Connect with us

Politics, Law & Military

အမိမြေ၏ မဆုတ်မနစ်သော အားပေးထောက်ခံမှုဖြင့် တွန်းအားပေးခဲ့သည့် ဟောင်ကောင်၏ အောင်မြင်မှုများ

တရုတ်နိုငံတောင်ပိုင်း ဟောင်ကောင်ဒေသရှိ Victoria ဆိပ်ကမ်း၌ ညမီးရောင်စုံ မြင်ကွင်းအား ဇွန် ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

အမိမြေ၏ ခိုင်မာသောအားပေးထောက်ခံမှုဖြင့် ဟောင်ကောင်သည် ပြီးခဲ့သော ၂၅ နှစ်အတွင်း အန္တရာယ်များအား ဖယ်ရှားခဲ့ပြီး စိန်ခေါ်မှုများအား ကျော်လွှားလွန်မြောက်ခဲ့ကာ ချမ်းသာဝပြောခြင်း နှင့် တည်ငြိမ်ခြင်းကို ထိန်းသိမ်းခဲ့ကြောင်း ၊ “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး”မူသည် လက်တွေ့ နှင့် အချိန်၏ စမ်းသပ်မှုအား ကြံ့ကြံ့ခံရပ်တည်ခဲ့သည်ကို ထင်ရှားစေကြောင်း သိရသည်။၁၉၉၇ ခုနှစ်တွင် အမိမြေသို့ ပြန်လည်ရောက်ရှိချိန်မှစတင်ကာ ဟောင်ကောင်သည် တိုးတက်လာခဲ့ပြီး နိုင်ငံ၏ ကျန်သည့် အစိတ်အပိုင်းများနှင့်အတူ ကြီးပွားအောင်မြင်ခဲ့ကာ ဟောင်ကောင်ပြည်သူများ နှင့် ပြည်မကြီးရှိ ပြည်သူများသည် စည်းလုံးညီညွတ်ပြီး အတူတကွတိုးတက်မှုတွင် ရှိနေကြောင်း သိရသည်။

တရုတ်နိုငံတောင်ပိုင်း ဟောင်ကောင်ဒေသရှိ Victoria ဆိပ်ကမ်း၌ နံနက်ခင်းအချိန်တွင် ပြေးလွှားလေ့ကျင့်ခန်း ပြုလုပ်နေသူတစ်ဦးအား မေ ၃၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် ဟောင်ကောင်ကို ကူညီခြင်း

၂၀၁၉ ခုနှစ် ဝရုန်းသုန်းကားအခြေအနေအား ပြန်လည်ပြောကြားကာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ဥပဒေပြုကောင်စီဝင်တစ်ဦး ဖြစ်သူ Kenneth Fok Kai-kong က နိုင်ငံအကူအညီမပါဘဲ ဟောင်ကောင် မည်ကဲ့သို့ ဖြစ်လာမည်ကို ၎င်းအနေဖြင့် တွေးဆ၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။

ဗဟိုတာဝန်ရှိသူများ လုပ်ဆောင်ခဲ့သည့် ဆက်တိုက်အရေးကြီးခြေလှမ်းများက ဟောင်ကောင်အား ပရမ်းပတာဖြစ်ခြင်းမှ စီစဉ်တကျအဖြစ်သို့ အဓိကအသွင်ကူးပြောင်းမှုတစ်ခု ရရှိရေးအတွက် စတင်လုပ်ဆောင်စေခဲ့ပြီး ကောင်းမွန်သော အုပ်ချုပ်မှု၏ အခန်းကဏ္ဍအသစ်တစ်ခုအတွင်းသို့ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုငံတောင်ပိုင်း ဟောင်ကောင်ဒေသရှိ Victoria ဆိပ်ကမ်း၌ ညမြင်ကွင်းအား ဧပြီ ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းအစီအမံများတွင် ဟောင်ကောင်ရှိ အမျိုးသားလုံခြုံရေးဥပဒေအား ထုတ်ပြန်ခြင်း ၊ ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ် တိုးတက်ခြင်း နှင့် “ဟောင်ကောင်ကို အုပ်ချုပ်သည့် မျိုးချစ်ပုဂ္ဂိုလ်များ”မူအား အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းခြင်းသည် လူ့အဖွဲ့အစည်းအား တည်ငြိမ်မှုကို ပြန်လည်ဖြစ်ပေါ်စေခဲ့ပြီး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ထားသည့် ရွေးကောက်ပွဲစနစ်သည် ဟောင်ကောင်နှင့်ပတ်သက်၍ အမှန်တကယ်အရေးစိုက်သူများကို ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအား ဖြည့်ဆည်းပံ့ပိုးမှု ဖြစ်စေခဲ့ကြောင်း Fok က ပြောကြားခဲ့သည်။

တရုတ်နိုငံတောင်ပိုင်း ဟောင်ကောင်ဒေသ Victoria ဆိပ်ကမ်းအနီးရှိ Stars ရိပ်သာလမ်းသို့ လာရောက်လည်ပတ်ကြသူများအား မေ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဥပမာအနေဖြင့် ဟောင်ကောင်၌ အမျိုးသားလုံခြုံရေးဥပဒေ အကောင်အထည်ဖော်ပြီးချိန်မှစတင်ကာ ဟောင်ကောင်၌ စတော့ဈေးကွက်များမှတစ်ဆင့် မြင့်တက်လာခဲ့သည့် ရန်ပုံငွေသည် ဟောင်ကောင်ဒေါ်လာ ၆၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၈၁ ဘီလီယံ)ကျော်လွန်သွားခဲ့ပြီး ဥပဒေပြဌာန်းခြင်းမပြုမီ ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်။ ဟောင်ကောင်စတော့များ၏ ပျမ်းမျှနေ့စဉ်လည်ပတ်မှုသည် ဥပဒေ အတည်ပြုခြင်း မတိုင်မီ ၁၂ လတာကာလကထက် ၆၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၁၅၀ (အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၁၁ ဘီလီယံ) ရှိလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၂၅ နှစ်အတွင်း ဟောင်ကောင်သည် အာရှဘဏ္ဍာရေးအကျပ်အတည်း ၊ SARS ကူးစက်ရောဂါ ၊ နိုင်ငံတကာဘဏ္ဍာရေးအကျပ်အတည်း နှင့် COVID-19 ကပ်ရောဂါ အပါအဝင် စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ ဟောင်ကောင်သည် အခက်အခဲများအား ကြုံတွေ့ရသည့်အခါတိုင်း အမိမြေသည် အစွမ်းကုန်အားပေးထောက်ပံ့မှုပေးအပ်ရန် အဆင့်သင့်ရှိနေသည်ဟု ဆိုသည်။

အမျိုးမျိုးသောပြဿနာများအား ဖြေရှင်းရာတွင် ဟောင်ကောင်၏ အကြီးမားဆုံးသော ခွန်အားအဖြစ် နိုင်ငံ၏ အားပေးထောက်ခံမှုကို မှတ်ယူကာ HKSAR ၏ အသစ်ဆဌမသက်တမ်းအုပ်ချုပ်ရေးမှူး ဂျွန်လီက ဟောင်ကောင်သည် အမိမြေ၏ ကျောထောက်နောက်ခံမရှိဘဲ စိန်ခေါ်မှုများအား ကျော်လွှားနိုင်မည် မဟုတ်ဘဲ တိုးတက်မှုများ ရရှိနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဟောင်ကောင်ကို ထောက်ပံ့ခြင်း

ဟောင်ကောင်မှ တိုးပွားလာသော လူငယ်အရေအတွက်သည် ကွမ်တုံ-ဟောင်ကောင်-မကာအို Greater Bay Area ဖွံ့ဖြိုးတိုးတက်မှုသည် အခွင့်အလမ်းအသစ်များဖြစ်ပေါ်စေကာ စီးပွားရေးစွမ်းဆောင်နိုင်သော မျှော်လင့်ချက်များအတွက် ပြည်မကြီးသို့ လှည့်လာနေကြသည်။

Mark Mak Hin-yu သည် ထိုကဲ့သို့သော လူငယ်ဟောင်ကောင်စီးပွားရေးစွမ်းဆောင်ရှင်များထဲတွင် ပါဝင်သည်။ ၎င်းသည် စက်ရုပ်ထုတ်ကုန်များ တီထွင်ထုတ်လုပ်ခြင်းအား အထူးပြုသည့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခု၏ ပူးတွဲတည်ထောင်သူ ဖြစ်သည်။ ၎င်းတို့သည် ကွန်ပြူတာစက်ပိုင်းဆိုင်ရာကိရိယာ တပ်ဆင်ခြင်း နှင့် နည်းပညာစမ်းသပ်ခြင်း အပါအဝင် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု အစိတ်အပိုင်းအား ပြည်မကြီးသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ အားအကောင်းဆုံးစီးပွါးရေးရာတက်ကြွမှုအဖြစ် ဂုဏ်ယူနိုင်သည့် အပွင့်လင်းဆုံးဒေသများအနက် တစ်ခုဖြစ်သည့် Greater Bay Area သည် ဆန်းသစ်တီထွင်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ခြားနားသိသာစေသော ပထဝီဝင်အရေးသာမှုများ နှင့် တက်ကြွမှုတို့ဖြင့် နိုင်ငံ၏ စီးပွားရေးရာဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုက ပါဝင်ကြောင်း သိရသည်။

ဟောင်ကောင်ရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း ၊ ဟောင်ကောင်ရှိ ပင်ကိုစွမ်းရည် ၊ ငွေအရင်းအနှီး ၊ ကုန်ပစ္စည်းများ ၊ နည်းပညာ ၊ သတင်းအချက်အလက် အပါအဝင် ထုတ်လုပ်မှုအခြေခံအကြောင်းများ၏ စီးဆင်းမှုအား အားပေးလှုံဆော်ခြင်း ၊ စက်မှုလုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံအား တိုးတက်ကောင်းမွန်လာခြင်း နှင့် စီးပွားရေးရာ ချမ်းသာကြွယ်ဝခြင်းအား မြှင့်တင်ခြင်းတို့တွင် ဦးဆောင်ခဲ့ကြောင်း China Merchants Port Holdings ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Yim Kong က ပြောကြားခဲ့သည်။

အမိမြေ၏ အားပေးထောက်ခံမှုဖြင့် ဟောင်ကောင်သည် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း နိုင်ငံတကာ ဘဏ္ဍာရေးစင်တာတစ်ခုအဖြစ် ၎င်းတို့၏ အခြေအနေအား ပေါင်းစည်းခဲ့သည်။ ဟောင်ကောင်ရှိ စာရင်းဝင်ကုမ္ပဏီများအားလုံးအနက် ထက်ဝက်ကျော်သည် ပြည်မကြီးမှ ဖြစ်ကာ ဈေးကွက်မတည်ပေးခြင်း၏ ၈၀ ရာခိုင်နှုန်းခန့်အား ပံ့ပိုးပေးနေသည်။ ဟောင်ကောင်သည် ကမ္ဘာ့အကြီးဆုံး ပြည်ပထွက်ခွာ ယွမ်(RMB) ဝန်ဆောင်မှုစင်တာ ဖြစ်လာခဲ့ပြီး ကမ္ဘာ့ ပြည်ပထွက်ခွာ RMB ပေးချေမှုများ၏ ၇၀ ရာခိုင်နှုန်းကျော်အား ကိုင်တွယ်နေကြောင်း သိရသည်။

ဟောင်ကောင်သည် တည်ငြိမ်မှု နှင့် ချမ်းသာကြွယ်ဝမှုအား ထိန်းသိမ်းခဲ့ကြောင်း HKSAR အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောကြားခဲ့ပြီး နိုင်ငံတကာဘဏ္ဍာရေး ၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်း နှင့် ကုန်သွယ်ရေးစင်တာ အဖြစ် ၎င်းတို့၏ အခြေအနေကို အားကောင်းလာခဲ့ပြီး ဆန်းသစ်တီထွင်မှု နှင့် နည်းပညာသာမက ယဉ်ကျေးမှု နှင့် အနုပညာတို့တွင် တက်ကြွသော ဖွံ့ဖြိုးတိုးတက်မှုများအား တွေ့မြင်ရကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ဟောင်ကောင်မှာ တစ်နိုင်ငံ စနစ်နှစ်မျိုး မူကျင့်သုံးခြင်းက အောင်မြင်တာကို သက်သေပြခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အခွင့်အလမ်းများအား လက်ခံရယူရန် ဟောင်ကောင်ကို အားပေးတိုက်တွန်းခြင်း
ဗဟိုအစိုးရအား ကျေးဇူးတင်ကြောင်း ဖော်ပြကာ ဟောင်ကောင်မိန်းကလေးတစ်ဦးက လက်ရေးဖြင့် တရုတ်ဘာသာ ကျေးဇူးတင်လွှာတစ်စောင်ရေးသားခဲ့သည်။

“ကျွန်မတို့ကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ ထုတ်လုပ်ပေးတဲ့အတွက် အမိမြေကို ကျေးဇူးတင်ပါတယ်။ကျွန်မမိသားစုအကုန်လုံး ကာကွယ်ဆေး ထိုးပြီးသွားပါပြီ ။ အချိန်မီ COVID-19 ကာကွယ်ရေးအသုံးအဆောင်တွေ လက်ခံရရှိခဲ့ပါတယ်။”ဟူ၍ ရိုးရှင်းသည့်ပြုမူပုံနှင့် ၎င်း၏ ခံစားချက်ကို ထုတ်ဖော်ရေးသားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဟောင်ကောင်၌ COVID-19 ရောဂါကူးစက်မှု ပဥ္စမလှိုင်းအတွင်း ဗဟိုအစိုးရသည် ဟောင်ကောင်၏ ဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးအတွက် အလျှင်အမြန် ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည်။ ဖြစ်နိုင်သမျှ အတိုတောင်းဆုံး အချိန်အတွင်း ယာယီဆေးရုံများ တည်ဆောက်ခြင်းအား ကူညီပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့များ စေလွှတ်ခဲ့ကာ ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများအား ပမာဏအများအပြား ပေးအပ်ခဲ့ကြောင်း နှင့် နေ့စဉ်သုံးပစ္စည်းများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြည်မကြီး၌ နေထိုင်လုပ်ကိုင်ကြသည့် ဟောင်ကောင်ပြည်သူများအတွက် လူနေမှုပိုမိုအဆင်ပြေရေး မူဝါဒများဆက်တိုက် ချမှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဟောင်ကောင်ရှိ အရည်အချင်းပြည့်မီသူများသည် အလုပ်လုပ်ရန် အခွင့်အရေးများအား ရရှိရေး ခွင့်ပြုပေးခြင်း ၊ လူမှုဖူလုံရေး နှင့် အိမ်ရာပံ့ပိုးပေးသည့် ရန်ပုံငွေ အပြင် ပညာရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ယဉ်ကျေးမှု နှင့် အားကစားဝန်ဆောင်မှုအပါအဝင် အများပြည်သူဝန်ဆောင်မှုများ ဖြစ်သည့် နေထိုင်ခွင့်အတွက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း(၂၀၂၁-၂၀၂၅)သည် ဟောင်ကောင်အား ဆန်းသစ်တီထွင်မှု နှင့် နည်းပညာအတွက် နိုင်ငံတကာစင်တာတစ်ခု ၊ နိုင်ငံတကာဥပဒေရေးရာ နှင့် အငြင်းပွားမှုဖြေရှင်းရေး ဝန်ဆောင်မှုများအတွက် အာရှ-ပစိဖိတ်ဒေသတွင်း စင်တာတစ်ခု ၊ ဥာဏပစ္စည်းဆိုင်ရာကုန်သွယ်မှုအတွက် ဒေသတွင်းစင်တာတစ်ခု နှင့် အခြားနိုင်ငံများနှင့် ယဉ်ကျေးမှု နှင့် အနုပညာဖလှယ်မှုများအတွက် စင်တာတစ်ခုအဖြစ် ၎င်းတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လာစေရေး ပံ့ပိုးပေးထားကြောင်း သိရသည်။

HKSAR အုပ်ချုပ်ရေးမှူးအသစ် ဂျွန်လီက ဟောင်ကောင်သည် ရှေ့သို့ဆက်တိုးနေချိန်တွင် ၎င်းတို့၏ ကိုယ်ပိုင် အရေးသာမှုများအား အပြည့်အဝပါဝင်ပေးသင့်ပြီး နိုင်ငံတကာ ယှဉ်ပြိုင်နိုင်အားကို မြှင့်တင်ကာ နိုင်ငံ၏ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုအတွင်းသို့ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းသင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

—————————–
(English Version)
(HKSAR 25) Hong Kong’s successes propelled by motherland’s unwavering support
Source: Xinhua Editor: huaxia 2022-06-27 01:08:15

A series of vital steps taken by the central authorities have enabled Hong Kong to achieve a major transition from chaos to order, and usher in a new chapter of good governance.
HONG KONG, June 26 (Xinhua) — With the solid support of the motherland, Hong Kong has defused risks, weathered challenges and maintained prosperity and stability over the past 25 years, demonstrating that the “one country, two systems” principle has stood the test of practice and time.
Since its return to the motherland in 1997, Hong Kong has progressed and prospered alongside the rest of the country, with Hong Kong compatriots and people in the mainland standing in solidarity and advancing together.
HELPING HK TO TACKLE CHALLENGES
Recalling the turmoil of 2019, Kenneth Fok Kai-kong, a member of the Legislative Council of the Hong Kong Special Administrative Region (HKSAR), said that he could not imagine what Hong Kong would be like without the help of the country.
A series of vital steps taken by the central authorities have enabled Hong Kong to achieve a major transition from chaos to order, and usher in a new chapter of good governance.
These measures included the enactment of the national security law in Hong Kong, the improvement of Hong Kong’s electoral system, and the implementation of the “patriots administering Hong Kong” principle.
The enforcement of the national security law in Hong Kong has brought stability back to society, and the improved electoral system has enabled those who truly care about Hong Kong to contribute to its development, Fok said.
For example, since the implementation of the national security law in Hong Kong, funds raised through initial public offerings in Hong Kong have exceeded 650 billion Hong Kong dollars (82.81 billion U.S. dollars), an increase of over 30 percent compared with the same period before the law was enforced. The average daily turnover of Hong Kong stocks has jumped almost 60 percent from the 12-month period preceding the law’s enforcement, reaching 150 billion Hong Kong dollars (19.11 billion U.S. dollars).
In the past 25 years, Hong Kong has faced many challenges, including the Asian financial crisis, the SARS epidemic, the international financial crisis and the COVID-19 pandemic. Whenever Hong Kong encounters difficulties, the motherland stands ready to offer its utmost support.
Deeming the country’s support as Hong Kong’s greatest strength in solving various problems, the incoming sixth-term chief executive of the HKSAR John Lee said that Hong Kong could not have overcome challenges and achieved progress without the backing of the motherland.
BACKING HK TO BOOST DEVELOPMENT
A growing number of young people from Hong Kong are turning to the mainland for entrepreneurial prospects, as the development of the Guangdong-Hong Kong-Macao Greater Bay Area has brought about new opportunities.
Mark Mak Hin-yu is among such young Hong Kong entrepreneurs. He is the co-founder of a Hong Kong-headquartered company that specializes in developing robotic products. They have transferred part of their operations, including hardware assembly and technical testing, to the mainland.
One of the most open regions that boast the strongest economic vitality in China, the Greater Bay Area plays a critical role in driving the country’s economic development with its distinctive geographical advantages and strengths in innovation and cooperation.
The Chinese enterprises in Hong Kong have taken the lead in participating in joint construction of the Belt and Road, spurring the flow of production factors including talent, capital, goods, technology, information in Hong Kong, improving its industrial structure and boosting its economic prosperity, said Yim Kong, managing director of China Merchants Port Holdings Company Limited.
With the support of the motherland, Hong Kong has consolidated its status as an international financial center over the past 25 years. Among all listed firms in Hong Kong, more than half are from the mainland, contributing about 80 percent of market capitalization. Hong Kong has become the world’s largest offshore renminbi (RMB) business center, handling more than 70 percent of global offshore RMB payments.
Hong Kong has maintained stability and prosperity, HKSAR Chief Executive Carrie Lam said, adding that it has strengthened its status as an international financial, shipping and trade center and seen vigorous development in innovation and technology, as well as in culture and arts.
“The practice of the ‘one country, two systems’ principle in Hong Kong over the past 25 years has proved successful,” she said.
ENCOURAGING HK TO EMBRACE OPPORTUNITIES
Expressing her gratitude to the central government, a Hong Kong girl made a handwritten thank-you note in Chinese.
She expressed her feeling in a simple way with the words — “Thanks to the motherland for developing vaccines to protect us. My whole family has been vaccinated and has received COVID-19 prevention kits in time.”
During the fifth wave of COVID-19 infections in Hong Kong earlier this year, the central government extended speedy support for Hong Kong’s fight against the virus. It helped build temporary hospitals in the shortest possible time, dispatched teams of medical experts, offered a large quantity of anti-epidemic supplies, and ensured the supply of daily necessities.
Over the past few years, a series of policies have been introduced to make life more convenient for Hong Kong people living and working in the mainland. Since September 2018, eligible people from Hong Kong have been able to apply for residence permits, which grant them access to the rights to work, social security and housing provident fund, as well as public services including education, healthcare, cultural and sports services.
Notably, the country’s 14th Five-Year Plan (2021-2025) supports Hong Kong in developing itself into an international center for innovation and technology, a center in the Asia-Pacific region for international legal and dispute resolution services, a regional center for intellectual property trade, and a center for cultural and art exchanges with other countries.
The incoming HKSAR chief executive Lee said that Hong Kong, while forging ahead, should give full play to its own advantages, enhance its international competitiveness, and better integrate into the country’s overall development. ■
Photo 1 – Photo taken on June 22, 2022 shows the night view at the Victoria Harbor in Hong Kong, south China. This year marks the 25th anniversary of Hong Kong’s return to the motherland. (Xinhua/Lui Siu Wai)
Photo 2 – A man jogs in the morning by the Victoria Harbor in Hong Kong, south China, May 31, 2022. This year marks the 25th anniversary of Hong Kong’s return to the motherland. (Xinhua/Li Gang)
Photo 3 – Photo taken on April 23, 2022 shows the night view at the Victoria Harbor in Hong Kong, south China. This year marks the 25th anniversary of Hong Kong’s return to the motherland. (Xinhua/Li Gang)
Photo 4 – People visit the Avenue of Stars by the Victoria Harbor in Hong Kong, south China, May 18, 2022. This year marks the 25th anniversary of Hong Kong’s return to the motherland. (Xinhua/Lo Ping Fai)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.