Connect with us

Africa & Middle East

အစ္စရေးက အီရန်အား မကြာမီ တန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်မည်ဟု အစ္စရေးနိုင်ငံပိုင်ရုပ်သံ ဖော်ပြ

အီရန်က ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဂျေရုဆလမ်မြို့၌ လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်နေသည့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (အလယ်-ရှေ့) အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Avi Ohayon/GPO/Handout via Xinhua)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အစီအစဉ်အတိုင်း အီရန်အား တန်ပြန်တိုက်ခိုက်မှုက မကြာမီ ဖြစ်လာမည်ဖြစ်ကြောင်း အစ္စရေး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား အသိပေးထားသည်ဟု အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV က အောက်တိုဘာ ၂၁ ရက်၌ ဖော်ပြခဲ့သည်။
တီဟီရန်၌ ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံခံရမှု၊ ဘေရွတ်၌ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟတ်ဆန် နက်စ်ရာလာ လုပ်ကြံခံရမှုတို့အတွက် လက်တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ ၁ ရက်၌ အီရန်က အစ္စရေးအား ပဲ့ထိန်းဒုံးကျည် အစင်း ၁၈၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကို အစ္စရေးအနေဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အောက်တိုဘာလ အစောပိုင်းတွင် ကတိပြုခဲ့သည်။ သို့ရာတွင် အစ္စရေး တိုက်ခိုက်မည့်အချိန်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်း မရှိပေ။
တိုက်ခိုက်မှုက မကြာမီဖြစ်လာမည်ဖြစ်ပြီး သိသာထင်ရှားလိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အစ္စရေးဝန်ကြီးများအား အသိပေးခဲ့ကြောင်း အဆိုပါ သတင်းဖော်ပြချက်အရ သိရသည်။
ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ် တစ်မျိုးဖြစ်သည့် THAAD ဒုံးခွင်းဒုံးစနစ်နှင့် ယင်းစနစ်အား လည်ပတ်အသုံးပြုရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀ ခန့်အား အစ္စရေး၌ ဖြန့်ကြက်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် အဆိုပါ သတင်းဖော်ပြချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်ကာ အရှိန်မြင့်တက်မလာအောင် ရှောင်ကြဉ်နိုင်ရန်အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအား တိုက်တွန်းထားကာ အီရန်၏ နျူကလီးယားဆိုင်ရာ နေရာများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအား တိုက်ခိုက်ခြင်းကိုလည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်ကလည်း အစ္စရေး၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်မည်ဟု သတိပေးထားသည်။ (Xinhua)


……………………….
(English Version)
Israel to launch counter-attack against Iran “very soon,” state TV reports
JERUSALEM, Oct. 21 (Xinhua) — Israeli Cabinet ministers have been informed that a planned counter-attack against Iran will take place “very soon,” Israel’s state-owned Kan TV reported Monday.
Israeli Prime Minister Benjamin Netanyahu vowed in early October that his country would retaliate after Iran launched around 180 ballistic missiles toward Israel on Oct. 1, in response to the assassinations of Hamas political leader Ismail Haniyeh in Tehran and Hezbollah leader Hassan Nasrallah in Beirut. However, the timing of the Israeli attack remained unclear.
In a Cabinet meeting on Sunday, ministers were told the attack would be “very soon” and significant, according to the report.
The report came hours after U.S. Defense Secretary Lloyd Austin announced the deployment of the Terminal High Altitude Area Defense (THAAD) anti-ballistic missile defense system in Israel in addition to about 100 U.S. soldiers to operate it.
U.S. President Joe Biden had urged Israel to exercise restraint to avoid escalating a broader Middle East conflict, expressing concerns over strikes on Iran’s nuclear sites and energy infrastructure. Iran warned that it would retaliate against any Israeli missile attack. Enditem
English Caption
Israeli Prime Minister Benjamin Netanyahu (C, Front) attends a Security Cabinet meeting after Iran’s missile attack, in Jerusalem, on Oct. 1, 2024. (Avi Ohayon/GPO/Handout via Xinhua)