Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမို မြတ်နိုးတန်ဖိုးထားရန် ပြောကြား

ထျန်းကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်က ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ကြောင့်ကြမှုများကြောင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြတ်နိုးတန်ဖိုးထားသင့်ကြောင်း ဇွန် ၂၇ ရက်၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသော Summer Davos ဟုလူသိများသော New Champions ၏ ၁၄ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် လီက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးမျိုးသော ကန့်သတ်ထိန်းချုပ်မှု၊ ဖိနှိပ်မှုများနှင့် မကြာသေးမီနှစ်များအတွင်း ဒေသတွင်း စစ်ပွဲများနှင့် ဒေသဆိုင်ရာ ပဋိပက္ခများက သက်ဆိုင်ရာ ဒေသများရှိ ပြည်သူများကို ကြီးမားသော ဘေးအန္တရာယ်များ သယ်ဆောင်လာရုံသာမက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းများစွာ ထိခိုက်စေခဲ့ကြောင်း လီက ပြောကြားခဲ့သည်။တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ လုံခြုံရေးအကျပ်အတည်းကို ဖြေရှင်းရန် အားတက်သရော ကြိုးပမ်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်ရေးအသိုက်အဝန်းကို ပူးပေါင်းကာကွယ်ရန် လီက တိုက်တွန်းခဲ့သည်။ (Xinhua)

——————————
Peace, stability should be cherished more: premier
TIANJIN, June 27 (Xinhua) — Chinese Premier Li Qiang said Tuesday that peace and stability should be cherished more in the wake of experiencing anxiety caused by conflicts and instability.
Li made the remarks when addressing the opening of the 14th Annual Meeting of the New Champions, also known as the Summer Davos, in north China’s Tianjin Municipality.
Li said that various kinds of containment, repression, and even local wars and regional conflicts in recent years have not only brought huge disasters to people in relevant regions but also caused great damage to world development.
He urged solid efforts to firmly uphold fairness and justice, work hard to solve the security dilemma, and jointly safeguard a peaceful and stable development environment. ■