Connect with us

Africa & Middle East

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဘလင်ကန်တို့ ဂါဇာနှင့် လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများအတွက် ဆွေးနွေး

ကိုင်ရို၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့သည် ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးများအတွက် ကြိုးပမ်းအားထုတ်မှုများကို နိုဝင်ဘာ ၂ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သံတမန်နှစ်ဦး တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုကြရာတွင် ဂါဇာ၌ ချက်ချင်းအပစ်အခတ်ရပ်စဲရေး ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးဝါးနေသော ယင်းဒေသ၌ နေထိုင်သူများထံ အကူအညီပေးပို့ရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ထိုသို့ဆွေးနွေးပြောဆိုစဉ် ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဟန့်တားထားခြင်းနှင့် Near East ဒေသရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ကို တားမြစ်ခြင်း လုပ်ဆောင်မှုများကို Abdelatty က ရှုတ်ချခဲ့သည်။
ထို့ပြင် လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကိုလည်း တာဝန်ရှိသူနှစ်ဦးက သုံးသပ်ဆွေးနွေးခဲ့ကြသည်။ လက်ဘနွန်ပိုင်နက်နယ်မြေအတွင်း အစ္စရေးနိုင်ငံ၏ ကျူးကျော်မှုနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကို Abdelatty က ပြစ်တင်ရှုတ်ချခဲ့သည်။
ထို့နောက် ချက်ချင်း အပစ်အခတ်ရပ်စဲမှု ရရှိရေး၊ စစ်ပြေငြိမ်းမှု ရရှိရေး၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အပြည့်အဝအကောင်အထည်ဖော်ရေး၊ လက်ဘနွန်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပံ့ပိုးရေး စသည်တို့အတွက် နိုင်ငံတကာ စုပေါင်းကြိုးပမ်းအားထုတ်ကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ယမန်နှစ် အောက်တိုဘာလက အစ္စရေးနှင့် ဟားမက်စ်ကြား ပဋိပက္ခစတင်ဖြစ်ပွားသည့်အချိန်မှစ၍ အီဂျစ်၊ ကာတာနှင့် အမေရိကန် နိုင်ငံတို့သည်အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်မှုများ အစဉ်တစ်စိုက် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပဋိပက္ခသည် အစ္စရေးနှင့် ဟားမက်စ်၏ ဒေသတွင်းမိတ်ဖက်ဖြစ်သော ဟစ်ဇ်ဘိုလာတို့ကြား ထိပ်တိုက်ရင်ဆိုင်မှု အရှိန်မြင့်တက်လာစေခဲ့သည်။ (Xinhua)
……………………….
(English Version)
Egyptian FM, Blinken discuss ceasefire efforts in Gaza, Lebanon
CAIRO, Nov. 3 (Xinhua) — Egyptian Foreign Minister Badr Abdelatty and U.S. Secretary of State Antony Blinken discussed on Sunday efforts toward ceasefires in the Gaza Strip and Lebanon.
During a phone conversation, the two diplomats discussed ongoing efforts to reach an immediate ceasefire in Gaza and provide aid to people there in light of its worsening humanitarian situation, the Egyptian Foreign Ministry said in a statement.
Abdelatty, in the talk, condemned Israel’s blocking of Gaza-bound humanitarian aid and measures against the UN Relief and Works Agency for Palestine Refugees in the Near East.
Meanwhile, the two officials reviewed the developments in Lebanon. Abdelatty slammed Israel’s incursion into Lebanese territory and its targeting of the UN Interim Force in Lebanon in violation of international law.
He called for concerted international efforts to achieve an immediate ceasefire, establish a truce, fully implement UN Resolution 1701, and provide humanitarian support for Lebanon.
Egypt, Qatar, and the United States are continuing their efforts to broker a ceasefire in Gaza since the conflict between Israel and Hamas started last October. The conflict has led to an escalation of confrontations between Israel and Hamas’ regional ally Hezbollah.