Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ် ကြားပွဲစဥ်တွင် လီဗာပူးလ်နှင့် နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက်နှင့် အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံ
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအား ဦးဆောင်နေသည့် လီဗာပူးလ်အသင်းအနေဖြင့် ဒီဇင်ဘာ ၄ ရက် ညပိုင်းတွင် နယူးကာဆယ်အသင်း၏ စိန့်ဂျိမ်းစ်ပတ်ခ် အားကစားကွင်း၌ သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ၉ မှတ် ဖြတ်၍ ဦးဆောင်နေမှုကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်၌ ရီးရဲလ်မက်ဒရစ်အား အနိုင်ယူထားသလို ပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဥ်တွင်လည်း မန်ချက်စတာစီးတီးအား အနိုင်ရရှိထားသဖြင့် စိတ်ဓာတ်တက်ကြွနေကာ ယခုပွဲစဥ်တွင်လည်း လက်ရှိအချိန်ထိ သွင်းဂိုး ၁၄ ဂိုးသာ သွင်းယူထားနိုင်ပြီး တိုက်စစ်ပိုင်းတွင် ကြီးကြီးမားမား အခက်ကြုံနေရသည့် နယူးကာဆယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် လီဗာပူးလ်အနေဖြင့် နောက်ထပ်သုံးမှတ်ရယူရန် မျှော်လင့်ချက် ကြီးကြီးမားမားရှိနေသည်။
နည်းပြ ရူဘင် အာမိုရင်မ်၏ အသွင်သစ်ဖြင့် မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှ အာဆင်နယ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ၎င်းတို့အတွက် ကြီးမားသော စမ်းသပ်မှု ဖြစ်လာမည်ဖြစ်သည်။ ယူနိုက်တက်အနေဖြင့် စပို့တင်းလစ္စဘွန်း နည်းပြဟောင်း အာမိုရင်မ်၏ လက်အောက်တွင် တိုးတက်ပြောင်းလဲမှုများ ရှိလာပုံရပြီး ဒီဇင်ဘာ ၁ ရက်က အဲဗာတန်အား ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း မစ်ကယ် အာတေတာ၏ အာဆင်နယ်အသင်းက ၎င်းတို့အတွက် များစွာပိုမိုခက်ခဲသည့် စမ်းသပ်မှု ဖြစ်လာမည်ဖြစ်သည်။
…..
— ပရီးမီးယားလိဂ်၌ နိုင်ပွဲဖြင့် စတင်နိုင်ခဲ့သည့် လက်စတာနည်းပြသစ် ရုဒ်ဗန်နစ္စတယ်ရွိုင်း
ဒီဇင်ဘာ ၃ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် လက်စတာစီးတီးအသင်းက ဝက်စ်ဟမ်းအသင်းအား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် လက်စတာနည်းပြသစ် ရုဒ်ဗန် နစ္စတယ်ရွိုင်းအနေဖြင့် ၎င်း စတင်ကိုင်တွယ်သည့် အဖွင့်ပွဲစဥ်တွင် အောင်ပွဲခံနိုင်ခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် လက်စတာအသင်းမှာ တန်းဆင်းဇုန်အထက်တွင် ရှိနေပြီး အတန်ငယ် ဖိအားလျော့သွားသော်လည်း ဝက်စ်ဟမ်းအသင်းမှာမူ ဆက်လက်ရုန်းကန်နေရကာ နည်းပြ ဂျူလန် လိုပယ်တယ်ဂီအတွက် ဖိအားများတိုးလာခဲ့သည်။
…..
— IOC အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေး၌ ဥက္ကဋ္ဌရွေးချယ်ရေးအတွက် မဲပေးမှုဆိုင်ရာ စည်းမျဥ်းများအား အတည်ပြုဆုံးဖြတ်
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အမှုဆောင်ဘုတ်အဖွဲ့သည် လာမည့် IOC ဥက္ကဋ္ဌ ရွေးချယ်ပွဲအတွက် ဆန္ဒမဲပေးမှုဆိုင်ရာ စည်းမျဥ်းများ၊ တင်သွင်းချက်များအား ဆွစ်ဇာလန်နိုင်ငံ လူဆန်မြို့၌ ဒီဇင်ဘာ ၃ ရက်က အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)


………………………….
(English Version)
Liverpool travels to Newcastle while Amorim faces big test away from Arsenal
Premier League leader Liverpool looks to maintain its nine-point cushion at the top of the classification when Arne Slot’s side plays in Newcastle United’s St. James’ Park on Wednesday night.
Liverpool travel boosted after a magical week that saw them beat Real Madrid in the Champions League and Manchester City in the Premier League, and the team has high hopes of another three points against a rival whose main problem is scoring goals, with just 14 all season.
Arsenal is in second place in the table and will be a litmus test for Ruben Amorim’s new-look Manchester United. United looked revamped under the former Sporting Lisbon boss as it thrashed Everton on Sunday, but Mikel Arteta’s side will be a much tougher test of the change the Portuguese coach has brought after his short time in charge.
…..
Winning start for Van Nistelrooy in Premier League
Ruud Van Nistelrooy had a triumphant debut as Leicester City coach as his side claimed a convincing 3-1 win at home to West Ham United on Tuesday night.
The result gives Leicester some breathing space above the relegation zone but piles the pressure on West Ham coach Julen Lopetegui as his side continues to struggle to find an identity.
…..
IOC Executive Board meeting decides presidential voting regulations
The International Olympic Committee (IOC) Executive Board (EB) approved the presentation and voting regulations for the upcoming IOC presidential election in Lausanne, Switzerland on Tuesday.