Connect with us

International Organizations

လူသားချင်းစာနာမှု အကူအညီအား လက်နက်သဖွယ် အသုံးချခြင်းကို ရပ်တန့်ရန် အစ္စရေးအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
လူသားချင်းစာနာမှု အကူအညီအား လက်နက်သဖွယ် အသုံးချခြင်းကို ရပ်တန့်ရန်၊ ဂါဇာဒေသအား ဝန်းရံပိတ်ဆို့ထားခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းများအား ကန့်သတ်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန်၊ ကုလသမဂ္ဂနှင့် အခြားသော လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက အစ္စရေးနိုင်ငံအား အောက်တိုဘာ ၉ ရက်၌ တိုက်တွန်းခဲ့သည်။
ဂါဇာဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ဖုက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်ကာ ဂါဇာပဋိပက္ခနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေမှာ ယမန်နှစ် အောက်တိုဘာလမှစ၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းစဉ်တွင် ရှေ့တန်း၌ ရှိနေခဲ့သော်လည်း ယခုထက်တိုင် အခြေအနေ တိုးတက်လာခြင်းမရှိသေးဘဲ ပို၍သာ ဆိုးရွားလာခဲ့သည်ဟု ၎င်းက ဆိုသည်။
“နိုင်ငံတကာဥပဒေရဲ့ အမိန့်အာဏာဟာ တချို့နိုင်ငံတွေအတွက် မည်ကာမတ္တသာ ဖြစ်နေပုံရပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေရဲ့ အဓိကပြဋ္ဌာန်းချက်ဟာလည်း အကြိမ်ကြိမ်အခါခါ ချိုးဖျက်ခံနေရပါတယ်” ဟု ၎င်းက ဝမ်းနည်းစွာပြောကြားခဲ့သည်။
“လူ့အသက်ဆုံးရှုံးမှုတွေ၊ ဆာလောင်မွတ်သိပ်မှုတွေက ဂါဇာဒေသရဲ့ ပုံမှန်အခြေအနေသစ် ဖြစ်လာတာကို ကျွန်တော်တို့အနေနဲ့ လက်သင့်ခံလို့မရပါဘူး” ဟု ဖုက အလေးအနက်ပြောကြားခဲ့သည်။
လူသားချင်းစာနာမှု အကူအညီဆိုသည်မှာ ဂါဇာဒေသခံများ ဆက်လက်ရှင်သန်နိုင်ရေးအတွက် မျှော်လင့်အားထားရာဖြစ်ကြောင်း ဖုက အလေးအနက်ပြောကြားခဲ့ကာ ပါလက်စတိုင်းတို့အတွက် ကုလသမဂ္ဂ၏ ကူညီကယ်ဆယ်ရေး အေဂျင်စီဖြစ်သည့် UNRWA ၏ အခန်းကဏ္ဍမှာ မရှိမဖြစ်အရေးပါပြီး အစားထိုး၍မရနိုင်ကြောင်း ၎င်းက ဆိုသည်။ “တရုတ်နိုင်ငံအနေနဲ့ အစ္စရေးက UNRWA ကို ဖိနှိပ်ပြီး သွားပုပ်လေလွင့် စွပ်စွဲပြောဆိုနေတာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အဲဒီအေဂျင်စီကို ပစ်မှတ်ထားတဲ့ အစ္စရေးလွှတ်တော်ရဲ့ သက်ဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီးလည်း လေးလေးနက်နက် စိုးရိမ်မိပါတယ်” ဟု ဖုက ပြောကြားခဲ့သည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပဋိပက္ခ သက်ဆိုးရှည်ကာ ပိုမိုကျယ်ပြန့်လာမည်ကို ခွင့်ပြု၍မရနိုင်သလို အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး မီးကုန်ယမ်းကုန်စစ်ပွဲကြီးထဲသို့ သက်ဆင်းရောက်ရှိသွားမည်ကိုလည်း လက်ပိုက်ကြည့်နေ၍မရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“စစ်ပွဲတစ်ပွဲကို အောင်နိုင်ခြင်းက ငြိမ်းချမ်းရေးရနိုင်မယ်လို့ တစ်ထစ်ချ မှတ်ယူလို့မရနိုင်သလို စစ်အင်အားတစ်ခုတည်းနဲ့လည်း လုံခြုံမှုကို ရေရှည်အာမခံနိုင်မှာမဟုတ်ဘဲ အင်အားအသုံးပြုဖို့ကိုပဲ စိတ်အားထက်သန်နေခြင်းက သတ်ဖြတ်မှုတွေနဲ့ အမုန်းတရားတွေကိုပဲ ဖန်တီးပေးပါလိမ့်မယ်” ဟု ဖုက ထောက်ပြပြောဆိုခဲ့ကာ ဂါဇာဒေသ၌ စစ်ဆင်ရေးအားလုံးကို ရပ်တန့်ရန်၊ ဂါဇာလူထုကိုပါ တစ်ပေါင်းတည်း ဒဏ်ခတ်နေခြင်းကို အဆုံးသတ်ရန်လည်း အစ္စရေးအား တိုက်တွန်းခဲ့သည်။
ထို့အတူ အနောက်ဘက်ကမ်းဒေသ၌ အခြေချနေထိုင်သည့် လုပ်ဆောင်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြှင့်လာခြင်းက နှစ်နိုင်ငံဖြေရှင်းနည်း၏ အခြေခံအုတ်မြစ်အား လက်တွေ့သဘောအရ ပျက်သုဉ်းစေခြင်း ဖြစ်သည့်အလျောက် ယင်းတို့အား အမြန်ဆုံးရပ်တန့်ရမည်ဟုလည်း ဖုက ပြောကြားခဲ့သည်။
“လက်ဘနွန်ဟာ ဂါဇာဒေသလို ထပ်ဖြစ်လို့မရပါဘူး” ဟု ဖုက ပြောကြားခဲ့ကာ ပတ်သက်ဆက်နွှယ်သူ အားလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကာ အပစ်အခတ်ရပ်စဲရေးရရှိအောင် လုပ်ဆောင်ရန်၊ အစ္စရေးအနေဖြင့် အခြေအနေတင်းမာမှုကို ပိုမိုအရှိန်မြင့်တက်စေမည့် လုပ်ရပ်များအား ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Chinese envoy urges Israel to stop weaponizing humanitarian assistance
UNITED NATIONS, Oct. 9 (Xinhua) — Fu Cong, China’s permanent representative to the United Nations, urged Israel on Wednesday to stop weaponizing humanitarian assistance, lift the blockade of Gaza and the restrictions on humanitarian access, and cooperate fully with the UN and other humanitarian agencies.
In remarks at the UN Security Council briefing on the humanitarian situation in Gaza, Fu said the Gaza conflict and the situation in the Middle East have been at the forefront of the council’s work since October last year, but the situation has not improved so far, and “instead, it has continued to deteriorate.”
“The authority of international law seems to exist in name only for certain states, and the bottom line of international humanitarian law has been repeatedly shattered,” he lamented.
Fu stressed, “We cannot accept that death and hunger have become the new normal in Gaza.”
Underscoring that humanitarian aid is the hope for survival for the people in Gaza, the ambassador said the role of UNRWA, the UN relief agency for Palestinians, is indispensable and irreplaceable. “China firmly opposes Israel’s smearing and suppression of UNRWA, and is gravely concerned about the relevant Knesset bills targeting the agency.”
He said the international community cannot allow the conflict to drag on and expand, and cannot “just sit back and watch the entire Middle East plunging into an all-out war.”
“The harsh reality has proved that winning a war does not necessarily mean having peace, military might alone cannot guarantee lasting security, and the obsession with force only creates more killings and hatred,” Fu pointed out, urging Israel to cease all military operations in Gaza and put an end to the collective punishment of the people in Gaza.
He said the intensified settlement activities and violence in the West Bank were a de-facto obliteration of the foundation of the two-State solution, and must stop immediately.
“Lebanon must not become the next Gaza,” he said, adding that China calls on all parties to exercise restraint and achieve a ceasefire, and urges Israel in particular to stop taking actions that would further escalate the situation. Enditem
English Caption
Fu Cong (C, Front), China’s permanent representative to the United Nations, speaks at the UN Security Council briefing on the Lebanese-Israeli situation at the UN headquarters in New York, on Oct. 2, 2024. (Xinhua/Xie E)