Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ် အုပ်စုအဆင့်၌ ထိပ်ဆုံး ၈ သင်းထဲ ပါဝင်နိုင်ရန် ကြိုးပမ်းမည့် ဘာစီလိုနာနှင့် အက်သလက်တီကို
ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် ယှဥ်ပြိုင်ရမည့် အရေးပါသော ချန်ပီယံလိဂ် ပွဲစဥ်များအတွက် ပြင်ဆင်နေသည့် စပိန်လာလီဂါကလပ် ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်တို့အနေဖြင့် မတူညီသည့် အခြေအနေ၌ ရှိနေသည်။
၃၆ သင်းပါဝင်သော အုပ်စုတွင် လက်ရှိ အဆင့်-၃ ၌ ရပ်တည်နေသည့် ဘာစီလိုနာအသင်းမှာ ဒေ့ါမွန်နှင့် ဘင်ဖီကာတို့အား အဝေးကွင်း၌ သွားရောက်ယှဥ်ပြိုင်ပြီးနောက် အတ္တလန်တာအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သဖြင့် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရရေးအတွက် ထိပ်ဆုံး ၈ သင်းထဲတွင် ပါဝင်နိုင်ရန် များစွာကြိုးပမ်းရဦးမည်ဖြစ်သည်။
အက်သလက်တီကိုအသင်းမှာမူ လာမည့် ပွဲစဥ်များမှာ ပိုမိုလွယ်ကူသော်လည်း လက်ရှိ အဆင့်-၁၅ နေရာမှ ထိပ်ဆုံး ၈ သင်းထဲသို့ ဝင်နိုင်ရန် နိုင်ပွဲများ ထပ်မံလိုအပ်နေသည်။ အက်သလက်တီကိုအနေဖြင့် ဆလိုဗန် ဘရာတီဆလာဗာအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သဖြင့် များစွာပိုမိုလွယ်ကူနေသည်။ ဘရာတီဆလာဗာအသင်းမှာ ငါးပွဲကစားထားရာတွင် ငါးပွဲလုံး ရှုံးနိမ့်ထားပြီး သွင်းဂိုး ၄ ဂိုးသာ ရရှိထားကာ ပေးဂိုး ၁၈ ဂိုးအထိ ခွင့်ပြုထားရသည်။
…..
— ချီလီတိုက်စစ်မှူး ပလာစီယို့စ် ဘိုကာဂျူနီယာအသင်းထံ ပြောင်းရွှေ့မည်
ချီလီလက်ရွေးစင် တိုက်စစ်မှူး ကားလို့စ် ပလာစီယို့စ်သည် ချီလီ ပြည်တွင်းအမှတ်ပေးချန်ပီယံ ကိုလို-ကိုလို အသင်းမှထွက်ခွာကာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဘိုကာဂျူနီယာအသင်းက ဒီဇင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ချီလီတိုက်စစ်မှူး၏ ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့မှုအတွက် ကလပ်နှစ်သင်းကြား မူအားဖြင့် သဘောတူညီမှု ရရှိထားပြီဟု သိရသည်။ ပလာစီယို့စ်သည် ၂၀၂၃ ခုနှစ်တွင် ဗက်စ်ကိုဒဂါးမား အသင်းမှ ရောက်ရှိလာပြီးနောက် ကိုလို-ကိုလို အသင်းအတွက် ၇၇ ပွဲ ပါဝင်ကစားထားပြီး ၂၆ ဂိုး သွင်းယူခဲ့သည်။
…..
— World Aquatics Swimming Championships ရေကူးပြိုင်ပွဲ ပထမနေ့ တာတိုပွဲစဥ်များတွင် ၇ ကြိမ်တိုင်တိုင် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် World Aquatics Swimming Championships ရေကူးပြိုင်ပွဲ (၂၅ မီတာ) တာတိုပွဲစဥ်များတွင် ခုနစ်ကြိမ်တိုင်တိုင် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ကြောင်း သိရသည်။
ပဲရစ်အိုလံပစ် ရွှေတံဆိပ်ဆုရှင် အမေရိကန် ရေကူးအားကစားသမား ဂရက်ချန်ဝဲ့လ်ရှ်က မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်တွင် ၂၃.၉၄ စက္ကန့်ဖြင့် ၎င်း၏ ယခင်စံချိန်ဖြစ်သည့် ၂၄.၀၂ စက္ကန့်အား ချိုးဖျက်ကာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကာ မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ၂၄ စက္ကန့်မပြည့်ဘဲ ကူးခတ်နိုင်သည့် ပထမဆုံး ရေကူးအားကစားမယ် ဖြစ်လာခဲ့သည်။
အိုလံပစ်ချန်ပီယံ ကနေဒါရေကူးအားကစားမယ် ဆမ်မာ မက်ကင်တော့ရှ်ကလည်း အမျိုးသမီး မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲတွင် ၃ မိနစ် ၅၀.၂၅ စက္ကန့်ဖြင့် ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)


…………………….
(English Version)
Work to do for Barca and Atletico Madrid to assure top-8 finish in Champions League group
FC Barcelona and Atletico Madrid are in different moments of form as they prepare for vital UEFA Champions League ties on Wednesday night.
Barcelona, currently third in the 36-team group, has to play Borussia Dortmund and Benfica away from home before entertaining Atalanta, meaning it still has a lot of work to do to assure the top-eight finish that would see it qualify directly for the round of 16.
Meanwhile, Atletico has an easier calendar ahead of it, but needs to keep winning to climb from its current 15th place into the top-eight. Atletico has what should be a much easier game when it entertains Slovan Bratislava, who travels after five defeats from five games in which it has conceded 18 goals and scored just four.
…..
Chilean forward Palacios set for Boca Juniors move
Carlos Palacios is set to leave Chilean champion Colo-Colo to join Argentina’s Boca Juniors, the Buenos Aires side said on Tuesday.
The clubs have agreed in principle to a deal that will reportedly tie the 24-year-old Chile international forward to Boca until 2027. Palacios has made 77 appearances for Colo-Colo and scored 26 goals since his arrival from Vasco da Gama in 2023.
…..
World records shattered seven times on Day 1 of short course swimming worlds
Short course world records were broken seven times on Tuesday as the World Aquatics Swimming Championships (25m) kicked off in Budapest.
Paris Olympic gold medalist Gretchen Walsh of the United States became the first woman ever to swim the 50m butterfly under 24 seconds, setting a new world record at 23.94 in the semifinals, following her previous record of 24.02 in the heats.
Canada’s Olympic champion Summer McIntosh claimed the women’s 400m freestyle gold with a world record of 3:50.25.