Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ရစဉ်် (ဓာတ်ပုံ - Myanmar Fire Services Department )

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁ ဦး သေဆုံးကာ အခြားသူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာ စိုးရိမ်ရပြီး အခြားသူများမှာ အသေးစား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုတွင် ရေဘောက်ဆာကားနှင့် ဒိုင်နာကားတို့ တိုက်မိမှု ဖြစ်ကာ အရှိန်လွန်သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
One killed, 9 injured in car crash in Myanmar’s Yangon
YANGON, Oct. 30 (Xinhua) — One person was killed and nine others were injured in a car crash in Myanmar’s Yangon, an official from the Hlaingtharya Township Fire Services Department told Xinhua on Wednesday.
The accident occurred on Tuesday morning in Hlaingtharya township of Yangon, she said.
Among the injured, three sustained serious injuries, while the others had minor injuries, she added.
The collision involved a vehicle carrying a water tanker and a truck, and it was caused by excessive speeding, the official said. Enditem