Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီက တည်ဆောက်ထားသော နိုင်ရိုဘီ အမြန်လမ်းမကြီးက အစိမ်းရောင် ကူးလူးသွားလာမှု၊ ဆန်းသစ်တီထွင်မှုအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ခံရ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ နိုင်ရိုဘီ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်များသွားလာနေပုံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်ထားသော ၂၇.၁ ကီလိုမီတာရှိ နိုင်ရိုဘီ အမြန်လမ်းမကြီးက ကင်ညာနိုင်ငံနှင့် အရှေ့အာဖရိက ဒေသတစ်လွှား၌ စိမ်းလန်း၍ အဆင်ပြေချောမွေ့စွာ ကူးလူးသွားလာမှုများကို အဆင့်မြှင့်တင်ပေးမှုအတွက် ဂုဏ်သိက္ခာကြီးသော ဆု ၄ ဆုအား နိုဝင်ဘာ ၁ ရက် ညနေခင်းက လက်ခံရရှိခဲ့သည်။
ကင်ညာနိုင်ငံနှင့် ဒေသတစ်လွှား၌ သယ်ယူပို့ဆောင်ရေးနယ်ပယ်တွင် ထူးချွန်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ်၌ စတင်ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် နှစ်ပတ်လည် Africa Mashariki သယ်ယူပို့ဆောင်ရေးဆိုင်ရာဆု (AMTA) ဆုပေးပွဲ၌ ယင်းအမြန်လမ်းမကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ BH Media Agency နှင့် ကင်ညာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနတို့က ပူးတွဲစီစဉ်ပြုလုပ်သည့် AMTA ဆုတံဆိပ်များသည် ရေရှည်တည်တံ့မှု၊ ထိရောက်အကျိုးရှိမှုနှင့် သုံးစွဲသူများအပေါ် ဗဟိုပြုသော ဝန်ဆောင်မှုကဏ္ဍတို့တွင် ထူးချွန်ပြောင်မြောက်သော မှတ်တမ်းများရှိသည့် အဖွဲ့အစည်းများအား အသိအမှတ်ပြုခြင်းဖြစ်သည်။
အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပခဲ့သည့် တတိယအကြိမ် နှစ်ပတ်လည် ATMA Expo and Gala အခမ်းအနားမတိုင်မီ ယင်းဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ခြင်းဖြစ်ကာ အခမ်းအနားတက်ရောက်သူ အသီးသီးက “သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုအတွက် အချက်အလက်အခြေပြုသော ချဉ်းကပ်မှု” ဟူသည့် ခေါင်းစဉ်အောက်တွင် တီထွင်ဆန်းသစ်မှုများကို ထုတ်ဖော်ပြသခဲ့သည်။

နိုင်ရိုဘီ အမြန်လမ်းမကြီးသည် တစ်နှစ်တာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံဆု၊ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဆု၊ နည်းပညာဆိုင်ရာ အကောင်းဆုံး တီထွင်ဆန်းသစ်မှုဆုနှင့် Corporate Road Safety Initiative of the Year ဆု စသည့် အဓိကဂုဏ်ပြုဆု ၄ ဆုအား လက်ခံရရှိခဲ့သည်။ ယင်းဂုဏ်ပြုဆုများက ကုမ္ပဏီအနေဖြင့် အသုံးပြုသူများ စိတ်ကျေနပ်မှုရှိရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု သက်သာစေသော ကူးသန်းသွားလာမှု၊ အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ် အစဉ်တစိုက်အလေးထားမှုကို ထပ်လောင်းအတည်ပြုခြင်းဖြစ်ကြောင်း နိုင်ရိုဘီ အမြန်လမ်းမကြီး၏ ပြောခွင့်ရသူ Jeanne May Ong’iyo က ဆိုသည်။

“မိမိတို့အနေနဲ့ အသုံးပြုသူတွေရဲ့ အတွေ့အကြုံတွေကို ဆက်လက်မြှင့်တင်ပေးဖို့တင်မကဘဲ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဒီလုပ်ငန်းနယ်ပယ်က စိတ်တူကိုယ်တူရှိသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် နိုင်ရိုဘီ အမြန်လမ်းမကြီးအား စတင်တည်ဆောက်ခဲ့ကာ ၂၀၂၂ ခုနှစ် မေလတွင် စတင်ခဲ့သည့် စမ်းသပ်ကာလ အောင်မြင်ပြီးနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အဆိုပါလမ်းမကြီးအား တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နိုင်ရိုဘီ အမြန်လမ်းမကြီးအား စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အဓိကလေဆိပ်နှင့် အထက်တန်းကျသော Westlands အရပ်ဒေသ တည်ရှိရာ နိုင်ရိုဘီမြို့ တောင်ပိုင်းရှိ နေရာဒေသများအကြား ခရီးကြာမြင့်ချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ကာ အသွားအလာအများဆုံး အချိန်အတွင်း ကြာမြင့်ချိန် နှစ်နာရီမှ မိနစ် ၂၀ အထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………..
(English Version)
Chinese-built Nairobi Expressway wins awards for green mobility, innovation
NAIROBI, Nov. 2 (Xinhua) — The 27.1-kilometer Nairobi Expressway, built by a Chinese firm, received four prestigious awards on Friday evening for advancing green and seamless mobility in Kenya and across the East African region.
The expressway garnered acclaim at the third annual Africa Mashariki Transport Award (AMTA), an event established in 2022 to honor excellence in transport across Kenya and the broader region. Hosted by BH Media Agency in collaboration with Kenya’s Ministry of Roads and Transport, the AMTA awards recognize organizations with outstanding records in sustainability, efficiency and customer-centered service.
The award ceremony took place ahead of the third annual ATMA Expo and Gala, which ran from Wednesday to Friday, bringing together a diverse range of participants to showcase innovations under the theme “Data-Driven Approach to Safety in Transport.”
The Nairobi Expressway received four major honors: Road Transport Infrastructure of the Year, Sustainable Transport, Best Technological Innovation and Corporate Road Safety Initiative of the Year. Speaking on the recognition, Jeanne May Ong’iyo, spokesperson for the Nairobi Expressway, said the awards reaffirm the company’s dedication to customer satisfaction, green mobility and positive economic impact.
“We are committed to continually enhancing the customer experience and partnering with like-minded industry players to deliver world-class service,” Ong’iyo said.
Construction of the Nairobi Expressway began in September 2020, and the road was officially launched in July 2022 after a successful trial period that started in May 2022. Since its launch, the toll road has significantly cut travel time between Nairobi’s southern areas, home to the main airport, and the upscale Westlands suburb, from two hours during peak times to just 20 minutes. Enditem
English Caption
Vehicles run on the Nairobi Expressway in Nairobi, Kenya, Feb. 6, 2023. (Xinhua/Han Xu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.