Connect with us

Asia

အမေရိကန်နှင့် မဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုအား မြောက်ကိုရီးယား ပြင်းပြင်းထန်ထန်ဝေဖန်

အဖနိုင်ငံ လွတ်မြောက်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) ၏မြို့တော်၊ ပြုံယမ်းမြို့လယ်ရှိ ကင်အီဆွန်းရင်ပြင်၌ စစ်ရေးပြအခမ်းအနား ကျင်းပနေပုံကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
မဟာမိတ်နိုင်ငံများနှင့် လတ်တလောပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများနှင့် အခြားသော ရန်စမှုများအတွက် အမေရိကန်နိုင်ငံအား ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) က အောက်တိုဘာ ၂၆ ရက်၌ ပြစ်တင်ရှုတ်ချခဲ့ကာ ယင်းလုပ်ရပ်များက ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်နေခြင်းကို ပိုမိုဆိုးရွားစေသည်ဟုလည်း ပြောကြားခဲ့သည်။
‌အမေရိကန်အနေဖြင့် Freedom Flag ဟု အမည်ပေးထားသော အကြီးစား ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုအား တောင်ကိုရီးယား၊ ဩစ‌‌တြေးလျတို့နှင့်အတူ ပြုလုပ်နေခြင်းကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချကြောင်း နိုင်ငံပိုင် Korean Central News Agency (KCNA) က သတင်းထုတ်ပြန်ခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားအား ဦးတည်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်က ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှု၏ အတိုင်းအတာ၊ ပါဝင်သည့်အင်အားနှင့် သွင်ပြင်လက္ခဏာအရ စိတ်အနှောင့်အယှက်ဖြစ်စေပြီး ရန်လိုသည့် သဘောကို ထင်ထင်ရှားရှား ပြသနေသည်ဟု KCNA ၏ သတင်းထုတ်ပြန်ချက်၌ အလေးအနက်ဖော်ပြထားကာ ထိုစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားအား လက်ဦးမှုယူ၍ အလစ်အငိုက်တိုက်ခိုက်ရန် ရည်ရွယ်သည့် အလွန်အန္တရာယ်များသော စစ်ရေးအရ ရန်စမှုဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။
ထို့ပြင် တောင်ကိုရီးယားက ပြုံယမ်းမြို့ပေါ်သို့ ဒရုန်းများ ပျံသန်းစေကာ မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ကြဲချခဲ့သည်ဟု ယခုလအစောပိုင်းက စွပ်စွဲထားခြင်းကို မြောက်ကိုရီးယား၏ သတင်းထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြထားကာ အမေရိကန်၏ ပါဝင်ပတ်သက်မှုအား အပြစ်တင်ခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် ROK ၏ အကြောက်အလန့်မရှိ ရန်စသော လုပ်ရပ်များ၏ နောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျှိုးရှိနေသည့် အမေရိကန်၏ အရိပ်မည်းကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း တောင်ကိုရီးယား၏ တရားဝင်အမည်ဖြစ်သော ကိုရီးယားသမ္မတနိုင်ငံ (Republic of Korea) ၏ အတိုကောက်အမည်ကို သုံးနှုန်း၍ မြောက်ကိုရီးယား၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“တောင်ကိုရီးယားက မြောက်ကိုရီးယား ပိုင်နက်ထဲမှာ နိုင်ငံရေးအကြောင်းရင်းနဲ့ မဟုတ်မမှန် ဝါဒဖြန့်မှုကို လွတ်လပ်စွာထုတ်ဖော်ခွင့်လို့ဆိုပြီး အမေရိကန်က အားပေးအားမြှောက်လုပ်နေသလို မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းတွေကို မကြာခဏဖြန့်ကြက်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မရပ်မနားပြုလုပ်ခြင်းအားဖြင့် သူ့ရဲ့မဟာမိတ်ကို ရန်လိုပြီး ဆောက်တည်ရာမရဖြစ်အောင် လှုံ့ဆော်နေတာဖြစ်တယ်” ဟုလည်း အဆိုပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ကိုရီးယားကျွန်းဆွယ်မှာ ဘယ်သူကမှ မလိုလားတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးမိပြီဆိုရင် ဒေသတွင်းမှာ တင်းမာမှုတွေ အရှိန်မြင့်တက်အောင်လုပ်နေတဲ့ အဓိကတရားခံနဲ့ ကြိုးကိုင်ခြယ်လှယ်သူဖြစ်တဲ့ အမေရိကန်က အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်” ဟုလည်း ယင်းထုတ်ပြန်ချက်၌ သတိပေးထားသည်။
အမေရိကန်နှင့်အတူ ပြုလုပ်သည့် “Freedom Flag” ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုအား အောက်တိုဘာ ၂၁ ရက်က စတင်ခဲ့ကာ နိုဝင်ဘာ ၁ ရက်အထိ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ဩစ‌တြေးလျ လေတပ်ကလည်း ဆီတင်လေယာဉ်တစ်စင်း စေလွှတ်ကာ ပူးပေါင်းပါဝင်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်က အောက်တိုဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်ဟု ယွန်ဟပ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
………………………………..
(English Version)
DPRK slams U.S. for military drill with allies
SEOUL, Oct. 26 (Xinhua) — The Foreign Ministry of the Democratic People’s Republic of Korea (DPRK) on Saturday condemned the United States for the latest military drill conducted with its allies, along with other provocations, saying these actions exacerbated the already heightened tensions on the Korean Peninsula.
In a press statement released by the official Korean Central News Agency (KCNA), the DPRK condemned Washington for staging a large-scale joint air drill, codenamed “Freedom Flag,” with South Korea and Australia, which the United States openly stated was directed at the DPRK.
Stressing the drill “shows the offensive and aggressive nature more vividly in its scale, content and character,” the statement called the drill “a very dangerous military provocation aimed at preemptive and surprise strike on the DPRK.”
In addition, the DPRK statement blamed the United States for its role, while reiterating the accusation earlier in the month of South Korea flying drones and dropping anti-DPRK leaflets over Pyongyang. It stated that the DPRK “keeps in sight the dark shadow of the U.S. which is hidden behind the fearless provocative acts of the ROK,” using the acronym for South Korea’s official name, the Republic of Korea.
“The U.S. has patronized the ROK’s scattering of political motivational rubbish over the DPRK territory as the so-called ‘freedom of expression’ and instigated the bellicose hysteria of its ally with frequent deployment of strategic assets and ceaseless joint military drills,” said the statement.
“If a situation that no one wishes is created on the Korean Peninsula, the U.S., the arch-criminal and mastermind escalating the tensions in the region, will be held wholly responsible for it,” the statement warned.
The South Korean air force said on Thursday the combined “Freedom Flag” air drill with the United States began on Monday and will continue until Nov. 1, with the Australian air force participating by deploying an air tanker, according to a Yonhap news agency report. Enditem
English Caption
A military parade is held at Kim Il Sung Square in central Pyongyang, the capital of the Democratic People’s Republic of Korea (DPRK), on July 27, 2023 in commemoration of the 70th anniversary of the victory of the country’s Fatherland Liberation War. (Xinhua/Yao Dawei)