Connect with us

Myanmar

မြန်မာနိုင်ငံ အရှေ့ပိုင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀,၀၀၀ ပြား သိမ်းဆည်းရမိ

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်အတွင်း သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဉ် (ဓာတ်ပုံ - CCDAC MYANMAR )

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်မှုများအရ သိရသည်။
ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်က မော်တော်ဆိုင်ကယ်တစ်စီးအား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,၀၀၀ ပြား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုနေ့တွင်ပင် မိုင်းဆတ်မြို့နယ် မယ်နင်ကျေးရွာအနီး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သက်သေများနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ စုစုပေါင်း ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၅ သန်းရှိကြောင်း ထုတ်ပြန်မှုများအရ သိရသည်။
ယင်းဖြစ်စဉ်များတွင် ပါဝင်သည့် သံသယရှိသူ ၃ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်း သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိသူအား တွေ့ရစဉ် (ဓာတ်ပုံ – CCDAC MYANMAR )

………………………..
(English Version)
250,000 stimulant tablets seized in eastern Myanmar
YANGON, Oct. 8 (Xinhua) — Myanmar police seized 250,000 stimulant tablets in eastern Myanmar’s Shan State, according to the Central Committee for Drug Abuse Control (CCDAC) on Tuesday.
Acting on a tip-off, the joint anti-narcotics task force inspected a motorcycle in Yatsauk Township of Shan State on Oct. 7 and confiscated 150,000 stimulant tablets.
On the same day, they inspected another motorcycle in Mong Hsat township of Shan State and seized an additional 100,000 stimulant tablets, the committee said.
The total street value of the seized drugs is 115 million kyats (about 54,761 U.S. dollars), it added.
Three suspects involved in the cases have been charged under the country’s laws, and a further investigation was underway, it said. Enditem