Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

လိုက်ပ်ဇစ်နှင့် စတုဂတ်တို့ ဂျာမန်ဖလား နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်
အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဖလား ပွဲစဉ်များတွင် လိုက်ပ်ဇစ်အသင်းက စိန့်ပေါ်လီအား ၄-၂ ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ စတုဂတ်အသင်းကလည်း ကိုင်ဇာစတော့တန်အား နောက်ကျအနိုင်ဂိုးသွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ်များတွင် ဝုဖ်ဘတ်က ဒေ့ါမွန်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ကိုလုံးအသင်းကလည်း ဟိုလ်စတိန်းကီရယ်လ်အား ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ လေ‌‌ဗာကူဆင်အသင်းက တတိယတန်းမှ အက်စ်ဗီ အယ်လ်ဗာဘတ်အား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ အော့စ်ဘတ်အသင်းက ဒုတိယတန်းမှ ရှော်ကေးအသင်းအား ၃-၀ ဂိုးဖြင့်လည်းကောင်း၊ Karlsruher FC က Offenbacher Kickers အား ၂-၀ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
…..
အက်သလက်တီကို မင်နဲရိုးအသင်းက ရေးဗားပလိတ်အား ကျော်ဖြတ်ကာ ကိုပါလစ်ဘာတာဒိုးရက်စ် ဗိုလ်လုပွဲသို့ တက်ရောက်
အောက်တိုဘာ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါလစ်ဘာတာဒိုးရက်စ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုးအသင်းက အာဂျင်တီးနား ထိပ်တန်းကလပ် ရေးဗားပလိတ်နှင့် ဂိုးမရှိသရေကျပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က Belo Horizonte ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အက်သလက်တီကို မင်နဲရိုးအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားသည့်အတွက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
…..
မွန်ဂိုလီးယားနိုင်ငံက ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီအားကစားပြိုင်ပွဲသို့ အားကစားသမား ၈၀ ကျော် စေလွှတ်မည်
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့၌ ကျင်းပမည့် ၉ ကြိမ်မြောက် အာရှ‌ ဆောင်းရာသီအားကစားပြိုင်ပွဲသို့ အားကစားသမား ၈၀ ကျော်အား စေလွှတ်ကာ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း မွန်ဂိုလီးယား အမျိုးသားအိုလံပစ်ကော်မတီ (MNOC) က အောက်တိုဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။ (Xinhua)


……………………..
English Version)
Leipzig edge St. Pauli, Stuttgart secure hard-earned win to advance into German Cup last 16
Three first-half goals sent Leipzig through to the last 16 of the German Cup with a 4-2 win over St. Pauli on Tuesday. Elsewhere, Chris Fuhrich’s late winner helped Stuttgart progress after they defeated Kaiserslautern 2-1.
In other games on Tuesday, Borussia Dortmund crashed out after Jonas Wind’s overtime winner secured Wolfsburg a 1-0 victory. Luca Waldschmidt’s brace paved the way for Cologne’s 3-0 victory over Holstein Kiel. Jahn Regensburg downed Greuther Furth 1-0. Patrik Schick was on target twice as titleholders Bayer Leverkusen cruised 3-0 past third-division side SV Elversberg. Augsburg defeated second-division outfit Schalke 3-0, and Karlsruher FC beat Offenbacher Kickers 2-0.
…..
Atletico Mineiro eliminate River Plate to reach Copa Libertadores final
Brazil’s Atletico Mineiro advanced to the Copa Libertadores final after a goalless draw with Argentine giants River Plate on Tuesday.
Atletico clinched a 3-0 victory in last week’s first leg of the semifinal in Belo Horizonte and they defended resolutely at River’s Monumental stadium to earn a berth in the final at the same venue on November 30.
…..
Mongolia to send over 80 athletes to 9th Asian Winter Games
Mongolia will send more than 80 athletes to the 9th Asian Winter Games in Harbin, northeast China’s Heilongjiang Province, the Mongolian National Olympic Committee (MNOC) announced on Wednesday.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.