International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီးနားက မာတီနက်ဇ်၏ သွင်းဂိုးဖြင့် ပီရူးအား အနိုင်ရရှိ
နိုဝင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲတစ်ပွဲဖြစ်သည့် အာဂျင်တီးနားနှင့် ပီရူးအသင်း၏ ပွဲစဉ်တွင် အာဂျင်တီးနားက ၁-၀ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိခဲ့ကာ အဆိုပါသွင်းဂိုးအား တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က လှလှပပသွင်းယူခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် လီယွန်နယ် မက်ဆီ ပေးပို့လိုက်သော ဖြတ်တင်ဘောအား မာတီနက်ဇ်က bicycle kick (နောက်ပြန်ကန်ချက်) ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးနှင့် ဥရုဂွေး သရေရလဒ်ထွက်ပေါ်
နိုဝင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား တောင်အမေရိကဇုန် နောက်ထပ် ခြေစစ်ပွဲတစ်ပွဲဖြစ်သည့် ဘရာဇီးအသင်းနှင့် ဥရုဂွေးအသင်း၏ ပွဲစဉ်တွင် တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ ဂျာဆန်နှင့် ဖက်ဒရစ်ကို ဗယ်လ်ဗာဒီတို့က ဒုတိယပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— Davis Cup ပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ရာဖေးနာဒယ် တင်းနစ်ကစားသမားဘဝမှ အနားယူ
နိုဝင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် Davis Cup တင်းနစ်ပြိုင်ပွဲတွင် အသက် ၃၈ နှစ်အရွယ် စပိန်တင်းနစ် အကျော်အမော် ရာဖေးနာဒယ်က နယ်သာလန် တင်းနစ်ကစားသမား Botic van de Zandschulp အား ၆-၄၊ ၆-၄ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် စပိန်အသင်းမှာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် နာဒယ်သည် ပရော်ဖက်ရှင်နယ် တင်းနစ်လောကမှ အနားယူသွားပြီဖြစ်သည်။ နာဒယ်သည် ဂရင်းစလင်းချန်ပီယံဆုအား ၂၂ ကြိမ် ဆွတ်ခူးထားသူဖြစ်သည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တရုတ်အသင်းက ဂျပန်အသင်းအား ရှုံးနိမ့်
နိုဝင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တရုတ်အသင်းက ဂျပန်အသင်းအား ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တရုတ်အသင်းအနေဖြင့် ဂျပန်အသင်း၏ ခေါင်းတိုက်သွင်းဂိုး ၃ ဂိုးအား ခွင့်ပြုခဲ့ရသည်။ တရုတ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို Wei Shihao ၏ တိုက်ရိုက်ပေးပို့မှုမှတစ်ဆင့် Lin Liangming က သွင်းယူခဲ့သည်။ (Xinhua)
…………………………..
(English Version)
Martinez guides Argentina to victory over Peru
A stunning second-half volley from Lautaro Martinez handed Argentina a 1-0 home victory over Peru in their World Cup qualifier here on Tuesday. The Inter Milan forward broke the deadlock in the 55th minute when he latched onto Lionel Messi’s cross with a bicycle kick that flew into the top-right corner.
…..
Uruguay holds Brazil in World Cup qualifier
Gerson and Federico Valverde scored second-half goals as Uruguay held Brazil to a 1-1 home draw in their World Cup qualifier here on Tuesday.
…..
Nadal retires from tennis at Davis Cup
22-time Grand Slam champion Rafael Nadal ended his professional tennis career after the 38-year-old’s 6-4, 6-4 loss to Botic van de Zandschulp, as Spain was eliminated by the Netherlands at the Davis Cup on Tuesday.
…..
China loses to Japan in World Cup qualifier
China conceded three headers and lost to Japan 3-1 in the 2026 FIFA World Cup qualifier here on Tuesday. China pulled one goal back in the third minute of the second half, when Lin Liangming shot from the center of the box netted home thanks to a direct pass from Wei Shihao.