Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဟယ်ရီကိန်း ဒဏ်ရာရရှိနေခြင်းကြောင့် တိုက်စစ်မှူးနေရာအတွက် အခက်ကြုံနေသည့် ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း ကြွက်သားဒဏ်ရာ ရရှိထားခြင်းကြောင့် ဒီဇင်ဘာ ၃ ရက် ညပိုင်း၌ လေ‌ဗာကူဆင်အသင်းနှင့် ယှဥ်ပြိုင်ရမည့် ဂျာမန်ဖလားပြိုင်ပွဲတွင် ၎င်း၏နေရာအား မည်သူနှင့် အစားထိုးမည်နည်းဆိုသည့် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဟယ်ရီကိန်းမှာ ယမန်နှစ် ဘောလုံးရာသီတွင် ဘိုင်ယန်အသင်း၏ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ရုံသာမက ယခုရာသီတွင်လည်း ပြည်တွင်းလိဂ် တစ်ခုတည်းတွင် ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားသည်။ ဟယ်ရီကိန်းအနေဖြင့် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပြီးချိန်၌ သွင်းဂိုး ၂၀ အထိ ရရှိထားပြီး ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားပြီးဖြစ်သဖြင့် အသင်းအတွက် အလွန်အရေးပါသော ကစားသမားတစ်ဦးဖြစ်သည်။
…..
— လက်စတာနည်းပြသစ် ဗန်နစ္စတယ်ရွိုင်း ဝက်စ်ဟမ်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် စတင်ကိုင်တွယ်မည်
‌လက်စတာစီးတီးအသင်းနည်းပြသစ် ရုဒ်ဗန်နစ္စတယ်ရွိုင်းသည် ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် ဝက်စ်ဟမ်းအသင်းနှင့် ယှဥ်ပြိုင်ရမည့် အ‌ရေးပါသော ပရီးမီးယားလိဂ် ကြားပွဲစဥ်တွင် အသင်းအား ပွဲဦးထွက်အဖြစ် ကိုင်တွယ်သွားမည်ဖြစ်သည်။
နစ္စတယ်ရွိုင်းအနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်း၏ ယာယီနည်းပြအဖြစ် သီတင်းနှစ်ပတ်ကြာ တာဝန်ယူခဲ့ပြီးနောက် လက်စတာနည်းပြ စတိဗ်ကူးပါး၏နေရာတွင် နိုဝင်ဘာ ၂၉ ရက်က အစားထိုးခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ နစ္စတယ်ရွိုင်းမှာ နိုဝင်ဘာ ၃၀ ရက်က ဘရန့်ဖို့ဒ်အသင်းအား ၁-၄ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် လက်စတာအသင်း၏ အဝေးကွင်းပွဲစဥ်ကိုလည်း လာရောက်ကြည့်ရှုခဲ့သည်။
…..
— အင်္ဂလန်ပရီးမီးယားလိဂ်က တရုတ်နိုင်ငံ၏ Village Super League ပြိုင်ပွဲအတွက် သင်တန်းပို့ချ
အင်္ဂလန်ပရီးမီးယားလိဂ်သည် တရုတ်နိုင်ငံ၏ Village Super League စတင်ပေါ်ပေါက်ရာ အရပ်ဖြစ်သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွေ့ကျိုးပြည်နယ် Rongjiang ခရိုင်၌ Premier Skills ပရောဂျက်အား ဒီဇင်ဘာ ၂ ရက်က ပြန်လည်စတင်ခဲ့သည်။
အဆိုပါ ပရောဂျက်မှာ ၅ ရက်ကြာမြင့်မည်ဖြစ်ကာ Village Super League အသင်းများအား အားပေးသည့် ဘောလုံးဝါသနာရှင်များ၊ ဒေသတွင်းရှိ စာသင်ကျောင်းများမှ ကာယနည်းပြဆရာများ အပါအဝင် သင်တန်းသား ၄၂ ဦးအား ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
…..
ဟတ်ဆန်နှင့် တီဘိုဂိုတို့အား တစ်နှစ်တာအကောင်းဆုံး ကမ္ဘာ့ပြေးခုန်ပစ် အားကစားသမားများအဖြစ် ရွေးချယ်
ဒီဇင်ဘာ ၁ ရက်က မိုနာကိုနိုင်ငံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်အားကစား ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နယ်သာလန်နိုင်ငံမှ တာဝေးအပြေးသမား ဆီဖန် ဟတ်ဆန်နှင့် ဘော့စ်ဝါနာနိုင်ငံမှ နာမည်ကြီး တာတိုအပြေးသမား လက်ဆလေ တီဘိုဂိုတို့သည် တစ်နှစ်တာအကောင်းဆုံး ကမ္ဘာ့ပြေးခုန်ပစ် အားကစားသမားများအဖြစ် ရွေးချယ်ခံခဲ့ရသည်။ (Xinhua)


………………………..
(English Version)
Bayern puzzling over replacement for irreplaceable Kane
Bayern Munich faces a formidable challenge in replacing its star striker, Harry Kane, ahead of the German Cup clash against Leverkusen on Tuesday evening.
The 31-year-old’s importance to Bayern Munich is evident not only in his record as the top scorer last season but also in his contributions this year – 14 goals and nine assists in the national league alone. Across all competitions, Kane has already amassed 20 goals and nine assists in just 19 games, underscoring his significant value to the team.
…..
Van Nistelrooy debuts as new Leicester City coach in midweek round of Premier League games
Ruud van Nistelrooy makes his debut as Leicester City coach on Tuesday when his new side entertains West Ham United in a vital Premier League fixture.
Van Nistelrooy was named as the replacement for Steve Cooper on Friday, barely two weeks after ending his spell as interim boss of Manchester United, and was in the stands to watch his side end up on the wrong end of a 4-1 thrashing away to Brentford on Saturday.
…..
English Premier League provides training for China’s Village Super League
The English Premier League relaunched the Premier Skills project in Rongjiang County, southwest China’s Guizhou Province on Monday, the birthplace of China’s Village Super League.
The project lasts for five days and welcomes 42 trainees, including football enthusiasts of the Village Super League teams and sports teachers from local schools.
…..
Hassan, Tebogo named World Athletes of the Year
Dutch long-distance runner Sifan Hassan and Botswana’s sprint sensation Letsile Tebogo were named World Athletes of the Year at the 2024 World Athletics Awards in Monaco on Sunday.