International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်က အေစီမီလန်အား အိမ်ကွင်း၌ ရှုံးနိမ့်
နိုဝင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် အေစီမီလန်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီးရဲလ်အသင်းက အိမ်ကွင်း၌ ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် ကြီးမားသော အဟန့်အတားနှင့် ကြုံတွေ့ရလျက်ရှိသည်။
အဆိုပါ ရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပထမဆုံးလေးပွဲတွင် ခြောက်မှတ်သာ ရယူနိုင်ခဲ့ပြီး နောက်လာမည့် ပွဲစဉ်မှာလည်း အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ နည်းပြ ကာလိုအန်ဆလော့တီအဖို့ ရီးရဲလ်အသင်း၏ စွမ်းဆောင်ရည် အားနည်းမှုအတွက် စိုးရိမ်စရာဖြစ်လာမည်ဖြစ်သည်။
…..
— ဗလင်စီယာကွင်းလယ်လူ ဘာရန်နီချီယာ အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံရ
လက်ရွေးစင်အသင်း၌ ရွေးချယ်ခံရဖူးခြင်းမရှိသည့် စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းမှ ကွင်းလယ်ကစားသမား အန်ဇို ဘာရန်နီချီယာအား ပါရာဂွေး၊ ပီရူးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် အာဂျင်တီးနားအသင်းလူစာရင်း၌ ထည့်သွင်းရွေးချယ်ထားသည်ဟု အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။
…..
WTA Finals အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပွဲစဉ်၌ ကိုကိုဂတ်ဖ်က လက်ရှိချန်ပီယံအား အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့တက်ရောက်
နိုဝင်ဘာ ၅ ရက်က ရီယတ်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် WTA Finals တင်းနစ်ပွဲစဉ်၌ အမေရိကန် တင်းနစ်အကျော်အမော် ကိုကိုဂတ်ဖ်က လက်ရှိချန်ပီယံ အီဂါ ဆဝိုင်ယာတက်ခ်အား နှစ်ပွဲပြတ်အနိုင်ရရှိကာ အုပ်စုအဆင့်၌ နှစ်ပွဲဆက်အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ စောစီးစွာ တက်လှမ်းနိုင်ခဲ့သည်။
လိမ္မော်ရောင်အုပ်စု၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဒုတိယပွဲစဉ်၌ ဂတ်ဖ် (ဆီဒင်-၃) က ကာလရှည်ပြိုင်ဘက်ဖြစ်သူ ဆဝိုင်ယာတက်ခ် (ဆီဒင်-၂) နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးအနေဖြင့် ယခင်က ၁၂ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ဆဝိုင်ယာတက်ခ်က ၁၁ ကြိမ် အနိုင်ရရှိခဲ့သည်။
……………………….
(English Version)
Real Madrid beaten at home to AC Milan to complicate Champions League
MADRID, Nov. 5 (Xinhua) — Real Madrid’s qualification for the knockout stage of the Champions League suffered a major setback on Tuesday when it was beaten 3-1 at home to AC Milan.
The defeat leaves Real Madrid with six points from its first four matches in the tournament, with a visit to play Liverpool at Anfield next on the agenda, and more than the result, coach Carlo Ancelotti will be worried by a poor performance from his side, who had a rest at the weekend.
…..
Midfielder Barrenechea earns Argentina call-up for World Cup qualifiers
Uncapped Valencia midfielder Enzo Barrenechea has been included in Argentina’s squad for World Cup qualifiers against Paraguay and Peru, the Argentine football association said on Tuesday.
…..
Gauff defeats Swiatek to secure semifinal spot early at WTA Finals
American tennis star Coco Gauff defeated defending champion Iga Swiatek in straight sets at the WTA Finals in Riyadh on Tuesday, achieving her second consecutive group-stage win and securing an early place in the semifinals.
In the second-round match of the Orange Group singles, third seed Gauff faced second seed and longtime rival Swiatek. The two had previously met 12 times, with Swiatek winning 11 of those encounters.