Connect with us

China

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန် ကမ္ဘာ့ခေါင်းဆောင်များ မျှော်မှန်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားခေါင်းဆောင်များ၊ နိုင်ငံအဆင့် ဆုတံဆိပ်နှင့် နိုင်ငံဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခံရသူများ အဖွဲ့လိုက်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲအထောက်အကူပြုနိုင်ရန် မျှော်လင့်ကြကြောင်း သိရသည်။
လွန်ခဲ့သော ၇၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ ကြီးမားသော တိုးတက်အောင်မြင်မှုများကို ချီးကျူးပြောကြားလျက် ဆာဘီးယားနိုင်ငံ သမ္မတ အလက်ဇန္ဒား ဗူဆစ်က ဆာဘီးယားနိုင်ငံအနေဖြင့် အဆိုပါ အောင်မြင်မှုများအပေါ် ရိုးသားစွာ ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကိုလည်း ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။
ရှုပ်ထွေးလှသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ကြုံတွေ့ရာတွင် ဆာဘီးယားနှင့် တရုတ် ပြည်သူများသည် ဘုံအတွေးအမြင်များကို မျှဝေကာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတိုးတက်မှုရှိစေရန် ကတိပြုထားကာ နှစ်နိုင်ငံကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု ဆက်လက်တောက်ပစေမည်ဖြစ်ကြောင်း ဗူဆစ်က ပြောခဲ့သည်။
နှစ်နိုင်ငံကြား နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်သောအကျိုးရလဒ်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် နှစ်နိုင်ငံပြည်သူများ အကျိုးကျေးဇူးရရှိစေရန်အလို့ငှာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပိုမိုအကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း ဗူဆစ်က ဆိုသည်။
ပါကစ္စတန်နိုင်ငံ သမ္မတ အာဆစ် အလီ ဇာဒါရီက “တရုတ်နိုင်ငံက နိုင်ငံတကာရေးရာတွေမှာ တည်ငြိမ်တဲ့တွန်းအားတစ်ရပ်ဖြစ်သလို ကမ္ဘာ့စီးပွားရေးတိုးတက်မှအတွက်လည်း အရေးကြီးတဲ့ တွန်းအားတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများအနေဖြင့် နိုင်ငံလွတ်လပ်ရေးကို ရယူခဲ့ကြကြောင်းလည်း ဇာဒါရီက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် လွန်ခဲ့သော ၇၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် နည်းပညာတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုကို စဉ်ဆက်မပြတ်မြှင့်တင်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အခင်းအကျင်း တိုးတက်မှုအတွက် တရုတ်နိုင်ငံက အသိဉာဏ်ပညာကို ပံ့ပိုးကူညီခဲ့ကြောင်း ဇာဒါရီက ဆိုသည်။
ဆိုက်ပရပ်စ်နိုင်ငံ သမ္မတ နီကော့စ် ခရစ္စတိုဒိုလိုက်စ်က တရုတ်နိုင်ငံတွင် စီးပွားရေး၊ အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် ကုန်ထုတ်လုပ်မှု စသည့်ကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကာ ကမ္ဘာတစ်ခွင်အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကာဂျစ်စတန်နိုင်ငံ ဝန်ကြီးချုပ် အာခီဘက် ဂျာပါရိုက တရုတ်နိုင်ငံက ခေတ်မီအသွင်ပြောင်းမှု အောင်မြင်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည်လည်း နိုင်ငံများစွာ ပိုမို၍ စုစည်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ကာဂျစ်စတန်နိုင်ငံသည် ၎င်းတို့ပြည်သူများ၏ လူမှုဘဝ တိုးတက်မှုရှိစေရန် စီးပွားရေးပြုပြင်ပြောင်းလဲမှု အမြောက်အမြား ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အတွေ့အကြုံသည် ကာဂျစ်စတန်နိုင်ငံအတွက် လွန်စွာအရေးပါကြောင်း၊ ကာဂျစ်စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်အားကောင်းလာမည်ဟု မျှော်မှန်းထားသလို နှစ်နိုင်ငံ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ် ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဂျာပါရိုက ပြောခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝမ် မိုဟာမက်နွန်မာသာက ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၉ နှစ်ကျော် ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်နက်ရှိုင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းမှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားနယ်ပယ်များ၌ အနီးကပ်ကူးလူးဖလှယ်မှုများကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း မာသာက ဆိုသည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် သက်ဆိုင်ရာပြည်သူများ၏ သာယာဝပြောရေးကို မြှင့်တင်ရန် ထိုင်း-တရုတ် ဆက်ဆံရေး ခိုင်မာအားကောင်းသည့် ချစ်ကြည်မှုကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကအားကျရသော ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရရှိခဲ့ကြောင်း ဟန်ဂေရီနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လက်စ်လိုကိုဗာက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်-ဟန်ဂေရီ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် နက်ရှိုင်းလျက်ရှိသလို နှစ်နိုင်ငံကြား ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာလည်း ဆက်လက်တိုးတက်အောင်မြင်မည်ဟု ယုံကြည်‌ကြောင်း ကိုဗာက ဆိုသည်။
ဟွန်ဒူးရပ်စ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Luis Redondo က ခေတ်မီအသွင်ပြောင်းခြင်းတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများအတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများကိုလည်း ချီးကျူးခဲ့သည်။
၎င်းအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာလိုက်နာသည်ဟု ထပ်လောင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံပြည်သူများ အကျိုးကျေးဇူးအတွက် ဟွန်ဒူးရပ်စ်နိုင်ငံနှင့် တရုတ်နိုင်ငံ ဆက်ဆံရေး ခိုင်မာနက်ရှိုင်းစေရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် စသည်တို့ကို အကောင်အထည်ဖော်ရေး၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ကြီးမားသော လက်တွေ့ကျင့်သုံးဆောင်ရွက်ရာ၌ အထောက်အကူပြုရေးအတွက် တရုတ်နိုင်ငံနှင့် အတူတကွ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း Redondo က ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
World leaders hope to deepen cooperation with China
BEIJING, Sept. 30 (Xinhua) — On the occasion of the 75th anniversary of the founding of the People’s Republic of China, leaders from various countries have expressed their hopes to deepen friendly cooperation with China and make joint contributions to global sustainable development.
Congratulating China on its remarkable development achievements in the past 75 years, Serbian President Aleksandar Vucic said that the Serbian side is sincerely joyful over these achievements, and is confident in China’s development prospects.
Faced with a complex international situation, the peoples of Serbia and China have always shared common philosophies and are committed to developing friendly relations, allowing the solid friendship between the two countries to continue to shine, Vucic said.
Pointing out that the practical cooperation between the two countries in various fields has yielded fruitful results, Vucic said he believes more cooperative projects will be implemented in the future for the benefit of the two peoples.
“China is a stabilizing force in international affairs and an important driving force for global economic growth,” said Pakistani President Asif Ali Zardari, adding that under the leadership of the Communist Party of China, the Chinese people have achieved national independence.
Over the past 75 years, China has continuously promoted technological development and innovation, contributing Chinese wisdom to the improvement of the world’s political, economic, and cultural landscape, Zardari said.
China has clear development goals and remarkable achievements in the fields of economy, infrastructure, technology, and manufacturing, which have attracted worldwide attention, said Cypriot President Nikos Christodoulides.
Kyrgyz Prime Minister Akylbek Japarov said that China has embarked on a successful path of modernization, and the cooperation under the Belt and Road Initiative (BRI) is uniting more and more countries.
Currently, Kyrgyzstan is undergoing large-scale economic reforms to improve the well-being of its people, and China’s experience is of great significance for Kyrgyzstan, Japarov said, adding that Kyrgyzstan hopes to further strengthen friendship and cooperation with China, which will create new opportunities for the prosperity and development of both countries.
President of the National Assembly of Thailand Wan Muhamad Noor Matha said that over the 49 years of diplomatic relations between Thailand and China, the two countries’ relations and cooperation have continuously deepened.
This year, the two countries signed the visa-free agreement, marking an important milestone in bilateral relations, and it is believed to promote closer exchanges in trade, investment, tourism, and other fields between the two countries, said Matha.
Thailand is willing to cooperate more closely with China, and use the strong bond of Thai-Chinese relations to enhance the well-being of Thailand, as well as regional countries and peoples.
China has achieved a level of development that the world admires, said Speaker of the Hungarian National Assembly Laszlo Kover.
In recent years, China-Hungary economic and trade cooperation has been continuously deepened, and it is believed that bilateral exchanges and cooperation will continue to flourish, said Kover.
Luis Redondo, president of the National Congress of Honduras, spoke highly of China’s achievements in modernization and commended China’s contributions to world peace and development.
He reiterated the firm adherence to the one-China principle and expressed willingness to deepen the relationship between Honduras and China for the benefit of both peoples.
Redondo also expressed willingness to work together with China to promote high-quality BRI cooperation, implement the Global Development Initiative, the Global Security Initiative and the Global Civilization Initiative, and contribute to the great practice of building a community with a shared future for mankind.
Photo: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, and other leaders have group photos taken with the recipients of national medals and national honorary titles of the People’s Republic of China in Beijing, capital of China, Sept. 29, 2024. (Xinhua/Li Xueren)