union relations and making new contributions to world peace, stability and prosperity, Xi said.

Noting that both China and France are major countries with a tradition of staying independent, Xi said the strategic significance of the sound and stable development of China-France relations has become ever more prominent as the international situation is undergoing profound and complex changes.

Xi said he always views the bilateral ties from a strategic and long-term perspective, and stands ready to continuously work with Macron to uphold the original aspiration of the establishment of the diplomatic relations featuring independence, mutual understanding, foresight, mutual benefit and win-win outcomes, work together to push China-France relations to new heights and bring benefits to the people of the two countries and the rest of the world. ■

Photo – French incumbent President Emmanuel Macron addresses a rally after the presidential runoff in Paris, France, on April 24, 2022. (Xinhua/Gao Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.