Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ၂၀၃၀ ပြည့်နှစ်၊ ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံများအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကြေညာ
၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်တို့ကလည်းကောင်း၊ ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ဆော်ဒီအာရေဗျ နိုင်ငံကလည်းကောင်း အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပသွားမည်ဟု ဒီဇင်ဘာ ၁၁ ရက်၌ ပြုလုပ်သည့် ဖီဖာ အထူးအစည်းအဝေးတွင် ကြေညာခဲ့သည်။
ဖီဖာအဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ၂၁၁ ခုလုံးက အွန်လိုင်းမှ တက်ရောက်ခဲ့သည့် အဆိုပါ အစည်းအဝေးအတွင်း ကမ္ဘာ့ဖလား ရာပြည့်အထိမ်းအမှတ်အဖြစ် အာဂျင်တီးနား၊ ပါရာဂွေးနှင့် ဥရုဂွေး နိုင်ငံတို့ကိုလည်း ပွဲစဥ်တစ်ပွဲစီ အိမ်ရှင်အဖြစ် ကျင်းပခွင့်ပြုခဲ့ကြောင်း သိရသည်။
…..
ချန်ပီယံလိဂ်တွင် ဘာစီလိုနာနှင့် အာဆင်နယ်တို့ နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် အလားအလာကောင်းနေ
— ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပွဲစဥ်တွင် ဘာစီလိုနာအသင်းက ဒေ့ါမွန်အသင်းအား အဝေးကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ အဖိုးတန် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည့်အတွက် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။
ရာဖင်ညာက ပွဲချိန် ၅၃ မိနစ်တွင် ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့သော်လည်း ပွဲချိန် မိနစ် ၆၀ တွင် ဆာဟူ ဂွီရက်ဆီက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ဖယ်ရန်တောရက်စ်က အနီးကပ် အနေအထားမှ ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပြီး ၇၈ မိနစ်တွင် ဂွီရက်ဆီကပင် ဒေ့ါမွန်အတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ဖယ်ရန်တောရက်စ်က ဘာစီလိုနာအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
နောက်ထပ် ချန်ပီယံလိဂ် ပွဲစဥ်တစ်ပွဲတွင် အာဆင်နယ်အသင်းက မိုနာကိုအား ၃ ဂိုးပြတ် အနိုင်ရရှိကာ အုပ်စု တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ အာဆင်နယ်အတွက် အနိုင်ဂိုးများကို ဘူကာယို ဆာကာက ပွဲချိန် ၃၄ မိနစ်နှင့် ၇၈ မိနစ်တို့တွင် သွင်းယူခဲ့သလို ကိုင်ဟားဗက်ဇ်၏ တတိယအနိုင်ဂိုးကိုလည်း ၎င်းက ဖန်တီးပေးခဲ့သည်။
…..
— World Aquatics Swimming Championships ရေကူးပြိုင်ပွဲတွင် တရုတ်ရေကူးအားကစားမယ်က ပတ်လမ်းတိုပြိုင်ပွဲ၌ အာရှစံချိန်သစ်တင်
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည့် World Aquatics Swimming Championships ရေကူးပြိုင်ပွဲ (၂၅ မီတာ) မီတာ ၁၀၀ အမျိုးသမီး ဖားကူးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်တွင် တရုတ်နိုင်ငံမှ Tang Qianting က ၎င်း၏အာရှစံချိန်ကို ၎င်းကိုယ်တိုင် ထပ်မံချိုးဖျက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒိုဟာ World Championships ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်ဖြစ်သည့် Tang က ၁ မိနစ် ၀၂.၃၇ စက္ကန့်ဖြင့် ဆီမီးဖိုင်နယ်ပွဲစဥ်အား ဦးဆောင်ထားခဲ့ပြီး အောက်တိုဘာလအတွင်း ရှန်ဟိုင်းမြို့၌ ပြုလုပ်သည့် Swimming World Cup ပြိုင်ပွဲတွင် ၁ မိနစ် ၀၂.၅၃ စက္ကန့်ဖြင့် တင်ထားခဲ့သည့် ၎င်း၏ ယခင်စံချိန်ထက်ပင် သာလွန်သွားခဲ့သည်။ (Xinhua)


………………………
(English Version)
FIFA announces hosts of 2030, 2034 World Cups
An Extraordinary FIFA Congress announced Wednesday Morocco, Portugal and Spain as the hosts of the 2030 World Cup, as well as Saudi Arabia as the host of the 2034 World Cup.
The virtual meeting attended by all 211 FIFA Member Associations also awarded three matches of the 2030 edition to Argentina, Paraguay and Uruguay, one for each country, to celebrate the centenary of the World Cup.
…..
Barcelona, Arsenal take big steps towards Champions League top-eight finishes
Ferran Torres scored twice as FC Barcelona claimed a valuable 3-2 win away to Borussia Dortmund that moves it closer to assuring direct qualification for the last-16 of the UEFA Champions League.
After Raphinha’s 53rd-minute opener for Barca was canceled out by Serhou Guirassy’s 60th-minute penalty, Torres scored from close range in the 75th minute after Fermin Lopez’s shot had been saved. Guirassy leveled again three minutes later as Borussia caught out Barca’s defense, but Torres scored his second of the game.
Arsenal beat Monaco 3-0 to move third in the group, with goals from Bukayo Saka after 34 and 78 minutes. Saka then assisted Kai Havertz for Arsenal’s third of the game two minutes from time.
…..
China’s Tang sets new Asian record at short course swimming worlds
China’s Tang Qianting broke her own Asian record in the women’s 100m breaststroke semifinals of the World Aquatics Swimming Championships (25m) here on Wednesday.
Tang, the 2024 Doha World Championships gold medalist, led the semifinal field with a time of 1:02.37, bettering the previous record of 1:02.53 she set at the Swimming World Cup in Shanghai in October.