Connect with us

Economy

တရုတ်နိုင်ငံက ကနေဒါနှင့် ဗြိတိန် နိုင်ငံသားများကို ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ခွင့်ပြုမည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကောင်းကင်ဘုံကျောင်းတော် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု တစ်ဆင့်တိုးအဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ကနေဒါနှင့် ယူကေမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်များအား ဗီဇာကင်းလွတ်ခွင့်မူဝါဒ စတင်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၅ ရက်၌ ပြောကြားခဲ့သည်။အဆိုပါ နှစ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ပြည်ဝင်ခွင့် ကင်းလွတ်ခွင့်ရရှိနိုင်ပြီဖြစ်ကာ စီးပွားရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ မိသားစု/မိတ်ဆွေများထံ လည်ပတ်ခြင်း၊ ကူးလူးဖလှယ်မှုနှင့် ဖြတ်သန်းခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ရက် ၃၀ အထိ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်အရ သိရသည်။ထိုမူဝါဒသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
……………………………………..
(English Version)
China to grant visa-free policy to Canadian, British nationals from Feb. 17
BEIJING, Feb. 15 (Xinhua) — To further facilitate cross-border travel, China decides to, starting from Feb. 17, 2026, extend its visa-free policy to ordinary passport holders from Canada and the UK, Chinese Foreign Ministry spokesperson said Sunday.
According to the spokesperson, ordinary passport holders from the two countries can be exempted from visa to enter China and stay for up to 30 days for business, tourism, family/friends visit, exchange and transit purposes.
The policy will be effective until Dec. 31, 2026, the spokesperson said.
Photo: Tourists visit the Temple of Heaven in Beijing, capital of China, May 2, 2024. (Xinhua/Ju Huanzong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117