Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— နေးရှင်းလိဂ်ပြိုင်ပွဲဝင် စပိန်အသင်းလူစာရင်းမှ ကစားသမားသုံးဦး ထွက်ခွာ

နိုဝင်ဘာ ၁၅ ရက် ညပိုင်းက ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စပိန်လက်ရွေးစင်အသင်းမှ ရီးရဲလ်ဆိုစီဒက်ကစားသမား မစ်ကယ် အိုယာဇာဘယ်နှင့် မာတင် ဇူဘီမန်ဒီ၊ ဗီလာရီးရဲလ် တောင်ပံကစားသမား အဲလက်စ် ဘာအီနာတို့သည် စပိန်အသင်းလူစာရင်းမှ ထွက်ခွာသွားခဲ့သည်။
စပိန်အသင်းအနေဖြင့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သဖြင့် အမှတ်မလိုတော့သည့် နိုဝင်ဘာ ၁၈ ရက် ဆွစ်ဇာလန်အသင်းနှင့် ပွဲစဉ်အတွက် အဆိုပါ ကစားသမားသုံးဦးမှာ တီနီရိဖ်သို့ လိုက်ပါတော့မည်မဟုတ်ပေ။ ဆွစ်ဇာလန်အသင်းကမူ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးမရှိတော့ပေ။


…..
— ကိုလံဘီယာနှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အသင့်ရှိနေဟု အီကွေဒေါအသင်းနည်းပြ ပြောကြား
အီကွေ‌ဒေါအနေဖြင့် နိုဝင်ဘာ ၁၉ ရက်၌ ယှဉ်ပြိုင်ကစားမည့် ကိုလံဘီယာအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အား တန်းတူအနေအထားဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အီကွေ‌ဒေါအသင်း မန်နေဂျာ ဆီဘက်ရှန် ဘေကာချေချေက နိုဝင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။

လက်ရှိတွင် အီကွေဒေါအသင်းမှာ အသင်း ၁၀ သင်း ပါဝင်သော တောင်အမေရိကဇုန်၌ ၁၁ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၆ မှတ် ရရှိထားကာ တတိယနေရာမှ ကိုလံဘီယာအသင်းထက် သုံးမှတ်လျော့နည်းနေသည်။ ကိုလံဘီယာ၏ ဆိပ်ကမ်းမြို့ဖြစ်သည့် ဘာရန်ကွီလာတွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်က တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန် နှစ်သင်းစလုံးအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။



— ISU Four Continents စကိတ်အမြန်စီးပြိုင်ပွဲတွင် ဂျော်ဒန်စတိုးဇ်က ဒုတိယမြောက်ရွှေတံဆိပ် ဆွတ်ခူး
ဂျပန်နိုင်ငံ ဟချိနိုဟဲမြို့၌ ကျင်းပလျက်ရှိသည့် ISU Four Continents စကိတ်အမြန်စီးပြိုင်ပွဲတွင် နာမည်ကျော် အမေရိကန်စကိတ်ကစားသမား ဂျော်ဒန်စတိုးဇ်က အောင်မြင်မှုများ ဆက်တိုက်ရရှိနေကာ အမျိုးသား မီတာ ၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။ အိမ်ရှင်ဂျပန်ပရိသတ်များ၏ အချစ်တော် စကိတ်ကစားသမား တဆုယ ရှင်းဟာမာကမူ ၃၄.၈၂ စက္ကန့်ဖြင့် တတိယသာ ရရှိခဲ့သည်။ (Xinhua)
#UEFANationsLeague #WorldCupQualifier #FourContinentsSpeedSkating #ယူအီးအက်ဖ်အေ‌နေးရှင်းလိဂ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #FourContinents_စကိတ်အမြန်စီးပြိုင်ပွဲ

——————————-

(English Version)
Trio leave Spain squad with Barrios getting call-up
Real Sociedad pair Mikel Oyarzabal and Martin Zubimendi, along with Villarreal winger Alex Baena, have left the Spain squad following Friday night’s 2-1 win in Denmark.
The trio will not travel to Tenerife for Monday’s match against Switzerland, which has now lost significance as Spain has secured its place in the knockout stage of the UEFA Nations League, while Switzerland has no chance of finishing second.
…..
Ecuador ‘ready’ for Colombia challenge: Beccacece
Ecuador manager Sebastian Beccacece said Saturday that his team will “compete on level terms” with Colombia when the teams meet in a World Cup qualifier on Tuesday.
Ecuador is currently fifth in the 10-team South American group with 16 points from 11 games, three points behind third-placed Colombia. Tuesday’s clash in the Colombian port city of Barranquilla will provide a chance for both sides to consolidate a place in the automatic qualification zone.
…..
Stolz wins second gold at Four Continents Speed Skating Championships
American sensation Jordan Stolz continued his winning streak at the ISU Four Continents Speed Skating Championships, taking gold in the men’s 500m on Saturday in Hachinohe, Japan. Home favorite Tatsuya Shinhama of Japan finished third in 34.82 seconds.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.