Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် အဓိကပါတီများနှင့် ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ် (ယာ) ကျမ်းသစ္စာကျိန်ဆိုနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက် တွေ့ရစဉ် (ဓာတ်ပုံ- Bangladesh's Press Information Department/Handout via Xinhua)

ဒါကာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရသည် ပြုပြင်ပြောင်းလဲရေးအတွက် အဓိကပါတီများနှင့် အောက်တိုဘာ ၅ ရက်တွင် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုင်ပင်ခံချုပ် မိုဟာမက် ယူနွတ်နှင့် အခြားအတိုင်ပင်ခံများက ဆွေးနွေးပွဲတွင် ပါဝင်မည်ဟု အတိုင်ပင်ခံချုပ်၏ ပြန်ကြားရေးအတွင်းဝန် ရှဖီးလ်ကွေလ်အလမ်က ပြောခဲ့သည်။
ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ပြုပြင်ပြောင်းလဲရေးကော်မရှင် ခြောက်ခု၏ လုပ်ငန်းများ တိုးတက်မှု အခြေအနေကို အဓိကနိုင်ငံရေးပါတီများအား အသိပေးရန်၊ နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအခြေအနေကို ဆွေးနွေးရန်နှင့် ၎င်းတို့ထံမှ အကြံပြုချက်များတောင်းခံရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အတိုင်ပင်ခံချုပ် မိုဟာမက် ယူနွတ်က စက်တင်ဘာ ၁၁ ရက်၌ နိုင်ငံအား ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ရွေးကောက်ပွဲစနစ်၊ ရဲတပ်ဖွဲ့၊ တရားစီရင်ရေး၊ အများပြည်သူဆိုင်ရာစီမံခန့်ခွဲမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင် စသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကော်မရှင် ခြောက်ခု ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေး လျင်မြန်စွာအဆင့်မြှင့်တင်ပြီးနောက် ရွေးကောက်ကျင်းပရန် ဆုံးဖြတ်ချက်ကိုလည်း ယူနွတ်က ပြောကြားထားပြီးဖြစ်ကြောင်း သိရသည်။
ယူနွတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ၏ အကြီးအကဲအဖြစ် ဩဂုတ် ၈ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ (Xinhua)
………………………….
(English Version)
Bangladesh’s interim gov’t goes for dialogue with major parties on reforms
DHAKA, Oct. 3 (Xinhua) — The Bangladeshi interim government will hold a dialogue on reforms with the major political parties on Saturday.
Shafiqul Alam, press secretary of the country’s chief adviser, told reporters at a press conference in Dhaka Wednesday that Chief Adviser Muhammad Yunus and other advisers will take part in the dialogue.
He said the main objective of the dialogue is to inform the major political parties about progress over the six reform commissions’ work and discuss the law and order situation of the country and seek their suggestions.
In his address to the nation on Sept. 11, Yunus announced the formation of six commissions for reforms in the electoral system, police, judiciary, public administration, constitution and Anti-Corruption Commission. Yunus has already expressed his determination to quickly advance reforms and hold an election thereafter.
Yunus took oath as the head of the country’s interim government here on Aug. 8.
Photo: Bangladeshi economist Muhammad Yunus (R) takes oath as the head of the country’s interim government in Dhaka, Bangladesh, Aug. 8, 2024. (Bangladesh’s Press Information Department/Handout via Xinhua)