Connect with us

Africa & Middle East

အစ္စရေးနှင့် အမေရိကန်အား ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု အီရန် ထိပ်တန်းခေါင်းဆောင် ပြောကြား

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးနေသည့် အီရန် ထိပ်တန်းခေါင်းဆောင် အလီခါမေနီအား ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အီရန် ထိပ်တန်းခေါင်းဆောင် အလီခါမေနီက အစ္စရေးနှင့် အမေရိကန်တို့အနေဖြင့် အီရန်နှင့် ခုခံတွန်းလှန်ရေးတပ်ဦးအား တိုက်ခိုက်မှုများအတွက် ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်က အခိုင်အမာပြောကြားခဲ့သည်ဟု ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။
တီဟီရန်မြို့၌ ကျောင်းသားများအား မိန့်ခွန်းပြောကြားစဉ် ခါမေနီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ အစ္စရေးနှင့် ယင်းအား အဓိက ကျောထောက်နောက်ခံပေးနေသည့် အမေရိကန်တို့အနေဖြင့် အီရန်နှင့် အနောက်အာရှရှိ ခုခံတွန်းလှန်ရေး အုပ်စုများအား စစ်ရေးအရ တိုက်ခိုက်မှုအတွက် ဒဏ်ခတ်ခံရလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။ “ရန်သူတွေဟာ ပြင်းထန်တဲ့တုံ့ပြန်မှုကို မလွဲမသွေ ကြုံရပါလိမ့်မယ်” ဟုလည်း ၎င်းက ထပ်‌လောင်းပြောကြားခဲ့သည်။
အီရန်အနေဖြင့် “ကမ္ဘာတစ်ဝန်း မောက်မာထောင်လွှားမှု” ကို တန်ပြန်ရန် စစ်ရေး၊ နိုင်ငံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအမံများကို အပြည့်အဝ ပြင်ဆင်ထားသည်ဟု အမေရိကန်နှင့် မဟာမိတ်များကို အီရန်တာဝန်ရှိသူများက ရည်ညွှန်းလေ့ရှိသည့် စကားရပ်အား သုံးနှုန်းပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်း မောက်မာထောင်လွှားမှုကို တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန်လည်း ခါမေနီက အီရန်ပြည်သူများအား တိုက်တွန်းခဲ့သည်။
ယင်းတိုက်ခိုက်မှုများအား အမေရိကန်က ထောက်ခံအားပေးမှုသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အမေရိကန်က သူတော်ကောင်းဟန်ဆောင်၍ ပြောဆိုနေခြင်းကို လှစ်ဟပြနေသည်ဟု မကြာသေးမီက ဂါဇာဒေသနှင့် လက်ဘနွန်နိုင်ငံတို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ရည်ညွှန်း၍ ခါမေနီက အခိုင်အမာပြောကြားခဲ့သည်။
မကြာသေးမီက အီရန်၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံရှိ ပစ်မှတ်များအား အတိအကျပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စရေးကာကွယ်ရေးတပ်က ကြေညာခဲ့သည်။
အီရန်၏ လေကြောင်းရန်ကာကွယ်ရေး ဌာနချုပ်ကမူ အစ္စရေး၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ တန်ပြန်ဟန့်တားနိုင်ခဲ့သည့်အတွက် အပျက်အစီး အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
Iran’s supreme leader vows “teeth-breaking response” against Israel, U.S.
TEHRAN, Nov. 2 (Xinhua) — Iran’s Supreme Leader Ali Khamenei vowed on Saturday that Israel and the United States would face a “teeth-breaking response” for their actions against Iran and “the resistance front,” according to a statement on his official website.
Speaking to students in Tehran, Khamenei warned that both Israel and its primary supporter, the United States, would be punished for their military action against Iran and “resistance groups” in West Asia. “The enemies… will undoubtedly receive a teeth-breaking response,” he stated.
He added that Iran was fully prepared with military, political, and logistical measures to counter “global arrogance” — a term Iranian officials use to refer to the U.S. and its allies. Khamenei also urged the Iranian people to fight against the “global arrogance” decisively without hesitation.
Referring to recent Israeli strikes on Gaza and Lebanon, Khamenei argued that U.S. support for these attacks exposed “the hypocrisy of American human rights claims.”
The Israel Defense Forces announced last week that it conducted “precise and targeted” airstrikes on targets in Iran in response to recent attacks from the country.
Iran’s air defense headquarters said it successfully countered the Israeli attacks, which resulted in only “limited damage.” Enditem
English Caption
Iran’s Supreme Leader Ali Khamenei casts his vote at a polling station in Tehran, Iran, March 1, 2024. (Xinhua/Shadati)