Connect with us

International Organizations

ဆီးရီးယားနိုင်ငံ ငလျင်ဒဏ်သင့်ပြည်သူများအား အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးလှူဒါန်းရန် ကုလသမဂ္ဂတိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ငလျင်ဒဏ်သင့်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများပေးအပ်ရေး အမေရိကန်ဒေါ်လာ ၃၉၇ သန်း လှူဒါန်းကြရန် နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုက်တွန်းခဲ့သည်။အဆိုပါငွေကြေးများကို ဆီးရီးယား ကပ်ဘေးဒဏ်သင့်ပြည်သူ ၅ သန်းနီးပါးအတွက် အရေးပေါ် ယာယီခိုလှုံရေးစခန်း၊ ကျန်းမာရေးနှင့်ဆေးကုသရေး ၊ စားနပ်ရိက္ခာစသည့် ကူညီကယ်ဆယ်မှုများကို လာမည့် ၃လအတွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ တူရကီ ကပ်ဘေးဒဏ်သင့်ပြည်သူများအတွက် အလားတူ ထောက်ပံ့လှူဒါန်းမှုအစီအစဉ်များသည်လည်း ပြင်ဆင်မှုနောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တူရကီနှင့်ဆီးရီးယားတွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားအကူအညီပေးရန် ကုလသမဂ္ဂ ဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေအဖွဲ့(CERF)က အမေရိကန် ဒေါ်လာ သန်း ၅၀ လျင်မြန်စွာ ချပေးခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် အစွမ်းကုန်ကူညီဆောင်ရွက်ခဲ့သော်လည်း အလွန်တရာများပြားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လိုအပ်မှုများစွာ ရှိနေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်မှုအပြီး သီတင်းပတ် တစ်ပတ်ကျော်ကြာရှိနေချိန်၊ ဆီးရီးယားတွင် သန်းနှင့်ချီသောလူများက အသက်ရှင်နိုင်ရေး ရုန်းကန်နေရဆဲဖြစ်ရာ အိုးမဲ့အိမ်မဲ့ဖြစ်ပွားမှု ၊ အေးခဲသည့်ရာသီဥတု စသည့် ပြဿနာများစွာကို ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

လိုအပ်သောငွေကြေးကို ပံ့ပိုးကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အခြားအလှူရှင်များကို ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။သဘာဝကပ်ဘေးကြောင့် ဖြစ်ပွားရသော ဒုက္ခများ ပို၍မဆိုးဝါးလာစေရန် ကူညီထောက်ပံ့မှုများ ဝင်ရောက်ခြင်း၊ ရန်ပုံငွေစုဆောင်းခြင်းနှင့် ပစ္စည်းထောက်ပံ့ပို့ဆောင်ခြင်းစသည်တို့တွင် အတားအဆီးများမပြုလုပ်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
တူရကီနိုင်ငံ တောင်ပိုင်း ဆီးရီးယားနှင့်ကပ်လျက် နယ်စပ်ဒေသတွင် ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ တူရကီ၊ ဆီးရီးယား နှစ်နိုင်ငံတွင် ပြင်းထန်သော သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။ ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုက လူပေါင်း ၈.၈ သန်းအပေါ် ထိခိုက်မှုရှိခဲ့ပြီး အနောက်မြောက်ပိုင်း ဒေသများ၏ ပျက်စီးဆုံးရှုံးမှုက ပို၍ ဆိုးဝါးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

—————————-
(国际)联合国呼吁捐资近4亿美元援助叙利亚地震受灾民众
新华社联合国2月14日电(记者毛磊)联合国秘书长古特雷斯14日呼吁国际社会捐资3.97亿美元,为叙利亚地震受灾民众提供急需的人道主义救援。
古特雷斯当天对媒体说,这笔资金将用于在未来三个月中为近500万叙利亚受灾民众提供急需的临时庇护、医疗卫生服务以及食品救助等。他表示,针对土耳其受灾民众的类似捐资计划也已进入最后准备阶段。
土耳其和叙利亚地震发生后,联合国中央应急基金共计快速拨款5000万美元用于支持两国的人道主义行动。古特雷斯说,虽然联合国方面已尽其所能,但远不能满足巨大的人道主义需求。地震过去一个多星期,叙利亚当地仍有数百万人在为生存而挣扎,面临无家可归、严寒天气等问题。
古特雷斯敦促联合国会员国和其他捐助方立即行动,提供所需充足资金。他还呼吁,不要在援助准入、资金筹集和物资供应等方面人为制造障碍,避免加剧这场巨大自然灾害给人们造成的苦难。
土耳其南部靠近叙利亚边境地区6日发生强烈地震,给土叙两国造成重大人员伤亡。联合国人道主义事务协调厅14日在一份新闻公报中说,叙利亚880万人口受到地震影响,西北部地区遭受的损害相对更加严重。(完)
1.2月14日,在位于纽约的联合国总部,联合国秘书长古特雷斯发表讲话。