International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဘာစီလိုနာတိုက်စစ်မှူး အန်ဆုဖာတီ ကြွက်သားဒဏ်ရာ ထပ်မံရရှိ
ဒဏ်ရာပြဿနာများနှင့် ဆက်တိုက်ကြုံတွေ့နေရသည့် ဘာစီလိုနာအသင်း တိုက်စစ်မှူး အန်ဆုဖာတီသည် တံကောက်ကြောဒဏ်ရာ ရရှိထားသဖြင့် တစ်လခန့် အနားယူရဖွယ်ရှိကြောင်း ဘာစီလိုနာအသင်းက နိုဝင်ဘာ ၁၃ ရက်၌ အတည်ပြုခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ဖာတီသည် နိုဝင်ဘာ ၁၃ ရက် လေ့ကျင့်ရေးအစီအစဉ်၌ ညာဘက် တံကောက်ကြောကြွက်သားဒဏ်ရာ ခံစားခဲ့ရသည်ဟု အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ ဒဏ်ရာကြောင့် ဖာတီသည် သီတင်းပတ်လေးပတ်ခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။
…..
— နောက်ခံလူ ပါအူးတောရက်စ် ကြွက်သားဒဏ်ရာကြောင့် စပိန်အသင်းလူစာရင်းမှ ချန်လှပ်ခံရ
အက်စတွန်ဗီလာအသင်းမှ စပိန်လက်ရွေးစင် နောက်ခံလူ ပါအူးတောရက်စ်သည် ကြွက်သားဒဏ်ရာကြောင့် ဒိန်းမတ်၊ ဆွစ်ဇာလန်တို့နှင့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က အတည်ပြုခဲ့သည်။
…..
— လူငယ်များအနေဖြင့် ဘောလုံးကစားရာတွင် ပျော်ပျော်ရွှင်ရွှင်ရှိကာ အာရုံစူးစိုက်ထားမည်ဟု မျှော်လင့်ကြောင်း ဒေးဗစ်ဘက်ခမ်း ပြောကြား
ဘောလုံးချစ်မြတ်နိုးသည့် လူငယ်များအနေဖြင့် ကြိုးစားပမ်းစားလေ့ကျင့်ကာ ပျော်ပျော်ရွှင်ရွှင်ရှိပြီး အာရုံစူးစိုက်ထားမည်ဟု မျှော်လင့်ကြောင်း အင်္ဂလန် ဂန္ထဝင်ဘောလုံးသမားဖြစ်သူ ဒေးဗစ်ဘက်ခမ်းက ပြောကြားခဲ့သည်။
Football Campus Day လှုပ်ရှားမှုအဖြစ် ရှန်ဟိုင်းမြို့ ချီပေါင် အထက်တန်းကျောင်းသို့ မကြာသေးမီက သွားရောက်ကာ ကျောင်းလက်ရွေးစင် ဘောလုံးအသင်းအား လေ့ကျင့်သင်ကြားပေးစဉ်အတွင်း ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အထူးသီးသန့် အင်တာဗျူး၌ ဘက်ခမ်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
…..
— ဘာရိန်းအသင်းနှင့် ပွဲစဉ်တွင် အနည်းဆုံး သရေတစ်မှတ်ရရန် လိုအပ်ဟု တရုတ်အသင်းကွင်းလယ်လူ ပြောကြား
တရုတ်အသင်းအနေဖြင့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက်များ ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဘာရိန်းအသင်းနှင့် ပွဲစဉ်တွင် အနည်းဆုံး တစ်မှတ်ရယူနိုင်ရန် လိုအပ်လျက်ရှိကြောင်း တရုတ်အသင်း ကွင်းလယ်ကစားသမား ဝေရှီးဟောင်က နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်အသင်းသည် အုပ်စု- C တွင် လေးပွဲကစားပြီးချိန်၌ သုံးမှတ်ရရှိထားကာ လေးပွဲကစား၊ ငါးမှတ်ရရှိထားသော ဘာရိန်းအသင်းနှင့် နိုဝင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)
…………………………
(English Version)
Barca forward Fati suffers another muscle injury
Ansu Fati’s dreadful luck with injuries continued on Wednesday when FC Barcelona confirmed that the forward has suffered a hamstring injury that is likely to sideline him for around a month.
The club posted on its official website that the 22-year-old “suffered a muscular injury in the biceps femoris of his right thigh during Wednesday’s training session. As a result of the injury, he is expected to be out of action for about four weeks.
…..
Defender Pau Torres drops out of Spain squad with muscle problem
Aston Villa defender Pau Torres has been forced to drop out of the Spain squad for the forthcoming UEFA Nations League matches against Denmark and Switzerland, the Spanish Football Federation (RFEF) has confirmed.
…..
Beckham expects children to stay happy, focused while playing football
English football legend David Beckham hoped that football-loving youngsters can stay happy and focused on the pitch while training hard.
Beckham made these remarks in an exclusive interview with Xinhua during a recent Football Campus Day activity, where he visited Shanghai QiBao High School to give a lesson to the school’s football team.
…..
China needs at least one point from Bahrain game, says midfielder Wei
China has to take no less than one point from their encounter with Bahrain to keep alive its chances of qualifying for the 2026 FIFA World Cup finals, said Chinese midfielder Wei Shihao on Wednesday.
The Chinese side, which sits bottom of Group C with three points after four matches, will on Thursday take on Bahrain, which has collected five points.