Connect with us

Myanmar

မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ

၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုတစ်ရပ်အား တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ပြင်ဆင်လေ့ကျင့်မှုများ၊ အခြားလှုပ်ရှားမှုများဖြင့် ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာ ၉ ရက် နိုင်ငံပိုင်သတင်းစာ ကြေးမုံတွင် ဖော်ပြခဲ့သည်။
ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများအား နိုဝင်ဘာ ၈ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအတွက် တည်းခိုနေထိုင်ရန် အဆောင်များ ပြင်ဆင်ဆောင်ရွက်မှုနှင့် ဧည့်ခံကျွေးမွေးရန် ပြင်ဆင်နေမှုများအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် တာဝန်ရှိသူများကလည်း နိုဝင်ဘာ ၈ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် မကွေးတိုင်းဒေသကြီးမှ အားကစားသမား ၄၂၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ အားကစားသမား ၄၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းအားကစားပွဲတော် စီစဉ်ကျင်းပရခြင်း အဓိကရည်ရွယ်ချက်များအနက် တစ်ခုမှာ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစားသမားများကို ရွေးချယ်ရန် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
…………………………..
(English Version)
Preparations in full swing for Myanmar’s 2024 National Sports Festival
YANGON, Nov. 9 (Xinhua) — Myanmar is ramping up preparations for the 2024 National Sports Festival, with rehearsals and other activities underway, the state-run daily The Mirror reported on Saturday.
Rehearsals for the opening and closing ceremonies were held on Friday at Wunna Theikdi Stadium in Nay Pyi Taw and attended by Union Minister for Information U Maung Maung Ohn and Union Minister for Sports and Youth Affairs U Min Thein Zan.
Deputy Minister for Hotels and Tourism Phyo Zaw Soe and officials also on Friday inspected the preparations for accommodations for athletes and coaches, the report added.
420 athletes from Magway region will participate in the event, while 438 athletes from Mandalay region are also expected to compete, it said.
One of the primary purposes of organizing the sports festival is to select athletes for the 33rd SEA Games in Thailand in 2025, it said.
Myanmar last held its National Sports Festival in February 2015. ■