Eastern Europe
ယူကရိန်းသမ္မတ နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့က လုံခြုံရေးကိစ္စများအား ဆွေးနွေး
ကိဗ် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့် လုံခြုံရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။ထိုသို့ဆွေးနွေးရာတွင် ယူကရိန်းနိုင်ငံအား လုံခြုံရေးအကူအညီအနေဖြင့် ပေါင် ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်) နှင့် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးအသစ် ပေါင်သန်း ၁၀၀ (အမေရိကန်ဒေါ်လာသန်း ၁၂၀ ခန့်) ပေးအပ်ရန် မကြာသေးမီက ဆုံးဖြတ်ချက်အတွက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ကျေးဇူးတင်ကြောင်း သမ္မတဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ သမ္မတ နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်များ စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဗြိတိန်နိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးကွန်ဖရင့် လက်ခံကျင်းပရန် ဆန္ဒရှိခြင်းအတွက် ကျေးဇူးတင်ကြောင်းလည်း သမ္မတဇယ်လန်းစကီးက ပြောကြားခဲ့သည်။
စကော့တလန်နှင့် ဝေးလ်တို့ကလည်း ယူကရိန်းအတွက် လုံခြုံရေးအကူအညီ ပေါင်သန်း ၁၀၀ ပမာဏ ခွဲဝေပေးခြင်းအား အတူတကွအတည်ပြုခဲ့ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၄ ရက်တွင် ကြေညာခဲ့သည်။
ဗြိတိန်အနေဖြင့် ယူကရိန်းနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာအကူအညီ နောက်ထပ် ပေါင် ၁ ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ပဋိပက္ခစတင်ချိန်မှစ၍ ပေါင် ၂ ဒသမ ၃ ဘီလီယံကျော် ပံ့ပိုးပေးထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………
(English Version)
Ukrainian president, British PM discuss security issues
Source: Xinhua Editor: huaxia 2022-07-06 05:40:16
The parties also discussed the issues of global food security and security guarantees for Ukraine.
KIEV, July 5 (Xinhua) — Ukrainian President Volodymyr Zelensky tweeted on Tuesday that he had discussed security issues with British Prime Minister Boris Johnson.
At the talks, Zelensky thanked Johnson for the recent decision to provide Ukraine with 1 billion pounds (about 1.2 billion U.S. dollars) in security aid and a new military support package of 100 million pounds (about 120 million U.S. dollars).
The parties also discussed the issues of global food security and security guarantees for Ukraine.
Zelensky also thanked Britain for the willingness to host the next Ukraine Recovery Conference next year.
On July 4, Johnson announced that Scotland and Wales together approved the allocation of security aid for Ukraine worth 100 million pounds.
On June 29, the British government said that London would provide another 1 billion pounds in military aid for Kiev, taking support to more than 2.3 billion pounds since the start of conflict between Ukraine and Russia. ■
Photo – People walk past a damaged building in Donetsk, June 20, 2022. (Photo by Victor/Xinhua)