International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— နိုင်ငံတကာပွဲစဉ်များအပြီးတွင် ယှဉ်ပြိုင်မည့် လာလီဂါပွဲစဉ်-၁၄ တွင် ဒါဘီပွဲ ၃ ပွဲ ပါဝင်နေ
နိုင်ငံတကာပွဲများအပြီး ယခုသီတင်းပတ်ကုန်၌ ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်- ၁၄ ပွဲစဉ်များတွင် ဒါဘီပွဲ ၃ ပွဲ ပါဝင်နေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းက ဆယ်လ်တာဗီဂိုအသင်းအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဝါရင့်တိုက်စစ်မှူး အိုင်ယာဂို အက်စ်ပေး ဦးဆောင်သည့် တိုက်စစ်စွမ်းဆောင်ရည်ကောင်းသော ဆယ်လ်တာဗီဂိုအသင်းနှင့် အဝေးကွင်းပွဲစဉ်က ဘာစီလိုနာအတွက် ခက်ခဲသော ပွဲစဉ်တစ်ပွဲ ဖြစ်ဖွယ်ရှိသည်။ ဘာစီလိုနာအသင်းမှာ နိုင်ငံတကာပွဲစဉ်များမတိုင်မီက ရီးရဲလ်ဆိုစီဒက်အသင်းအား အဝေးကွင်း၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အမှတ်ပေးဇယား ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်အသင်းက အဝေးကွင်းပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ရီးရဲလ်အနေဖြင့် ထိပ်ဆုံးမှ ဘာစီလိုနာအား ဆက်လက်ဖိအားပေးရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
ကတ်တလန်ဒါဘီပွဲစဉ်အဖြစ် ဂျီရိုနာအသင်းနှင့် အက်စပန်ညိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။ အက်သလက်တစ် ဘီဘာအိုနှင့် ရီးရဲလ်ဆိုစီဒက်တို့၏ Basque ဒါဘီပွဲစဉ်ကိုမူ ဘီဘာအိုအသင်း၏ ဆန်မာမက်စ် အားကစားကွင်းတွင် နိုဝင်ဘာ ၂၄ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အိမ်ကွင်း၌ ပုံစံကောင်းပြနေသည့် ဘီဘာအိုနှင့် ယခုရာသီ၌ အဝေးကွင်းရလဒ်အကောင်းဆုံး အသင်းတစ်သင်းဖြစ်သည့် ဆိုစီဒက်တို့ ရင်ဆိုင်တွေ့နေခြင်းဖြစ်သည်။
…..
— WTT Finals စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၁ ဝမ်ချူချင်း ကွာတားဖိုင်နယ် တက်ရောက်
၂၀၂၄ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Finals ပြိုင်ပွဲအား ဆက်လက်ကျင်းပလျက်ရှိရာ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များတွင် ကွာတားဖိုင်နယ် တက်ရောက်နိုင်သူများနှင့် နှစ်ယောက်တွဲပွဲစဉ်များတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်သူများ ပေါ်ထွက်လာပြီဖြစ်သည်။ အမျိုးသားတစ်ဦးချင်း ရှုံးထွက်ပွဲစဉ်တွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမား လျင်ရှီးတုန်းက ပြင်သစ်မှ အလက်ဆစ် လီဘရွန်းအား ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဆွဲဆောင်မှုရှိ၍ အကြိတ်အနယ်ရှိခဲ့သည်။
နောက်ထပ် ပွဲကောင်းတစ်ပွဲဖြစ်သည့် ဆီဒင်-၁ ကစားသမား ဝမ်ချူချင်းနှင့် ဂျာမနီမှ ပက်ထရစ် ဖရန်ဇီစကာတို့၏ ပွဲစဉ်တွင် ဝမ်က ပွဲချိန်တစ်ချိန်လုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၃-၁ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
…..
— တရုတ်အသင်းတိုက်စစ်မှူး ကျန်းယွိနင် ခြေချင်းဝတ်ဒဏ်ရာကြောင့် နယ်သာလန်၌ ကုသမှုခံယူမည်
တရုတ်ဘောလုံးအသင်း တိုက်စစ်မှူး ကျန်းယွိနင်က လာမည့်သီတင်းပတ်၌ နယ်သာလန်နိုင်ငံသို့ သွားရောက်ကာ ၎င်း၏ခြေချင်းဝတ် ဒဏ်ရာအတွက် ကုသမှုခံယူမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာရိန်းအသင်းနှင့် ပွဲစဉ်တွင် နာကျင်အချိန်ပို၌ အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ညာဘက်ခြေချင်းဝတ် အဆစ်လွဲသွားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Three derbies as La Liga returns after break
Football returns to Spain at the weekend with the 14th round of matches in La Liga, which sees three derbies, while FC Barcelona faces a tricky trip to the northwest of the country.
The league leader suffered their second defeat of the season on the eve of the break as they went to a 1-0 defeat away to Real Sociedad and now has to visit a Celta Vigo side capable of scoring goals, with veteran striker Iago Aspae leading their attack.
Real Madrid makes the short trip to Leganes on Sunday, looking to keep the pressure on at the top of the table while there is also a Catalan derby as Girona faces Espanyol.
Sunday ends with the Basque derby between Athletic Club Bilbao and Real Sociedad in the San Mames Stadium with Athletic looking to keep up their solid home form against one of the best visitors this season.
…..
World No. 1 Wang Chuqin advances as Sun Yingsha falls at 2024 WTT Finals
The 2024 World Table Tennis (WTT) Finals continued with the men’s and women’s singles quarterfinalists and doubles semifinalists determined here on Thursday. In the men’s singles round of 16, Lin Shidong delivered a solid performance to defeat Alexis Lebrun of France 3-1 in an engaging offensive battle.
Top seed Wang Chuqin faced Patrick Franziska of Germany in another highlight match. Maintaining control throughout, Wang triumphed 3-1 to secure the final quarterfinal berth.
…..
China striker Zhang Yuning to seek treatment on ankle injury in Holland
China striker Zhang Yuning has confirmed that he will go to Holland next week to receive treatment on his ankle injury. The Chinese striker said he twisted his right ankle after scoring the winner in injury-time of China’s 1-0 win over Bahrain last Thursday.