Connect with us

Business

မြန်မာနိုင်ငံက ဧပြီလမှ အောက်တိုဘာလအထိ လယ်ယာထွက်ကုန်တင်ပို့မှုများမှ ကန်ဒေါ်လာ ၂.၇ ဘီလီယံကျော် ရရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခု၌ ကုန်တင်လှေမှ ဆန်အိတ်များအား သယ်ယူနေသည့် အလုပ်သမားများအား ၂၀၂၂ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ လယ်ယာထွက်ကုန် တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော် ရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်ထုတ် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းတင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော်နှင့် နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၄၀ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံစီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး GDP ၏ ၃၀ ရာခိုင်နှုန်းကျော် ပံ့ပိုးပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှတစ်ဆင့် လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်း စသည်တို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)


………………………….
(English Version)
Myanmar earns over 2.7 bln USD from agricultural exports in April-Oct
YANGON, Nov. 29 (Xinhua) – Myanmar earned over 2.7 billion U.S. dollars from agricultural exports from April 1 to Oct. 25 in the current fiscal year 2024-2025, the state-run Global New Light of Myanmar reported on Friday.
The report, citing the Ministry of Commerce, stated that during this period, the country generated over 2.3 billion U.S. dollars from sea exports and over 440 million dollars from border trade.
Myanmar’s agriculture sector is a vital part of the country’s economy, contributing over 30 percent of its Gross Domestic Product (GDP).
The country exports agricultural products, animal products, minerals, forest products, and finished industrial goods through both sea and border trade. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.