Connect with us

Asia

ရှိဂဲရု အီရှီဘာ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရ၊ အီရှီဘာက ၎င်း၏အစိုးရအဖွဲ့အား ကြေညာ

ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်အဖြစ် လတ်တလော ရွေးကောက်ခံထားရသည့် ရှိဂဲရု အီရှီဘာက တိုကျိုမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Kim Kyung-Hoon/REUTERS/Pool via Xinhua)

တိုကျို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
လွှတ်တော်နှစ်ရပ်လုံးတွင် ထောက်ခံမဲအများစုကို ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ဖြစ်သူ ရှိဂဲရု အီရှီဘာသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာ ၁ ရက်တွင် တရားဝင် တင်မြှောက်ခံခဲ့ရသည်။
ဝန်ကြီးချုပ်သစ်အား ရွေးချယ်တင်မြှောက်ရန်အတွက် ဂျပန်နိုင်ငံ၏ ဒိုင်းယက် (Diet) လွှတ်တော် အထူးအစည်းအဝေးအား အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ LDP ပါတီ ဦးဆောင်သော အာဏာရ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ထားလျက်ရှိရာ အီရှီဘာအနေဖြင့် အောက်လွှတ်တော်၌ ဆန္ဒမဲ ၄၆၁ မဲအနက် ၂၉၁ မဲ ရရှိခဲ့ကာ အထက်လွှတ်တော်၌လည်း ဆန္ဒမဲ ၂၄၂ မဲအနက် ၁၄၃ မဲ ရရှိခဲ့ကြောင်း သိရသည်။
ဒိုင်းယက်လွှတ်တော် အထူးအစည်းအဝေးအပြီးတွင် အသက် ၆၇ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမား အီရှီဘာက ၎င်း၏အစိုးရအဖွဲ့အား ကြေညာခဲ့ကာ ယင်းအစိုးရအဖွဲ့တွင် ပထမဆုံးအကြိမ် ခန့်အပ်ခံရသူ ၁၃ ဦး၊ ပြန်လည်ခန့်အပ်ခံရသူ ၂ ဦး၊ ယခင်အစိုးရအဖွဲ့၌ အတွေ့အကြုံရှိကာ ပြန်လည်ပါဝင်လာသည့် ဝန်ကြီး ၄ ဦး ပါဝင်ကြောင်း သိရသည်။
အစိုးရအဖွဲ့သစ်တွင် ကာကွယ်ရေးဝန်ကြီးဟောင်း တာခဲရှိ အိဝါယက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ကာ ကာကွယ်ရေးဝန်ကြီးဟောင်း ဂျန် နာကာတာနိက ကာကွယ်ရေးဝန်ကြီးအဖြစ် တစ်ကျော့ပြန် ခန့်အပ်ခံခဲ့ရသည်။
ဝန်ကြီးချုပ်ခီရှီဒါ လက်ထက်တွင် အစိုးရအဖွဲ့ ထိပ်တန်းပြောခွင့်ရပုဂ္ဂိလ်ဖြစ်သည့် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိက မူလရာထူးအတိုင်း ဆက်လက်တာဝန်ယူသွားမည်ဖြစ်သည်။
LDP ပါတီ ခေါင်းဆောင်ရာထူးအတွက် အီရှီဘာ၏ ယှဉ်ပြိုင်ဘက်တစ်ဦးဖြစ်ခဲ့သည့် ခါဆုနိုဘု ခါတိုက ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူကာ ယိုဂျိမုတိုက စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အီရှီဘာအနေဖြင့် ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ၏နေရာအား ဆက်ခံရမည်ဖြစ်သည့်အတွက် အပူတပြင်းဖြေရှင်းရမည့် ရှုပ်ထွေးသော ကိစ္စရပ်အများအပြားရှိနေသည့် နိုင်ငံအား ဦးဆောင်ရာတွင် စိုးရိမ်ဖွယ် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။
အီရှီဘာ၏ ပထမဆုံးနှင့် အဓိကအကျဆုံး လုပ်ငန်းတာဝန်မှာ ဝင်ငွေစာရင်းမပြခြင်း၊ နိုင်ငံရေးရန်ပုံငွေ အလွဲသုံးစားပြုခြင်းတို့ ပါဝင်သည့် နိုင်ငံရေးရန်ပုံငွေ အရှုပ်တော်ပုံကြောင့် အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်းလျက်ရှိသော LDP ပါတီအပေါ် လူထု၏ယုံကြည်မှု ပြန်လည်ရရှိလာအောင် လုပ်ဆောင်ရန်ပင်ဖြစ်သည်။ အဆိုပါ အရှုပ်တော်ပုံကြောင့် လွှတ်တော်အမတ်အချို့ စွဲချက်တင်ခံခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီရှီဘာက LDP ပါတီအတွင်း ယုံကြည်မှုနှင့် ညီညွတ်မှု ပြန်လည်တည်ဆောက်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ကာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းလျက် ‌ခေါင်းဆောင်များက လူထုအတွက် တာဝန်ခံမှုရှိသည့်၊ ကျိုးနွံ၍ ဘက်မလိုက်သော ပွင့်လင်းမြင်သာသည့် ပါတီတစ်ရပ် ဖြစ်စေရေးအတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အီရှီဘာက ၎င်းအနေဖြင့် အောက်တိုဘာ ၉ ရက်တွင် အောက်လွှတ်တော်အား ဖျက်သိမ်းကာ အောက်တိုဘာ ၂၇ ရက်တွင် အထွေထွေရွေးကောက်ပွဲ ခေါ်ယူရန် စီစဉ်ထားသည်ဟု စက်တင်ဘာ ၃၀ ရက်က ထုတ်ဖော်ပြောကြားခဲ့ပြီး လူထု၏ အခွင့်အာဏာ အမြန်ဆုံးရရှိရေး၏ အရေးပါပုံကိုလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)


……………………..
(English Version)
Ishiba elected Japanese PM, unveils cabinet lineup
TOKYO, Oct. 1 (Xinhua) — Shigeru Ishiba, leader of Japan’s ruling Liberal Democratic Party (LDP), was officially elected the country’s prime minister on Tuesday after winning a majority of votes in both houses of parliament.
The Japanese Diet convened an extraordinary session in the afternoon to choose the new prime minister. As the ruling coalition led by the LDP controls both chambers, Ishiba received 291 of 461 votes in the House of Representatives and 143 of 242 votes in the House of Councillors.
After the special Diet session, the 67-year-old veteran politician unveiled his cabinet lineup consisting of 13 first-time appointees, two reappointments and four returning ministers with previous cabinet experience.
In the new cabinet, former Defense Minister Takeshi Iwaya became minister of foreign affairs, while former Defense Minister Gen Nakatani once again returned to the post.
Yoshimasa Hayashi, the top government spokesman under Kishida, will retain the post of chief cabinet secretary.
Katsunobu Kato, one of Ishiba’s competitors in the LDP race, will take the position of finance minister, while Yoji Muto will serve as minister for economy, trade, and industry.
As Ishiba sets to succeed Fumio Kishida, he will face daunting challenges to lead a country with a complex array of pressing issues.
First and foremost on Ishiba’s task list is to restore public trust in the LDP, whose image has been heavily tarnished by the political funds scandal involving unreported income and misuse of political funds, which led to the indictment of several lawmakers.
At a press conference last week, Ishiba vowed to give his “full effort” to rebuild trust and unity within the LDP, calling for a party that is humble, fair and transparent, where rules are followed and the public can hold leaders accountable.
On Monday, Ishiba disclosed that he plans to dissolve the lower house of the parliament on Oct. 9 and call a general election on Oct. 27, emphasizing the importance of obtaining the public’s mandate as soon as possible. Enditem
English Caption
Shigeru Ishiba, the newly elected leader of Japan’s ruling Liberal Democratic Party (LDP), attends a press conference in Tokyo, Japan, Sept. 27, 2024. (Kim Kyung-Hoon/REUTERS/Pool via Xinhua)