Myanmar
မြန်မာနိုင်ငံအလယ်ပိုင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၀,၀၀၀ ပြား ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၌ တာဝန်ရှိသူများက စိတ်ကြွရူးသွပ်ဆေးပြား ၈၈၀,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၂ ရက် နိုင်ငံပိုင် နေ့စဉ်သတင်းစာ ကြေးမုံက ရဲတပ်ဖွဲ့သတင်းရင်းမြစ်အား ကိုးကား၍ ဖော်ပြခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီးအား သတင်းအရ ရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ပါရှိသည့် သံသယရှိသူနှစ်ဦးအား ဖမ်းဆီးခဲ့ပြီး သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိကြောင်း ဖော်ပြထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမိခဲ့သူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
880,000 stimulant tablets seized in central Myanmar
YANGON, Nov. 2 (Xinhua) — Myanmar authorities seized 880,000 stimulant tablets in Mandalay region of central Myanmar, the state-run daily The Mirror, citing police sources, reported on Saturday.
Acting on a tip-off, anti-narcotics police searched a vehicle in Kyaukse township of Mandalay region on Oct. 27 and confiscated the drugs, the report said.
Two suspects on board the vehicle were arrested, and the seized narcotics had a street value of approximately 1.32 billion kyats (about 628,571 U.S. dollars), it added.
An investigation showed that the narcotics were being transported from Shan state and intended for delivery to Kayin state, it said.
The suspects have been charged under the country’s drug laws, and further investigation is ongoing, it added. Enditem