Connect with us

Africa & Middle East

ဟစ်ဇ်ဘိုလာ-အစ္စရေး ပဋိပက္ခ အဆုံးသတ်ရေး နည်းလမ်းများကို အီရန်နှင့် ပြင်သစ် သမ္မတတို့ ဆွေးနွေး

တီဟီရန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အီရန် သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်နှင့် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးနိုင်ငံအကြား ဖြစ်ပွားနေသည့် ပဋိပက္ခ အဆုံးသတ်ရေးနှင့် အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် နည်းလမ်းများကို အောက်တိုဘာ ၁၃ ရက်၌ ဆွေးနွေးခဲ့သည်။တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအတွင်း အထူးသဖြင့် လက်ဘနွန်နိုင်ငံ၌ တင်းမာမှုအရှိန်မြင့်တက်နေခြင်း အပါအဝင် အနောက်အာရှဒေသ၌ လတ်တလောဖြစ်‌ပေါ်နေသည့် အခြေအနေများကို နှစ်ဖက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု အီရန် သမ္မတရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေညာချက်အရ သိရသည်။

အီရန်နိုင်ငံအနေဖြင့် အနောက်အာရှ‌ဒေသအား စစ်ပွဲနှင့် တင်းမာမှုများ ကင်းဝေးသော ဘေးကင်းလုံခြုံသည့် ဒေသတစ်ခုဖြစ်စေရန် အမြဲတစေ ဆန္ဒရှိခဲ့ကာ တိုက်ပွဲများရပ်တန့်ရေးကို ကြိုဆိုကြောင်း ပီဇက်ရှ်ကီယန်က အလေးအနက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ ပါလီမန်အဆောက်အအုံ၌ အီရန်၏ နဝမမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မာဆွတ် ပီဇက်ရှ်ကီယန် ပထမဆုံး မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်အနေဖြင့် ဒေသတွင်း၌ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိစေမည့် အဆိုပြုချက်မှန်သမျှကို ကြိဆိုထောက်ခံမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့ကာ အခြားသော ဥရောပနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်နိုင်ငံတို့တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာဇဝတ်မှုများကို ရပ်တန့်ရေးအတွက် အစ္စရေးအား တွန်းအားပေးရာတွင် ဆက်လက်ကြိုးပမ်းသွားရန် မက်ခရွန်အား တိုက်တွန်းခဲ့သည်။

လက်ဘနွန်၌ အစ္စရေး၏ လုပ်ရပ်များအပေါ် ပြင်သစ်အစိုးရ၏ ပြစ်တင်ရှုတ်ချမှု၊ အစ္စရေးသို့ စစ်လက်နက်များ လွှဲပြောင်းပို့ဆောင်ခြင်းကို အဆုံးသတ်ရန် တိုက်တွန်းမှုများအတွက်လည်း ပီဇက်ရှ်ကီယန်က ချီးကျူးပြောဆိုခဲ့သည်။

ဂါဇာဒေသနှင့် လက်ဘနွန်နိုင်ငံတို့တွင် အလုံးစုံ တင်းမာမှုလျော့ကျရေးကို ထောက်ခံအားပေးရန် မက်ခရွန်က အီရန် သမ္မတအား တိုက်တွန်းခဲ့ကာ ထိုသို့လုပ်ဆောင်ရာ၌ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများအပေါ် ၎င်း၏ဩဇာလွှမ်းမိုးမှုအား အသုံးချရန်အတွက် အီရန်တွင် တာဝန်ရှိကြောင်းလည်း မက်ခရွန်က အလေးအနက်ပြောကြားခဲ့သည်ဟု ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာနှောင်းပိုင်းမှစ၍ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား တင်းမာမှုများ သိသိသာသာ မြင့်တက်လာချိန်တွင် ခေါင်းဆောင်နှစ်ဦးက တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်သားလေးဦးထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည့် အစ္စရေးနိုင်ငံ‌ မြောက်ပိုင်းရှိ စစ်စခန်းတစ်ခုအား ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က အောက်တိုဘာ ၁၃ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုအတောအတွင်း အစ္စရေးစစ်တပ်က လက်ဘနွန်အား လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့ကာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကလည်း နယ်စပ်တစ်လျှောက်တွင် စစ်သွေးကြွများအား တိုက်ခိုက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှစ၍ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံ၌ သေဆုံးသူ ၂,၃၀၆ ဦး ရှိလာကာ ဒဏ်ရာရသူမှာလည်း ၁၀,၆၉၈ ဦး ရှိလာခဲ့သည်ဟု လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်၌ ထုတ်ပြန်ခဲ့သည်။ (Xinhua)
———————————
(English Version)

Iranian, French presidents discuss ways to end conflict between Hezbollah, Israel
TEHRAN, Oct. 13 (Xinhua) — Iranian President Masoud Pezeshkian and his French counterpart Emmanuel Macron on Sunday explored ways to stop the conflict and achieve a ceasefire between Lebanon’s Hezbollah and Israel.
In a phone call, the two sides discussed the latest developments in West Asia, especially the escalation of tension in Lebanon, according to a statement published on the website of the Iranian president’s office.
Pezeshkian stressed that Iran had always wanted West Asia to be a safe region far from war and tension and welcomed the cessation of hostilities.
He noted that Iran would welcome and support any proposal to ensure calm, peace, and stability in the region, calling on the French president to, along with other European states’ leaders, continue efforts to compel Israel to stop its “genocide and crimes” in the Gaza Strip and Lebanon.
Pezeshkian also commended the French government’s condemnation of Israeli actions in Lebanon and its calls for an end to arms delivery to Israel.
For his part, Macron called on the Iranian president to support a “general de-escalation” in Gaza and Lebanon, stressing Iran’s responsibility “to use its influence in this direction with the destabilizing actors that enjoy its support,” according to the French president’s office.
The phone talk between the two leaders comes amid a sharp escalation of tension between Israel and Hezbollah since late September.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.