Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်နှင့် ပေါ်တူဂီ ကွာတားဖိုင်နယ် တက်ရောက်ရန် သေချာသွားပြီဖြစ်
— နိုဝင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်နှင့် ဒိန်းမတ်အသင်းတို့၏ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု- A4 ပွဲစဉ်တွင် စပိန်က ဒိန်းမတ်အား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခွင့် ရရှိသွားပြီဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မာတင် ဇူဘီမန်ဒီနှင့် မစ်ကယ် မယ်ရီနိုတို့၏ စပိန်ကွင်းလယ်က ပွဲချိန်အများစု၌ ထိန်းချုပ်စိုးမိုးထားခဲ့သည်။
အုပ်စု A-1 ပွဲစဉ်တစ်ပွဲဖြစ်သည့် ပေါ်တူဂီနှင့် ပိုလန် အသင်းတို့၏ ပွဲစဉ်တွင် ပေါ်တူဂီက အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပိုလန်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ပေါ်တူဂီအတွက် အနိုင်ဂိုးများကို ခရစ္စတီယာနို ရော်နယ်ဒိုက နှစ်ဂိုး၊ ရာဖေးလီယို၊ ဘရူနိုဖာနန်ဒက်ဇ်နှင့် ပက်ဒရို နက်တိုတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ ယခုနိုင်ပွဲကြောင့် ပေါ်တူဂီအနေဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ရန် သေချာသွားပြီဖြစ်သည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဥရုဂွေးက အူဂါတေး၏ နောက်ကျအနိုင်ဂိုးဖြင့် ကိုလံဘီယာအား အနိုင်ရရှိ
နိုဝင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဥရုဂွေးနှင့် ကိုလံဘီယာ အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ဥရုဂွေးအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် ဥရုဂွေးအသင်းက တစ်ဂိုးရှုံးနိမ့်နေရာမှ နောက်မှလိုက်ကစားကာ ပွဲချိန် ၁၀၁ မိနစ်တွင် မန်နျူရယ် အူဂါတေး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် မာဆယ်လို ဘီရယ်လ်ဆာ၏ ဥရုဂွေးအသင်းသည် အသင်း ၁၀ သင်း ပါဝင်သော တောင်အမေရိကဇုန်၌ ကိုလံဘီယာအသင်းထက် ဂိုးကွာခြားချက်အသာဖြင့် အုပ်စုဒုတိယနေရာသို့ တက်ရောက်နိုင်ခဲ့ကာ ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
…..
— ဘာရိန်းအသင်းနှင့် ပွဲစဉ်၌ အနိုင်ရရှိခဲ့ခြင်းက စိတ်အားတက်စရာဖြစ်ဟု တရုတ်အသင်း တိုက်စစ်မှူးဟောင်း ပြောကြား
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တရုတ်အသင်းက ဘာရိန်းအသင်းအား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းသည် တရုတ်ဘောလုံးလောက တစ်ခုလုံးအတွက် အရေးတကြီးလိုအပ်နေသော စိတ်ဓာတ်ခွန်အားဖြစ်သည်ဟု တရုတ်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း လီရီက ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဘာရိန်းအသင်း၏ သွင်းဂိုးတစ်ဂိုးမှာ လူကျွံနေသဖြင့် ပယ်ဖျက်ခံခဲ့ရပြီး မိနစ်ပိုင်းအကြာ၊ နာကျင်အချိန်ပို၌ တရုတ်အသင်းက ကျန်းယွီနင်၏ သွင်းဂိုးဖြင့် အဖိုးတန်အနိုင်ရလဒ်အား ရယူနိုင်ခဲ့သည်။ တရုတ်အသင်းမှာ ဘာရိန်းအား အနိုင်ရရှိခဲ့သဖြင့် အသင်း ၆ သင်း ပါဝင်သော အုပ်စု-C တွင် ၆ မှတ် ရရှိထားကာ စတုတ္ထနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
…..
— ISU Four Continents အမြန်စကိတ်စီးပြိုင်ပွဲတွင် တရုတ်ကစားသမားများက ငွေတံဆိပ်ဆုများ ဆွတ်ခူး
နိုဝင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံ ဟချိနိုဟဲမြို့၌ ကျင်းပခဲ့သည့် ISU Four Continents အမြန်စကိတ်စီးပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် တရုတ်နိုင်ငံမှ Ning Zhongyan နှင့် Han Mei တို့က အမျိုးသားနှင့် အမျိုးသမီး မီတာ ၁,၅၀၀ ပြိုင်ပွဲတို့တွင် ငွေတံဆိပ်ဆုများ အသီးသီးဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)


………………………
(English Version)
Spain, Portugal assured of quarterfinal spots in UEFA Nations League
Spain ensured it has the chance to defend its UEFA Nations League title after booking a place in the quarterfinals thanks to a 2-1 win away to Denmark in Group 4 on Friday. Spain controlled most of the game with Martin Zubimendi and Mikel Merino in midfield.
In Group 1, Rafael Leao and Cristiano Ronaldo set Portugal on the way to a 5-1 win at home to Poland, who was without Robert Lewandowski. Bruno Fernandes and Pedro Neto also scored for Portugal, with Ronaldo scoring his second goal of the game to assure Portugal finish top of its group.
…..
Ugarte strikes late as Uruguay sinks Colombia
Manuel Ugarte scored in the 101st minute as Uruguay recovered from a goal down to secure a 3-2 home win over Colombia in their World Cup qualifier here on Friday.
The result ended a five-game winless run for Uruguay as Marcelo Bielsa’s men moved to second in the 10-team South American group standings, ahead of Colombia on goal difference.
…..
Former striker Li Yi on China’s uplifting win over Bahrain
— Former Chinese forward Li Yi has described China’s 1-0 away win over Bahrain in a FIFA 2026 World Cup qualifier as a much-needed uplift for Chinese football as a whole.
The Chinese team won the crucial game thanks to a goal scored by Zhang Yuning in injury-time, just minutes after Bahrain had a goal disallowed for offside. With the win over Bahrain, China climbed to the fourth place with six points in the six-team Group C.
…..
China’s Ning, Han win silvers at Four Continents Speed Skating Championships
China’s Ning Zhongyan and Han Mei won silver medals in the men’s and women’s 1,500m competitions respectively, on the opening day of the ISU Four Continents Speed Skating Championships in Hachinohe, Japan, on Friday.