Asia
ကမ္ဘောဒီးယားဝန်ကြီးချုပ်က နိုင်ငံ၏ အခြေခံအဆောက်အအုံ ၊ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကူညီထောက်ပံ့သူ တရုတ်နိုင်ငံအား ချီးကျူး
ဖနွမ်းပင် ၊ မေ ၂၉ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံသည် အဓိကကူညီထောက်ပံ့သူဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာညှိနှိုင်းဆွေးနွေးပွဲသို့ ရုပ်သံလင့်ခ်မှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်းတွင် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ၌ ကီလိုမီတာ ၃,၀၀၀ ကျော်ရှိသည့် နိုင်ငံတော်အဆင့်လမ်းများနှင့် အကြီးစား မြစ်ကူးတံတားကြီး ၈ စင်းအား တရုတ်နိုင်ငံ၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံခဲ့သည့် ရေအားလျှပ်စစ်စက်ရုံများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားအာမခံချက်ရှိစေရေးအတွက် အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ဖနွမ်းပင်-သီဟာနုဗီလီ အမြန်လမ်းစီမံကိန်းသည် အမြန်လမ်းကို အသုံးပြုသည့်အခါတွင် စီးပွားရေးတိုးတက်မှုအား မြင့်တင်ကူညီပေးရာတွင် အလွန်အရေးပါသောအခန်းကဏ္ဍက ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ပမာဏပေါင်း ၁,၃၂၈ မဂ္ဂါဝပ် ရှိသည့် တရုတ်နိုင်ငံက တည်ဆောက်ထားသည့် ရေအားလျှပ်စစ်စက်ရုံ ၇ ရုံရှိကြောင်း သိရသည်။
ကမ္ဘောဒီးယား ပြည်သူ့လုပ်ငန်း နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vasim Sorya က တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့သည့် အခြေခံအဆောက်အအုံစီမံကိန်းများသည် သယ်ယူပို့ဆောင်ရေးအကျိုးဖြစ်မြောက် နိုင်မှုအား မြှင့်တင်ခြင်း ၊ အချိန်နှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အား လျှော့ချခြင်း ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ယှဉ်ပြိုင်နိုင်အားကို တိုးတက်ကောင်းမွန်လာခြင်း နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား
ဆွဲဆောင်ခြင်းတို့တွင် အဓိကအခန်းကဏ္ဍက ပါဝင်ကြောင်း ပြောကြားခဲ့သည်။
“သယ်ယူပို့ဆောင်ရေးကဏ္ဍက စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့ အလွန်အထောက်အကူဖြစ်စေပါတယ်။”ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံရဲ့ ငွေကြေးအကူအညီနဲ့အတူ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ၊ ခရီးသွားလုပ်ငန်းတွေ နဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးဖို့ လမ်းအခြေခံအဆောက်အအုံတွေ မွမ်းမံတည်ဆောက်ရေးအတွက် ကျွန်တော်တို့ စွမ်းဆောင်နိုင်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက်အောက်တွင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ နှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင် လမ်းများ ၊ တံတားများ နှင့် အခြားအရေးပါသောအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအား ကူညီပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Vasim Sorya က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့တဲ့ စီမံကိန်းတွေက ကျွန်တော်တို့ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်းတွေကို ကူညီမြှင့်တင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားထောက်ပံ့ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ Sin Chanthy က တရုတ်နိုင်ငံ၏ ငွေကြေးကူညီထောက်ပံ့မှုသည် မြို့ပြ နှင့် ကျေးလက်ဒေသများအား ချိတ်ဆက်ရုံသာမက လယ်ယာများ နှင့် ဈေးကွက်များအား ချိတ်ဆက်ရာတွင် ကမ္ဘောဒီးယားပြည်သူများအား ကြီးကြီးမားမား ကူညီပေးခဲ့ကြောင်း သဘောတူခဲ့သည်။
“အဲဒါအပြင် ကမ္ဘောဒီးယားနိုင်ငံကို ထိုင်း ၊ ဗီယက်နမ် ၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ဖို့ ကူညီပေးခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ “ခြုံငုံပြောရရင် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကူညီပေးဖို့အတွက် အဓိကကျတဲ့လိုအပ်ချက် ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ ထောက်ပံ့ပို့ဆောင်ရေး နှင့် ထောက်ပံ့ရေးကွင်းဆက်လုပ်ငန်းအသင်း၏ ဥက္ကဋ္ဌ Chea Chandara က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံရှိ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော ကူညီပံ့ပိုးပေးသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေက စီးပွားရေးတိုးတက်မှု နဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးကြီးမားမား ပံ့ပိုးပေးခဲ့ပါတယ်။”ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ ၂ ဘီလီယံကုန်ကျမှုရှိသော ဖနွမ်းပင်-သီဟာနုဗီလီ အမြန်လမ်းနှင့်ပတ်သက်၍ ပြောကြားရာတွင် အသင်းဥက္ကဋ္ဌ Chea Chandara က တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံခဲ့သည့် ယင်းအမြန်လမ်းသည် ဖနွမ်းပင်မြို့မှ သီဟာနုဗီလီမြို့ရှိ ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့်အတွက်ကြောင့် နိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားသစ်တစ်ရပ် ဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမြန်လမ်းက ဖနွမ်းပင်မြို့နဲ့ သီဟာနုဗီလီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိပ်ကမ်းအကြား ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေမှာ ဖြစ်ပြီးတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုဖလှယ်ဖို့အတွက် အဓိကလမ်းစတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတွေ ပေးမှာ ဖြစ်တာကြောင့် သံသယဖြစ်စရာ မရှိပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။
ကီလိုမီတာ ၁၉၀ ရှည်လျားသည့် အမြန်လမ်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စမ်းသပ်အသုံးပြုရန်အတွက် အဆင်သင့်ဖြစ်မည်ဟု သိရသည်။ (Xinhua)
————————-
(English Version)
Cambodian PM praises China as key contributor to country’s infrastructure, electricity development
Cambodian Prime Minister Samdech Techo Hun Sen said more than 3,000 km of national roads and eight large-scale river bridges in Cambodia have been built with China’s financial support, adding that Chinese-invested hydropower plants have played a crucial role in securing electricity security in the kingdom.
PHNOM PENH, May 28 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen said here on Friday that China is the major contributor to the development of transport infrastructure and electricity in the Southeast Asian nation.
In a speech delivered via video link to an international conference on the future of Asia, Hun Sen said more than 3,000 km of national roads and eight large-scale river bridges in Cambodia have been built with China’s financial support.
He added that Chinese-invested hydropower plants have played a crucial role in securing electricity security in the kingdom, while the Phnom Penh-Sihanoukville Expressway project will play a vital role in helping boost economic growth when it is put into use.
The kingdom has seven Chinese-built hydropower plants with a combined capacity of 1,328 megawatts.
Vasim Sorya, a spokesman for Cambodia’s Ministry of Public Works and Transport, said China-funded infrastructure projects have played a key role in enhancing transport efficiency, reducing time and transportation cost, improving competitiveness in the logistics sector and attracting foreign investors.
“The transportation sector has greatly contributed to boosting economic growth,” he told Xinhua. “With China’s financial assistance, we are able to build and improve our road infrastructure to better serve our people, tourism and logistics industry.”
Sorya said under the Belt and Road Initiative, China has helped develop roads, bridges and other major infrastructure in Cambodia and other developing countries.
“China-financed infrastructure projects are essential to help boost our socio-economic development and improve our people’s livelihoods,” he said.
Sin Chanthy, president of the Cambodia Logistics Association, agreed that China’s financial support has importantly helped Cambodia connect urban and rural areas as well as farms and markets.
“Moreover, it has helped link Cambodia with its neighboring countries such as Thailand, Vietnam and Laos,” he told Xinhua. “All in all, transport infrastructure is the key element to support economic development and poverty reduction.”
Chea Chandara, president of the Logistics and Supply Chain Business Association in Cambodia, said China is the key supporter for infrastructure development in Cambodia.
“China-backed infrastructure projects have importantly contributed to economic growth and development of the logistics industry,” he told Xinhua.
Speaking of the 2 billion-U.S. dollars Phnom Penh-Sihanoukville Expressway, Chandara said this Chinese-invested road will inject a new impetus into the country’s economic development, as it connects Phnom Penh to the deepwater seaport in Sihanoukville.
“There’s no doubt that the expressway will provide great benefit to our economic development as it will facilitate goods transportation between Phnom Penh and the Sihanoukville Autonomous Port, a major gateway for Cambodia’s trade exchange with other countries,” he said.
The 190-km-long expressway will be ready for trial use in July 2022.■
Photo 1 – Aerial photo taken on Feb. 7, 2022 shows the China-funded stretch of National Road No. 7 in Kratie province, Cambodia. (Photo by Ly Lay/Xinhua)
Photo 2 – Aerial photo taken on March 11, 2021 shows the eighth Cambodia-China Friendship Bridge across the Mekong River, connecting Kampong Cham province and Tboung Khmum province in southeastern Cambodia. (Shanghai Construction Group/Handout via Xinhua)
Photo 3 – Aerial photo taken on Sept. 9, 2021 shows the China-funded Morodok Techo National Stadium in Phnom Penh, Cambodia. (Photo by Chen Gang/Xinhua)
Photo 4 – Photo taken on Dec. 16, 2018 shows the Lower Sesan II hydroelectric power station in Stung Treng province, Cambodia. (Xinhua)