Business
မြန်မာနိုင်ငံ ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲက ကုန်သွယ်မှုအား မြှင့်တင်ပေး
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ကုန်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်သော ကျင်းပပြုလုပ်ဆဲ ရန်ကုန်နိုင်ငံတကာကုန်သွယ်မှုကုန်စည်ပြပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီပေါင်း ၈၀ ကျော် ပါဝင်ပြသခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက်က စတင်ခဲ့ကာ အောက်တိုဘာ ၂၇ ရက်တွင် ပြီးဆုံးမည့် ပြပွဲတွင် ပညာရေး၊ ဆေးဘက်ဆိုင်ရာနှင့် စိုက်ပျိုးရေးစက်ကိရိယာများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဆိုလာနည်းပညာများ၊ ဘက်ထရီများ၊ မီးစက်များနှင့် အစားအစာထုတ်ကုန်များ အပါအဝင် ကဏ္ဍများစွာ ပါဝင်ကြောင်း သိရသည်။
ပြပွဲသို့ လာရောက်ခဲ့သော အသက် ၇၀ အရွယ်ရှိ ဒေါ်နိုင်နိုင်ဌေးက ပြပွဲကို အားရကျေနပ်ကြောင်း ပြောကြားခဲ့သည်။ “ဆေးပစ္စည်းတွေ ရှာဖို့ လာခဲ့တာပါ။ အများစုက တရုတ်နိုင်ငံက ဖြစ်ပါတယ်။ ပြခန်းတွေမှာ ပြသထားတဲ့ ပစ္စည်းတွေက ခေတ်မီပြီး အရည်အသွေးကောင်းပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ ကုမ္ပဏီက နိုင်ငံတကာကျောင်းတွေမှာ တက်ရောက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက် အပြီးအစီး ဆောင်ရွက်ပေးနေပါတယ်”ဟု SISH အင်စတီကျုမှ ဒေါ်ဇင်မာထွန်းက ပြောကြားခဲ့သည်။
“ဒီပွဲက လူငယ်တွေ၊ စီးပွားရေးသမားတွေ၊ ပညာရေး စိတ်ပါဝင်စားသူတွေအပါအဝင် ပရိသတ်အမျိုးမျိုးကို ဆွဲဆောင်နေပါတယ်။ ပထမနေ့မှာ ကျွန်မတို့ရဲ့ ကျောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ တော်တော်များများ ရရှိခဲ့ပြီးတော့ အဲဒါက ဒီပွဲကနေ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိနေတာကို ပြသနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
Myanmar’s Yangon int’l expo promotes trade
YANGON, Oct. 26 (Xinhua) — The ongoing Yangon International Trade Expo was aiming to promote trade, with over 80 local and international companies participating in the event.
The fair, which opened on Friday and will conclude on Sunday, featured a wide range of sectors, including education, medical and agricultural equipment, construction tools, solar technology, batteries, generators, and food products.
Naing Naing Htay, a 70-year-old visitor, expressed her satisfaction with the event, “I came here to see medical equipments, most of which are from China. The equipments displayed in the booths are modern and of high quality.”
Zin Mar Tun from the SISH Institute, said, “Our company offers one stop service for Myanmar students looking forward to attending international schools.”
“The event attracts a diverse audience, including youths, businessmen, and education enthusiasts. On the first day, we received many inquiries about our school, which indicates a positive outcome obtained from the event,” she added. ■
Photo – People visit an exhibition booth during the Yangon International Trade Expo 2024 at the Yangon Convention Center in Yangon, Myanmar, Oct. 25, 2024. (Xinhua/Myo Kyaw Soe)