Connect with us

Myanmar

မြန်မာနိုင်ငံတွင် လူပေါင်းတစ်ရာကျော်ကို ရေဘေးမှ ကယ်တင်ပေးခဲ့သော အသက် ၁၂ နှစ်အရွယ် ရဲရင့်သောကလေးငယ်

မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေတွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် စက်တင်ဘာလဆန်းပိုင်းက ရေကြီးရေလျှံဖြစ်ပွားမှုအတွင်း အသက် ၁၂ နှစ်အရွယ် ကလေးငယ်က လူပေါင်းတစ်ရာကျော်ကို ရေဘေးမှကယ်တင်ပေးခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်သုခကျေးရွာတွင် နေထိုင်သည့် မောင်ပေါများဆိုသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်မှာ ရေကြီးရေလျှံဖြစ်ပွားသောကာလအတွင်း ဂုဏ်ယူဖွယ်ကောင်းသော သူရဲကောင်းတစ်ဦးအဖြစ် လူသိများလာခဲ့သည်။
“ကယ်ဆယ်ရေးလုပ်နေတုန်း သားရဲ့လှေလေးနဲ့ပဲကယ်ခဲ့တယ်။ ရေစီးကလည်းသန် ရေလှိုင်းလည်းတက်တော့ တစ်ခါတလေလက်နဲ့လည်းလှော်ခဲ့ရတယ်။ သက်ကြီးရွယ်အိုတွေကိုလည်း ကုန်းပိုးပြီးတော့လည်း ကယ်ခဲ့ရတယ်။ စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက် နှစ်ရက်ဆက်တိုက် နေ့ရောညရော သက်ကြီးရွယ်အိုတွေနဲ့ တခြားသူတွေအများကြီးကယ်ခဲ့တယ်။ လူတွေကို ကယ်တင်ရတဲ့အတွက် ဝမ်းသာတယ်။ ပျော်လည်းပျော်တယ်” ဟု မောင်ပေါများက ဆင်ဟွာကိုပြောခဲ့သည်။
ထိုသို့ လူများကို ကယ်တင်ခဲ့သော မောင်ပေါများ၏ အနာဂတ်အိပ်မက်မှာ ဆရာဝန်ဖြစ်ချင်သည်ဟု ဆိုသည်။ “သားက လူတွေကိုကယ်ချင်လို့” ဟု မောင်ပေါများက စိတ်အားထက်သန်စွာ ပြောပြသည်။
တံငါသည်တစ်ဦးဖြစ်သော မောင်ပေါများ၏ဖခင် ဦးမင်းနိုင်က “ပေါများက နှစ်တန်းထိပဲ တက်ခဲ့ရတာ၊ အိမ်မှာလည်း သူက သိတတ်တော့ ကျောင်းကနေလည်းထွက်လိုက်တယ်။ ခုတော့ ကျွန်တော့်သားကို သူ့ဆန္ဒလေးပြည့်ဝအောင်လို့ ကျောင်းပြန်ထားဖို့ စဉ်းစားထားပါတယ်” ဟု ပြောသည်။
“ကျွန်တော်ကိုယ်တိုင်တောင် မသွားနိုင်တော့တဲ့အချိန်မှာ သူက လူတွေကို သွားထပ်ပြီးကယ်သေးတာ။ သူကလှေတွေကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တယ်။ အသက်ကယ်အင်္ကျီတောင်မပါဘဲနဲ့သွားကယ်ခဲ့တာ။ ကျွန်တော့်သားအတွက် တအားကိုပီတိဖြစ်ပါတယ်” ဟု ဦးမင်းနိုင်က ပြောသည်။
မောင်ပေါများကယ်တင်ခဲ့သူများအနက် တစ်ဦးဖြစ်သော အသက် ၃၈ နှစ်အရွယ် ကိုငွေလှိုင်က “ကျွန်တော်တို့ညီအစ်ကိုသုံးယောက်လုံးက သန်သန်မာမာသမားတွေပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ စက်လှေကို ဘယ်လိုမောင်းရမလဲ မသိကြတော့ဘူး။ နေရာတိုင်းမှာ ရေပြင်ကျယ်ကြီးဝိုင်းနေတော့ အရမ်းကိုစိတ်ပျက်သွားတယ်” ဟု ပြန်လည်ပြောပြခဲ့သည်။
“ကျွန်တော်တို့ကို သူလာကယ်တော့ တအားဝမ်းသာသွားတာ။ ကျွန်တော်တို့အသက်က သူ့အပေါ်မှာမူတည်နေတာ။ တခြားသူတွေလည်း လူငယ်လူလတ်ပိုင်းတွေအများကြီးရှိနေပေမဲ့ ဒီလိုရေပြင်ကျယ်ကြီး ပတ်ပတ်လည်ဝိုင်းနေတဲ့အခြေအနေမှာ စက်လှေကို ဘယ်လိုမောင်းပြီး ဘယ်ကိုသွားရမှန်းလည်းမသိကြတော့ဘူး။ ဒီကလေးတစ်ယောက်ထဲနဲ့ပဲ လှေကိုမောင်းပြီး ကျွန်တော်တို့ကို ကယ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
“သူ့ကို ဘယ်သူကမှသွားကယ်လိုက်ပါဦးလို့ ပြောနေတာမဟုတ်ဘူး။ သူ့ဘာသာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကယ်ခဲ့တာပါ။ အဲဒီကလေးက စိတ်ရောကိုယ်ရော ထက်ထက်သန်သန်နဲ့ကို ကူညီခဲ့တာ။ အသက်ငယ်ငယ်လေးနဲ့ တကယ်ကိုချီးကျူးလေးစားစရာကောင်းတယ်” ဟု ကိုငွေလှိုင်က ပြောခဲ့သည်။
မောင်ပေါများ၏ ရဲဝံ့စွာလုပ်ဆောင်ခဲ့ခြင်းကြောင့် ၎င်း၏ရပ်ရွာတွင်သာမက လူမှုမီဒီယာပေါ်တွင်လည်း ချီးကျူးပြောဆိုမှုများနှင့် အလှူရှင်များလည်း အာရုံစိုက်မှုများရှိလာခဲ့ကြသလို ပေးလှူမှုများလည်း ရှိခဲ့ကြသည်။
ရန်ကုန်မှ အလှူရှင်တစ်ဦးဖြစ်သော ကိုဂူဂူးက “ပေါများကို ကျွန်တော်နဲ့ အခြားကူညီသူတွေ စုပေါင်းပြီးတော့ စက်လှေနဲ့ ဂုဏ်ပြုငွေတွေ ပေးလှူခဲ့တယ်” ဟု ပြောခဲ့သည်။
“အဲဒီအချိန်မှာ တခြားစက်လှေသမားတွေက ရေကြီးနေတဲ့အချိန် ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ဖို့ အမြတ်ထုတ်နေချိန်မှာ ဒီကလေးက ငွေကြေးတောင်းခံတာတွေမလုပ်ဘဲနဲ့ ရေဘေးသင့်သူတွေကို ကယ်ခဲ့တာ” ဟု မောင်ပေါများ၏ တစ်ကိုယ်ကောင်းမဆန်သောစိတ်ဓာတ်ကို ၎င်းက ထည့်သွင်းပြောခဲ့သည်။
“သူ့ရဲ့ စွမ်းရည်ပြည့်ဝစွာ လုပ်ဆောင်နိုင်စွမ်းတွေက ခက်ခဲနေတဲ့အချိန် သူ့ရွာကို အကျိုးပြုနိုင်ခဲ့တဲ့အတွက် တကယ်ကို ကြင်နာတတ်တဲ့ကလေးတစ်ယောက်ပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
……………………….
(English Version)
Brave 12-year-old boy rescues over 100 people from rising floodwaters in Myanmar
YANGON, Oct. 10 (Xinhua) — A 12-year-old boy named Paw Myar rescued over 100 people during severe flooding in early September in Myanmar, according to recent reports from state-run Myanmar Radio and Television.
Living in Aung Thukha village of Lewe township in Nay Pyi Taw, Paw Myar, whose name means “abundance,” has become a remarkable hero amid the flooding crisis.
“During the rescues, I often had to paddle with my hands when the waves were strong and I also gave a piggyback ride to the elders. On September 11 and 12, I rescued many elders and other people by myself, both at night and during the day, and it brought me great joy to see them safe,” Paw Myar told Xinhua.
Paw Myar said he dreamed of becoming a doctor one day. “I want to save many people’s lives,” he said enthusiastically.
His father, Min Naing, a fisherman, said: “Paw Myar only attended primary school, as his responsibilities at home prevented him from pursuing further education. Now, I plan to enroll my son in school to fulfill his desire for education.”
“He deserves it. Even though I couldn’t help, he stepped up and did it. He is skilled at handling boats but struggled on his own and didn’t even wear a life jacket. I am truly delighted by my son’s actions,” he said.
Ngwe Hlaing, 38, who was rescued by Paw Myar, said: “My brothers and I are adults and strong, but we didn’t know how to handle this situation. Everything around us was water, and I felt very upset.”
“When he arrived to rescue us, I felt very happy and our lives depended on him. Although many adults were present and could operate a motorboat, none knew how to navigate it in such an emergency. This young boy was the only one who could handle it and came to save us,” he said.
“Not everyone can do what he did. He is truly a hero, despite his young age,” he added.
Paw Myar’s heroic actions impacted his community and caught the attention of well-wishers and donors on social media, leading to donations.
Gu Gu, a donor from Yangon, said, “I donated a motorboat and honorary cash to Paw Myar in collaboration with other supporters.”
“While some motorboat drivers take advantage of the situation to profit from carrying victims during floods, this young boy helps flood victims without asking for money,” he said on the young boy’s selflessness.
“He skillfully applied his abilities to benefit his village during tough times and he is truly a kind-hearted boy,” he added.
Photo: Rescuers evacuate flood victims in Nay Pyi Taw, Myanmar, Sept. 13, 2024. (Myanmar Fire Service Department/Handout via Xinhua)