Connect with us

Europe

ရုရှားမှ ဓာတ်ငွေ့ဖြတ်တောက်မှုအတွက် အီးယူပြင်ဆင်ထားဟု von der Leyen ပြော

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဂတ်စ်မီးဖိုဖွင့်ထားသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများထံ ရုရှားနိုင်ငံက ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဧပြီ ၂၇ ရက်က ပြောကြားခဲ့သည်။

ရုရှား ဓာတ်ငွေ့ ပေးပို့ရေး Gazprom က အီးယူအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော ပိုလန်နိုင်ငံနှင့် ဘူလ်ဂေးရီးယားနိုင်ငံက “ရူဘယ်လ်ငွေကြေးဖြင့် ပေးချေရန်ပျက်ကွက်မှု” ကြောင့် ဓာတ်ငွေ့တင်ပို့ခြင်းများကို အပြည့်အဝရပ်ဆိုင်းကြောင်း ဧပြီ ၂၇ ရက် အစောပိုင်းက ကြေညာခဲ့သည်။

Gazprom ၏ ကြေညာချက်ကို တုံ့ပြန်သော ထုတ်ပြန်ချက်တွင် von der Leyen က ရုရှား-ယူကရိန်း ပဋိပက္ခအခြေအနေတွင် “ရုရှားက ဓာတ်ငွေ့ကို ခြိမ်းခြောက်အကျပ်ကိုင်မှုအဖြစ် အသုံးပြုရန် နောက်ထပ်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ရုရှားနိုင်ငံက “ချစ်ကြည်ရင်းနှီးမှုမရှိသောနိုင်ငံများ” နှင့် ဓာတ်ငွေ့စာချုပ်များချုပ်ဆိုရာတွင် ရူဘယ်လ်ငွေကြေးဖြင့် ပေးချေရန် မတ် ၂၃ ရက်၌ သမ္မတ ဗလာတီမာ ပူတင်က တောင်းဆိုခဲ့သည်။

“ကျွန်မတို့အနေနဲ့ အခြားသောနည်းလမ်းတွေနဲ့ ဓာတ်ငွေ့ဝယ်ယူရေးနဲ့ အီးယူတစ်ခွင် အကောင်းဆုံးဖြစ်နိုင်မယ် သိုလှောင်မှုအဆင့်တွေကို လုပ်ဆောင်နေကြောင်း” နှင့် ဓာတ်ငွေ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းမှုရှိသော အီးယူတုံ့ပြန်မှု အသေးစိတ်စီစဉ်ရေး အစည်းအဝေးပြုလုပ်လျက်ရှိကြောင်း von der Leyen က ပြောခဲ့သည်။

ရုရှား၏ ဓာတ်ငွေ့နှင့် ရေနံကို မြင့်မားစွာအမှီပြုနေရသော အီးယူသည် မတ် ၈ ရက်က REPowerEU အစီအစဉ်မှတစ်ဆင့် စွမ်းအင်ပံ့ပိုးမှု အစားထိုးနည်းလမ်းကို ရှာဖွေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အီးယူအနေဖြင့် အမေရိကန်နိုင်ငံနှင့် ၂၀၂၂ ခုနှစ်အတွက် အနည်းဆုံး liquified natural gas (LNG) ကုဗမီတာ ၁၅ ဘီလီယံအားလည်းကောင်း၊ အနည်းဆုံး ၂၀၃၀ ပြည့်နှစ်တိုင်အောင် LNG ကုဗမီတာ ၅၀ ဘီလီယံအားလည်းကောင်း ထပ်တိုးဝယ်ယူရေး ပေးချေရန် မတ် ၂၅ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

ထို့ပြင် အီးယူသည် ဇီဝရုပ်ကြွင်းလောင်စာမှ လျှော့ချရန်နှင့် စွမ်းအင်ထိရောက်မှု မြှင့်တင်ရန် အစိမ်းရောင် အသွင်ကူးပြောင်းရေး အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

…………………………………….
(English Version)
EU prepared for Russian gas cut-off: von der Leyen
Source: XinhuaEditor: huaxia2022-04-28 00:46:16
BRUSSELS, April 27 (Xinhua) — The European Union (EU) is ready to face the suspension of Russian gas deliveries to its member states, said European Commission President Ursula von der Leyen on Wednesday.

The Russian gas supplier Gazprom announced earlier Wednesday that it was fully stopping its gas deliveries to Poland and Bulgaria, due to the two EU member states’ “failure to pay in rubles.”

In a statement reacting to Gazprom’s announcement, von der Leyen called the move “another attempt by Russia to use gas as an instrument of blackmail” in the context of the Russia-Ukraine conflict.

Russian President Vladimir Putin demanded on March 23 that Russia’s current gas contracts with “unfriendly countries” should be paid in rubles.

“We have been working to ensure alternative deliveries and the best possible storage levels across the EU,” and the gas coordination group is meeting in order to map out a coordinated EU response, said von der Leyen.

The EU, highly dependent on Russian gas and oil, has been working on finding alternative energy supplies through its REPowerEU plan launched on March 8. The bloc agreed with the United States on March 25 that it would purchase an additional at least 15 billion cubic meters of liquified natural gas (LNG) for 2022, and 50 billion cubic meters of LNG per annum until at least 2030.

The bloc is also accelerating its green transition to wean itself from fossil fuels and to increase energy efficiency. ■
Photo : Photo taken on March 10, 2022 shows burning rings on a gas cooker in London, Britain. (Xinhua/Li Ying)