Africa & Middle East
တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ် လူသားချင်းစာနာထောက်မှု အကူအညီ တန်ဖိုး ယွမ် သန်း ၅၀ ထောက်ပံ့ပေးမည်
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုဒဏ်ခံရပြီးနောက်တွင် တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် တန်ဖိုး ယွမ် သန်း ၅၀ ထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက စနေနေ့တွင် ပြောကြားခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံသို့ တရုတ်နိုင်ငံ၏ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က အာဖဂန်နစ္စတန်နိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြီးသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း နိုင်ငံ၌ အဆိုးရွားဆုံး ငလျင်တစ်ခုဖြစ်ခဲ့ကြောင်း ၊ ယင်းငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၁,၅၀၀ ကျော်သေဆုံးပြီး အခြား ၂,၀၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် လူနေအိမ်အဆောက်အဦအလုံးပေါင်း ၃,၀၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ရကြောင်း ဝမ်က ဆိုသည်။
ထို့ပြင် သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အကူအညီများထဲတွင် အာဖဂန်ပြည်သူများလိုအပ်နေသည့် ယာယီအမိုးအကာတဲများ ၊ မျက်နှာသုတ်ပါဝါများ ၊ ခေါက်မွေ့ယာများ နှင့် အခြားသော အရေးပေါ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယင်းအကူအညီပထမအသုတ်ကို လာမည့် ဇွန် ၂၇ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် တင်ပို့ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
နောက်တဆင့်အနေဖြင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို တက်နိုင်သမျှ အမြန်ဆုံး လိုအပ်သူများလက်ထဲသို့ ပေးပို့နိုင်ရန် နှင့် အာဖဂန်ပြည်သူများ လက်တလောကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီပေးရန် အတွက် တရုတ်နိုင်ငံအနေဖြင့် အာဖဂန်ယာယီအစိုးရနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ် ကပြောကြားခဲ့သည်။
“ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အာဖဂန်ယာယီအစိုးရနဲ့ နယ်ပယ်မျိုးစုံက ပြည်သူတွေရဲ့ ခိုင်မာတဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသက လူတွေအနေနဲ့ အမြန်ဆုံးပြန်လည် နလံထူဖို့ ၊ သူတို့ရဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်ရာမှာ အရှိန်မြှင့်တင်ဖို့ နဲ့ ပုံမှန်နေထိုင်မှုဘဝကို ပြန်ရဖို့ ကို ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)
——————————
(English Version)
China to provide 50 million yuan of emergency humanitarian assistance to Afghanistan
BEIJING, June 25 (Xinhua) — After the earthquake disaster in Afghanistan, the Chinese government has decided to provide 50 million yuan (about 7.46 million U.S. dollars) of emergency humanitarian assistance to Afghanistan, a Chinese Foreign Ministry spokesperson said on Saturday.
Spokesperson Wang Wenbin made the remarks in response to a query on the progress of China’s emergency humanitarian assistance to Afghanistan.
The earthquake that struck Afghanistan Wednesday is the most serious to hit the country in more than 20 years. It has caused at least 1,500 deaths and more than 2,000 injuries, and destroyed more than 3,000 houses, Wang said. The number of casualties continues to rise.
Aid provided by China will include tents, towels, folding beds and other materials urgently needed by the Afghan people, he said. The first batch of aid is scheduled to be shipped by charter flight on June 27.
In the next step, China will coordinate closely with the Afghan interim government to ensure that relief supplies are delivered to those in need as soon as possible, and to help the Afghan people tide over their current difficulties, Wang said.
“We firmly believe that with the concerted efforts of the Afghan interim government and people from all walks of life, and with the help of the international community, the people in the affected areas will be able to prevail over this blow at an early date, accelerate the reconstruction of their homes and resume normal production and life,” he added.
Photo- Photo taken on June 23, 2022 shows survivors from an earthquake in Paktika province, Afghanistan. (Photo by Saifurahman Safi/Xinhua)