Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ် ရာပြည့်ဂိုးသွင်းယူရန် လီဝန်ဒေါစကီး ရည်မှန်း
နိုဝင်ဘာ ၆ ရက် ညပိုင်းက ရက်စတား ဘဲလ်ဂရိတ်အသင်းအား ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၉၈ ဂိုးနှင့် ၉၉ ဂိုးမြောက် သွင်းဂိုးများကို ရယူနိုင်ခဲ့သည့် ဘာစီလိုနာအသင်းတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက အဆိုပါပွဲစဉ်၌ အသင်း၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုခဲ့သည်။
ဒုတိယပိုင်းတွင် ပိုလန်တိုက်စစ်မှူးအနေဖြင့် ဟက်ထရစ်သွင်းယူကာ ချန်ပီယံလိဂ်၌ ရာပြည့်ဂိုး သွင်းယူနိုင်မည့် အခွင့်အရေး ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။
…..
— အင်္ဂလန်အသင်း ယာယီနည်းပြ ကာစလေက အပြီးသတ်လူစာရင်းအား ရွေးချယ်
လာမည့် ဇန်နဝါရီလတွင် သောမတ်စ် တူချယ် အမြဲတမ်းနည်းပြအဖြစ် လွှဲပြောင်းတာဝန်မယူမီ အင်္ဂလန် လက်ရွေးစင်အသင်း ယာယီနည်းပြ လီကာစလေက အပြီးသတ်လူစာရင်းအား ရွေးချယ်ခဲ့ပြီး ခံစစ်ပိုင်းအတွက် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ အင်္ဂလန်အသင်းက နိုဝင်ဘာ ၁၄ ရက်၌ ဂရိအသင်းအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ သုံးရက်အကြာတွင် အိုင်ယာလန်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ အင်္ဂလန်အသင်းအနေဖြင့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ၌ ၎င်း၏အုပ်စုတွင် ထိပ်ဆုံးသို့ ပြန်ရောက်နိုင်ရန် ရည်မှန်းထားသည်။
အသင်းလူစာရင်းတွင် မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်း မပါဝင်နိုင်သော်လည်း နယူးကာဆယ် ဘယ်နောက်ခံလူ လူး၀စ္စဟောလ်နှင့် ဆောက်သမ်တန် ဗဟိုနောက်ခံလူ တေလာ ဟားဝုဒ်ဘဲလစ်စ်တို့အား ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူအားဖြည့်ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့်လများတွင် မန်ချက်စတာယူနိုက်တက် ကစားသမား လုခ်ရှော ဒဏ်ရာရရှိနေခြင်းကြောင့် ဘယ်နောက်ခံလူ ရွေးချယ်ရာတွင် ခေါင်းစားစရာဖြစ်ခဲ့သည်။
…..
— Chongqing Women’s Open ဂေါ့ဖ်ပြိုင်ပွဲ ပထမအဆင့်တွင် ကျိုးရှိယွမ်နှင့် ဆာရန်ပွန်းတို့ ပူးတွဲဦးဆောင်
နိုဝင်ဘာ ၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၄ ခုနှစ် Kove China Sports Lottery Chongqing Women’s Open ဂေါ့ဖ်ပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်များအပြီးတွင် အသက် ၁၄ နှစ်အရွယ် တရုတ်အပျော်တမ်း အမျိုးသမီးဂေါ့ဖ်ကစားသမား ကျိုးရှိယွမ်က စုစုပေါင်းရိုက်ချက် ၆၈ ချက်၊ လျှော့ရိုက်ချက် ၄ ချက်ဖြင့် ထိုင်းဂေါ့ဖ်ကစားသမား ဆာရန်ပွန်း ကိတ်ဆူဝမ်နှင့်အတူ ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
ကျိုးသည် ၎င်း၏လက်စွမ်းကို တစ်သမတ်တည်း ထိန်းထားနိုင်ခြင်းကြောင့် ပြည်တွင်းမှ ပရိသတ်များအဖို့ ရင်ဖိုစိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။ ထို့နောက် ၎င်းသည် နောက်ဆုံး ၉ ကျင်းတွင် လက်စွမ်းပိုကောင်းလာခဲ့ပြီး ဘာဒီ ၅ လုံးအထိ ရရှိကာ ဘိုဂီတစ်လုံးသာ ရှိခဲ့သည်။
…..
— တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ဘီးတပ်ကုလားထိုင် မာရသွန်ပြိုင်ပွဲ ကျင်းပ
ဘီးတပ်ကုလားထိုင်ဖြင့် ယှဉ်ပြိုင်ရသော အဖွင့်မာရသွန်ပြိုင်ပွဲအား တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့ရှိ ကမ္ဘာ့သဘာဝ အမွေအနှစ်နေရာ တစ်ခုဖြစ်သော Wulingyuan ၌ နိုဝင်ဘာ ၈ ရက်က လက်ခံကျင်းပခဲ့သည်။
အဆိုပါ မာရသွန်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၁၀၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၅ ကီလိုမီတာရှည်လျားသော ပြေးလမ်းတစ်လျှောက်တွင် လက်ဖြင့်လှည့်ရသော ဘီးတပ်ကုလားထိုင်များဖြင့် ယှဉ်ပြိုင်ရခြင်းဖြစ်ကာ အမျိုးသားပြိုင်ပွဲတွင် Li Bin ကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် Xu Chunfen ကလည်းကောင်း အသီးသီး ထိပ်ဆုံးမှပန်းဝင်ခဲ့သည်။ (Xinhua)


…………………….
(English Version)
Lewandowski eyeing 100th Champions League goal
FC Barcelona striker Robert Lewandowski, who scored his 98th and 99th Champions League goals in the 5-2 victory over Red Star Belgrade on Wednesday evening, praised his team for their performance in that match.
After the break, the Pole had a chance to score a hat-trick and mark his 100th goal in the Champions League, but missed the target.
…..
Changes in defense as Carsley names his final England squad
Interim England coach Lee Carsley has made some changes to his final squad before Thomas Tuchel takes over as full-time coach in January. England travels to Greece on November 14 and then entertains the Republic of Ireland three days later as they look to return to the top tier of the UEFA Nations League.
Meanwhile, Manchester City’s John Stones hasn’t made the squad, but Newcastle left-back Lewis Hall and Southampton centre-back Taylor Harwood-Bellis have both been given a first call-up. Left-back is a position that has given problems in recent months, especially as Manchester United’s Luke Shaw has struggled with injury.
…..
Zhou, Saranporn tie for first-round lead at golf Chongqing Women’s Open
14-year-old local amateur golfer Zhou Shiyuan carded a four-under 68, tying for the lead with Thailand’s Saranporn Katesuwan, after the first round of the 2024 Kove China Sports Lottery Chongqing Women’s Open on Thursday.
Zhou thrilled local fans with a consistent start, opening with nine consecutive pars. She then heated up on the back nine, sinking five birdies and recording only one bogey.
…..
China’s Hunan hosts inaugural wheelchair marathon
Central China’s Hunan Province hosted its inaugural wheelchair marathon on Thursday in Wulingyuan, a World Natural Heritage site in Zhangjiajie.
102 participants took part in the event, propelling their manual wheelchairs along a 5-kilometer route, with Li Bin and Xu Chunfen finishing first in men’s and women’s competitions, respectively.