International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က ဘင်ဖီကာအား ကျဉ်းမြောင်းသောရလဒ်ဖြင့် အနိုင်ရရှိ
နိုဝင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ဘင်ဖီကာအသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်-၄ တွင် ဘိုင်ယန်အသင်းက ဂျမားလ် မူစီယာလာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ်၌ နှစ်ပွဲဆက် ရှုံးနိမ့်ထားခြင်းကို ရပ်တန့်နိုင်ခဲ့သည်။
ဂျာမန်အသင်းကြီးတစ်သင်းဖြစ်သည့် ဘိုင်ယန်သည် ပွဲချိန်အစောပိုင်းကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကိုထိန်းချုပ်ထားခဲ့ကာ ဘင်ဖီကာအသင်းကမူ သတိထား၍ ထိန်းကစားခဲ့သည်။ ဘိုင်ယန်အသင်းက တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အခိုင်အမာအထိုင်ချထားသည့် ဧည့်သည်အသင်း၏ ခံစစ်အား ထိုးဖောက်နိုင်ရန် ရုန်းကန်ခဲ့ရသည်။ သို့သော် ပွဲချိန် ၆၇ မိနစ်တွင် ဘိုင်ယန်အသင်း တောင်ပံကစားသမား လီရွိုင်းဆာနေး၏ ဖြတ်တင်ဘောပေးပို့မှုအား ဟယ်ရီကိန်းက ပြန်လည်ဖန်တီးပေးမှုကို မူစီယာလာက အနီးကပ်ခေါင်းတိုက်၍ အနိုင်ဂိုးသွင်းယူခဲ့သည်။
…..
— အေစီမီလန်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီးရဲလ်ကွင်းလယ်လူ ချူအာမီနီ ခြေချင်းဝတ်ဒဏ်ရာရရှိ
ရီးရဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အော်ရီလီယန် ချူအာမီနီသည် အေစီမီလန်အသင်းအား ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေချင်းဝတ်အဆစ်လွဲသည့်ဒဏ်ရာ ရရှိခဲ့သဖြင့် တစ်လခန့် အနားယူရဖွယ်ရှိကြောင်း ရီးရဲလ်အသင်းက နိုဝင်ဘာ ၆ ရက်၌ အတည်ပြုခဲ့သည်။
အဆိုပါပွဲစဉ်တွင် ချူအာမီနီအား ပထမပိုင်း၌ အက်ဒွါဒို ကာမာဗင်ဂါနှင့် လူစားလဲလှယ်ခဲ့စဉ်က ၁-၂ ဂိုးဖြင့် ရှုံးနိမ့်နေစဉ် နည်းစနစ်ပိုင်းအရ လူစားလဲလှယ်မှု ဖြစ်ပုံပေါ်သော်လည်း ၎င်းအား ဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့ခြင်းဖြစ်ကြောင်း ရီးရဲလ်အသင်းဘက်က အတည်ပြုပြောကြားခဲ့သည်။
…..
— AFC ချန်ပီယံလိဂ်ပွဲစဉ်တွင် ပိုဟန်စတီလာအသင်းက ဆန်းတုန်းထိုက်ဆန်းအား အနိုင်ရရှိ
နိုဝင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ် AFC ချန်ပီယံလိဂ်ပွဲစဉ်တွင် တောင်ကိုရီးယားကလပ် ပိုဟန်စတီလာအသင်းက တရုတ်ကလပ် ဆန်းတုန်းထိုက်ဆန်းအသင်းအား အိမ်ကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
…..
တောင်အာဖရိကနှင့် ယှဉ်ပြိုင်မည့် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲအတွက် ယူဂန္ဓာအသင်း၏ လူစာရင်းအား ထုတ်ပြန်
၂၀၂၅ ခုနှစ် အာဖရိကနိုင်ငံများဖလား (AFCON) ပြိုင်ပွဲ ခြေစစ်ပွဲ၌ အုပ်စု-K ၏ အရေးပါသော ပွဲစဉ်တစ်ပွဲဖြစ်သည့် တောင်အာဖရိကအသင်းနှင့် ပွဲစဉ်မတိုင်မီ အကြိုပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ယူဂန္ဓာအသင်းနည်းပြချုပ် ပေါလ်ပွတ်ထ်က အသင်းလူစာရင်းအား နိုဝင်ဘာ ၆ ရက်၌ ကြေညာခဲ့သည်။
အုပ်စု-K တွင် ရမှတ် ၁၀ မှတ်ဖြင့် ဦးဆောင်လျက်ရှိသည့် ယူဂန္ဓာအသင်းက အုပ်စုဒုတိယနေရာရှိ တောင်အာဖရိကအသင်းအား ကမ်ပါလာမြို့ရှိ မန်ဒဲလား အမျိုးသားအားကစားကွင်းတွင် နိုဝင်ဘာ ၁၅ ရက်၌ ဧည့်ခံကစားရမည်ဖြစ်သည်။ (Xinhua)
……………………………
(English Version)
Bayern secures narrow win over Benfica in UEFA Champions League
After two successive defeats in the Champions League, Bayern Munich returned to winning ways as Jamal Musiala scored the only goal to beat Benfica in the fourth round on Wednesday.
The German giant controlled possession in the early stages, while Benfica remained cautious and passive. Bayern launched several attacks but struggled to break through the Portuguese visitor’s deep defense. Bayern finally broke the deadlock in the 67th minute when Leroy Sane crossed into the box, and Kane flicked the ball into the path of Musiala, who headed home from close range at the far post.
…..
Real Madrid confirms Tchouameni ankle injury in wake of AC Milan defeat in Champions League
Real Madrid’s French international midfielder, Aurelien Tchouameni, is likely to be out of action for around a month after the club on Wednesday confirmed he suffered a twisted ankle in their 3-1 Champions League defeat to AC Milan on Tuesday night.
Tchouameni was taken off at halftime and replaced by Eduardo Camavinga in what had looked like a tactical substitution as Madrid trailed 2-1 at the break. However, the club has now confirmed the player was changed due to injury.
…..
Pohang Steelers beats Shandong Taishan in AFC Champions League
South Korea’s Pohang Steelers defeated China’s Shandong Taishan 4-2 at home in the 2024-25 AFC Champions League Elite on Wednesday.
…..
Uganda names squad ahead of crucial AFCON qualifier against South Africa
Uganda Cranes’ head coach Paul Put has named his squad Wednesday that will embark on preparations ahead of a crucial Group K Africa Cup of Nations (AFCON) 2025 qualifier against South Africa.
The Cranes, who lead Group K with ten points, will host second-placed South Africa on November 15th at the Mandela National Stadium in Kampala.