Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် အာရပ်အဖွဲ့ချုပ်တို့က ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Ahmed Aboul Gheit တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ်တို့က ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဂါဇာဒေသ ပါလက်စတိုင်းနယ်မြေအတွင်း ဘက်စုံ အရေးပေါ် အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ဂါဇာဒေသနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအခြေအနေဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ရန် နှစ်ဘက်လုံးက တိုက်တွန်းခဲ့ကြောင်း၊ အရပ်သားများအား အကြမ်းဖက်မှုပုံစံအားလုံး၊ နိုင်ငံတကာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Ahmed Aboul Gheit တို့ တွေ့ဆုံရာ၌ အဆိုပါ သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်လုံးက ပါလက်စတိုင်းအရပ်သားများကို အတင်းအကြပ်ရွှေ့ပြောင်းစေခြင်းအား ကန့်ကွက်ကြောင်း၊ ထိန်းသိမ်းခံရသူများအားလုံးကို ချက်ချင်းလွှတ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုယန္တရား ထူထောင်ရေးနှင့် သင့်လျော် လျင်မြန် ဘေးကင်း၍ အတားအဆီးမဲ့ နည်းလမ်းမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်နိုင်ရေး တောင်းဆိုကြောင်း သိရသည်။

ထို့ပြင် ပင်လယ်နီဒေသတွင် လတ်တလောတင်းမာမှုအရှိန်မြင့်တက်နေမှုအပေါ် စိုးရိမ်မိကြောင်း၊ ပင်လယ်နီရှိ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံရေး ခိုင်မာမှုရှိစေရန်၊ ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန် လိုအပ်ကြောင်း နှစ်ဘက်လုံးက အလေးထားပြောကြားခဲ့သည်။

ဒေသတွင်းအခြေအနေ အရှိန်လျှော့ချရေး ဆောင်ရွက်ခြင်းနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ဘက်စုံလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရှောင်ရှားခြင်းအတွက် အာရပ်ဘက်ခြမ်း၏ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဂါဇာ ပဋိပက္ခအရှိန်လျှော့ချရန်၊ အပစ်အခတ်ရပ်စဲရေးကို နားလည်လက်ခံလာရန်နှင့် ပါလက်စတိုင်းပြည်သူများ၏ တရားမျှတမှုရရှိရေးကို ပံ့ပိုးရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအတွက် လွန်စွာကျေးဇူးတင်ကြောင်းနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်တည်ချက်စာတမ်းအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)
………………………………
China, Arab League call for Gaza ceasefire
CAIRO, Jan. 15 (Xinhua) — China and the Arab League states on Sunday called for an immediate and comprehensive ceasefire in the conflict-ravaged Palestinian enclave of Gaza.
The two sides also urged the implementation of relevant UN Security Council and General Assembly resolutions on the situation in Gaza and the Palestinian-Israeli conflict, said a joint statement, adding that all forms of violence against civilians, as well as violations of international and humanitarian law, must be stopped.
The consensus was reached during a meeting between Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and Chinese foreign minister, and the League of Arab States Secretary-General Ahmed Aboul Gheit.
The two sides oppose the forced transfer of Palestinian civilians and demand the immediate release of all those held captive, the establishment of a humanitarian coordination mechanism, and humanitarian access to the Gaza Strip via a sustainable, rapid, safe, and barrier-free mechanism.
The two sides express deep concern over the recent escalation of tensions in the Red Sea region, emphasizing the need to respect the sovereignty and territorial integrity of Yemen while ensuring the security of international commercial routes in the Red Sea.
The Chinese side appreciates the important role played by the Arab side in cooling down the regional situation and avoiding a comprehensive humanitarian crisis in the Gaza Strip.
The Arab side highly appreciates the efforts made by the Chinese side to defuse the Gaza conflict, realize a ceasefire and support the just cause of the Palestinian people, and appreciates the Position Paper of the People’s Republic of China on Resolving the Palestinian-Israeli Conflict.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with the League of Arab States Secretary-General Ahmed Aboul Gheit in Cairo, Egypt, Jan. 14, 2024. (Xinhua/Wang Dongzhen)