Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— မန်စီးတီး ရှုံးပွဲတွေ့ကာ လီဗာပူးလ်က ဘရိုက်တန်အား အနိုင်ယူ၍ အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိ
နိုဝင်ဘာ ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လီဗာပူးလ်အသင်းက ဘရိုက်တန်အား အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ မန်ချက်စတာစီးတီးက ဘုန်းမောက်အား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လီဗာပူးလ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းမှာ ဦးဆောင်ဂိုးအသွင်းခံခဲ့ရပြီးမှ သုံးမိနစ်အတွင်း နှစ်ဂိုးပြန်လည်သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဘရိုက်တန်အသင်းမှ ဖာဒီ ကာဒီယိုဂလူက အန်ဖီးကွင်း၌ အိမ်ရှင်လီဗာပူးလ်အား ပွဲချိန် ၁၄ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ကိုဒီ ဂတ်ပိုက ပွဲချိန် ၆၉ မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး ပွဲချိန် ၇၂ မိနစ်တွင် မိုဟာမက် ဆာလာက ညာခြမ်းမှ ဘရိုက်တန်ဂိုးဧရိယာထဲသို့ ချိုးဝင်ကာ ဂိုးအပေါ်ထောင့်သို့ ဘယ်ခြေဖြင့် ကန်သွင်း၍ လီဗာပူးလ်အတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
…..
— စပိန်လာလီဂါပွဲစဉ်များတွင် အိုဆာဆူနာ၊ ဂျီရိုနာနှင့် အလာဗက်စ်တို့ အိမ်ကွင်း၌ အသီးသီးအနိုင်ရရှိ
နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်များအနက် အိုဆာဆူနာနှင့် ဗယ်လာဒိုးလစ် အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင် အိုဆာဆူနာအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား၌ ထိပ်ဆုံးလေးသင်းထဲတွင် ပါဝင်လာခဲ့သည်။
ဂျီရိုနာအသင်းကလည်း အိမ်ကွင်း၌ လီဂါနက်စ်အား ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ဖက် အပြန်အလှန် ဂိုးများသွင်းယူခဲ့သည့် အဆိုပါပွဲစဉ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။ အခြား ပွဲစဉ်တစ်ပွဲဖြစ်သည့် အလာဗက်စ်နှင့် မာယော့ကာအသင်းတို့၏ ပွဲစဉ်တွင် အလာဗက်စ်က အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ငါးပွဲဆက်ရှုံးနိမ့်မှုကို အဆုံးသတ်နိုင်ခဲ့သည်။
…..
— WTT Contender Muscat စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်အသင်းက ချန်ပီယံဆုတံဆိပ် ၅ ခု ဆွတ်ခူးရရှိ
နိုဝင်ဘာ ၂ ရက်က အိုမန်နိုင်ငံ၏မြို့တော်၌ ကျင်းပပြီးစီးခဲ့သည့် World Table Tennis (WTT) Contender Muscat စားပွဲတင်းနစ်ပြိုင်ပွဲတွင် တရုတ်အသင်းက ချန်ပီယံဆုတံဆိပ် ၅ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ဆက်လက်၍ တရုတ်စားပွဲတင်တင်းနစ်အသင်းသည် နိုဝင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် WTT Champions Frankfurt ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
…..
— Hong Kong Open ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်တင်းနစ်မယ်က ဗြိတိန်တင်းနစ်မယ်အား ရှုံးနိမ့်
နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA Hong Kong Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်တင်းနစ်မယ် ယွမ်ယွဲ့က ဗြိတိန်နံပါတ်တစ် တင်းနစ်မယ် ကေတီဘူလ်တာအား ရှုံးနိမ့်ခဲ့သည်။ ယွမ် (ဆီဒင်-၆) အနေဖြင့် ပွဲချိန်အစောပိုင်းတွင် ပုံမှန်လက်စွမ်းရရန် ရုန်းကန်ခဲ့ရပြီး ပထမပွဲတွင် ၂-၆ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဒုတိယပွဲတွင်မူ ယွမ်က အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ ၇-၅ ဖြင့် အနိုင်ရခဲ့သည်။
သို့သော် တတိယပွဲတွင် ဘူလ်တာ (ဆီဒင်-၂) က အားပါသော လက်သင့်ရိုက်ချက်များ အသုံးပြုကာ ပွဲကိုထိန်းချုပ်ကစားခဲ့ပြီး အနိုင်ရရှိခဲ့သဖြင့် ၂ နာရီနှင့် ၃၄ မိနစ်ကြာ ယှဉ်ပြိုင်ကစားပြီးနောက် ၆-၂၊ ၅-၇၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)


…………………………
(English Version)
Roundup: Liverpool back on top after Brighton win, Man City defeated in Bournemouth
Liverpool returned to the top of the Premier League on Saturday after two goals in three minutes saw it come back from a goal down to win 2-1 at home to Brighton, while Manchester City’s bad week continued with a 2-1 defeat in Bournemouth.
Ferdi Kadioglu put Brighton ahead at Anfield when he got on the end of a deflected cross from Kaoru Mitoma after just 14 minutes.
Liverpool turned the game around with two quick-fire goals in the second half, with Cody Gakpo following his midweek goal against Brighton, with another against them, when he lashed home after 69 minutes. Mohamed Salah scored the winning goal four minutes later when he cut inside from the right and fired a left-foot shot into the top corner of the Brighton goal.
…..
Osasuna, Girona and Alaves all claim home wins in La Liga
Osasuna moved into the top-four of La Liga on Saturday after a 1-0 win at home to struggling Valladolid in its El Sadar Stadium.
Girona won a thrilling game 4-3 at home to Leganes, with the visitors fighting back twice from a goal down and then threaten to do so again in the closing minutes. On Friday night Alaves ended a five-game losing streak with a 1-0 win at home to Mallorca.
…..
China sweeps 5 titles at WTT Contender Muscat
China claimed all five titles as the World Table Tennis (WTT) Contender Muscat concluded in the capital of Oman on Saturday. Next, the Chinese team will compete in the WTT Champions Frankfurt, scheduled from November 3 to 10.
…..
China’s Yuan falls to Britain’s Boulter in Hong Kong Open semifinals
China’s Yuan Yue lost to British No. 1 Katie Boulter in the semifinals of the WTA Hong Kong Open here on Saturday. The sixth seed struggled to find her rhythm early, dropping the first set 6-2. Trailing 3-1 in the second set, Yuan rallied to take it 7-5.
However, Boulter, the second seed, took control in the third by using her powerful forehand to secure the victory 6-2, 5-7, 6-2 after two hours and 34 minutes.