Connect with us

Africa & Middle East

ဂါဇာနှင့် လက်ဘနွန်တို့တွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ အီဂျစ်နှင့် ကာတာ ဆွေးနွေး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ် သမ္မတ အက်ဘ်ဒယ်-ဖာတာ အယ်လ်-စီစီ (ယာ) နှင့် ကာတာစော်ဘွား ရှိတ်ခ်တာမင် ဘင်ဟာမက် အယ်သနီတို့ တွေ့ဆုံနေပုံကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Egyptian Presidency/Handout via Xinhua)

ကိုင်ရို၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အက်ဘ်ဒီလက်တီနှင့် ကာတာ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက် ဘင်အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ်သနီတို့က ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်နိုင်ငံတွင် တိုက်ပွဲများရပ်တန့်ရေးအတွက် ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍ အောက်တိုဘာ ၂၉ ရက်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးရာတွင် အက်ဘ်ဒီလက်တီနှင့် အယ်သနီတို့က ဂါဇာဒေသ၌ အမြန်ဆုံး အပစ်အခတ်ရပ်စဲနိုင်ရေး၊ စစ်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးနေသော ယင်း‌ဒေသသို့ လူသားချင်းစာနာမှု အကူအညီများ ချောချောမောမော ရောက်ရှိနိုင်ရေးအတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံ နိုင်ငံခြား‌ရေးဝန်ကြီးနှစ်ဦးက လက်ဘနွန်နိုင်ငံတွင် ဖြစ်‌ပေါ်နေသော ပဋိပက္ခ၏ လတ်တလော အခြေအနေများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကာ မြန်မြန်ဆန်ဆန် အပစ်အခတ်ရပ်စဲမှုရရှိရန်၊ လက်ဘနွန်ပြည်သူများထံ အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် အရေးကြီးကြောင်းလည်း ၎င်းတို့က အလေးအနက်ပြောကြားခဲ့သည်။
ထို့ပြင် ဒေသတွင်း၌ ဖြစ်ပွားနေဆဲ ပဋိပက္ခများ ပိုမိုကျယ်ပြန့်မလာအောင် တားဆီး‌ရေးအတွက် ကြိုးပမ်းနေမှုများကိုလည်း ၎င်းတို့က အလေးထားပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ယမန်နှစ် အောက်တိုဘာလ၌ အစ္စရေးနိုင်ငံနှင့် ဟားမက်စ်အဖွဲ့အကြား စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အီဂျစ်၊ ကာတာနှင့် အမေရိကန်နိုင်ငံတို့က ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းလျက်ရှိသည်။
ယင်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို ပြီးခဲ့သည့်လများအတွင်း ဒိုဟာနှင့် ကိုင်ရိုမြို့၌ ပြုလုပ်ခဲ့သော်လည်း နှစ်ချီကြာမြင့်နေပြီဖြစ်သည့် အဆိုပါ ပဋိပက္ခအား အဆုံးသတ်စေမည့် မည်မည်ရရ သဘောတူညီမှုမျိုး မရရှိခဲ့ပေ။ (Xinhua)
……………………..
(English Version)
Egypt, Qatar discuss efforts to reach ceasefire in Gaza, Lebanon
CAIRO, Oct. 29 (Xinhua) — Egyptian Foreign Minister Badr Abdelatty and Qatari Prime Minister and Foreign Minister Sheikh Mohammed bin Abdulrahman bin Jassim Al Thani on Tuesday discussed efforts to end conflicts in the Gaza Strip and Lebanon.
In a phone conversation, Abdelatty and Al Thani touched upon their countries’ joint efforts to facilitate an immediate ceasefire in Gaza and secure delivery of humanitarian aid to the war-torn territory, the Egyptian Foreign Ministry said in a statement.
The two ministers also discussed the latest developments of the conflict in Lebanon, stressing the importance of reaching a rapid ceasefire while providing urgent humanitarian aid to the Lebanese people.
In addition, they underscored efforts to prevent the expansion of ongoing conflicts in the region, according to the statement.
Since the outbreak of the conflict between Hamas and Israel in October last year, Egypt, Qatar, and the United States have been working to mediate a ceasefire in Gaza.
Several rounds of talks in this regard have been held in Doha and Cairo over the past months but failed to produce any serious agreement to end the yearlong conflict. Enditem
English Caption
Egyptian President Abdel-Fattah al-Sisi (R) meets with Qatari Emir Sheikh Tamim bin Hamad Al Thani in Cairo, Egypt, on Nov. 10, 2023. (Egyptian Presidency/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.