Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) China Smash ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်၌ ဂျာမနီမှ Sabine Winter နှင့် ယှဉ်ပြိုင်နေသော တရုတ်အားကစားသမား Wang Manyu ကို အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

–ရီးရဲလ်မက်ဒရစ်နှင့် အာဆင်နယ်တို့ ဘရာဇီးဆယ်ကျော်သက်ကစားသမား Reis ကို ခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်း
ရီးရဲလ်မက်ဒရစ်နှင့် အာဆင်နယ် အသင်းတို့သည် Palmeiras မှ ဆယ်ကျော်သက်ကစားသမား Vitor Reis ကို လက်မှတ်ထိုးခေါ်ယူရန် အပြိုင်အဆိုင်ကြိုးစားလျက်ရှိသည်။
ဘရာဇီးတွင် under-17 နှင့် under-20 အဆင့်တွင် ကစားခဲ့သော အသက် ၁၈ နှစ်အရွယ် Reis သည် ဘာစီလိုနာ၊ ချဲလ်ဆီးနှင့် လီဗာပူးလ်အသင်းများ၏ စိတ်ဝင်စားခြင်းခံနေရကြောင်း Lance သတင်းစာက အောက်တိုဘာ ၂ ရက်၌ သတင်းဖော်ပြခဲ့သည်။
….
–ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းသို့ မက်ဆီပြန်လာ
လီယွန်နယ်မက်ဆီသည် ဗင်နီဇွဲလားနှင့် ဘိုလီးဗီးယား အသင်းများနှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း အာဂျင်တီးနားအသင်းက ပြောခဲ့သည်။
….
— WTT China Smash: Ma Long နှင့် Wang Manyu တစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်သို့ ရောက်ရှိ
တရုတ်နိုင်ငံမှ စားပွဲတင်တင်းနစ်ကစားသမား Ma Long နှင့် ကမ္ဘာ့အဆင့် နံပါတ် ၃ Wang Manyu တို့သည် ကမ္ဘာ့စားပွဲတင်တင်းနစ်(WTT) China Smash ပြိုင်ပွဲ အမျိုးသားနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦး အဆင့်တွင် အသီးသီးအနိုင်ရရှိခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) China Smash ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်၌ ဂျာမနီမှ Dimitrij Ovtcharov နှင့် ယှဉ်ပြိုင်နေသော တရုတ်အားကစားသမား Zhou Qihao ကို အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………..
(English Version)
–Real Madrid, Arsenal in race to sign Brazilian teenager Reis
RIO DE JANEIRO, Oct. 2 (Xinhua) — Real Madrid and Arsenal are leading the race to sign highly rated Palmeiras teenager Vitor Reis, according to media reports in Brazil.
The 18-year-old, who has represented Brazil at under-17 and under-20 levels, has also attracted the interest of Barcelona, Chelsea and Liverpool, news outlet Lance reported on Wednesday.
….
–Messi returns to Argentina squad for World Cup qualifiers
BUENOS AIRES, Oct. 2 (Xinhua) — Lionel Messi has returned to Argentina’s squad for FIFA World Cup qualifiers against Venezuela and Bolivia, the South American country’s football association said on Wednesday.
….
–WTT China Smash: Ma Long, Wang Manyu cruise into singles last 16
BEIJING, Oct. 2 (Xinhua) — Chinese veteran Ma Long and world No. 3 Wang Manyu claimed victory in the men’s and women’s singles round of 32, respectively, at the World Table Tennis (WTT) China Smash on Wednesday.
Photo 1: Wang Manyu serves during the women’s singles 2nd round match between Wang Manyu of China and Sabine Winter of Germany at 2024 World Table Tennis (WTT) China Smash in Beijing, China, Oct. 2, 2024. (Xinhua/Xiao Yijiu)
Photo 2: Dimitrij Ovtcharov hits a return during the men’s singles 2nd round match between Zhou Qihao of China and Dimitrij Ovtcharov of Germany at 2024 World Table Tennis (WTT) China Smash in Beijing, China, Oct. 2, 2024. (Xinhua/Xiao Yijiu)