Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လာလီဂါပွဲစဥ်-၁၇ တွင် ထိပ်ဆုံးသုံးသင်းက အမှတ်ပေးဇယား အောက်ခြေမှ အသင်းများနှင့် တွေ့ဆုံ
ယခုသီတင်းပတ်ကုန်၌ ယှဥ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဥ်-၁၇ တွင် အမှတ်ပေးဇယား ထိပ်ဆုံးသုံးသင်းက အမှတ်ပေးဇယား အောက်ခြေမှ ပြိုင်ဘက်အသင်းများနှင့် တွေ့ဆုံလျက်ရှိသည်။
အဆင့်-၁ နေရာမှ ဘာစီလိုနာအသင်းက ကစားပုံမာကျောသော်လည်း စွမ်းဆောင်ရည်ပိုင်း အကန့်အသတ်ရှိသည့် လီဂါနက်စ်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ဂျာမန်လူမျိုး နည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရီးရဲလ်ဘက်တစ်အသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သည့် ပွဲစဥ်တွင် ထုတ်ပယ်ခံခဲ့ရပြီး နှစ်ပွဲပယ်ခံထားရသဖြင့် အဆိုပါ ပွဲစဥ်ကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ဘာစီလိုနာအသင်းမှာ ပြီးခဲ့သည့် ပြည်တွင်းပွဲစဥ်များတွင် ခြေချော်မှုများ ရှိခဲ့ရာ ရီးရဲလ်မက်ဒရစ်အနေဖြင့် ဒီဇင်ဘာ ၁၄ ရက် ရာယိုဗယ်လက်ကာနိုအသင်းနှင့် အဝေးကွင်းပွဲစဥ်၌ အနိုင်ရရှိမည်ဆိုလျှင် ဘာစီလိုနာအား ကျော်တက်နိုင်ဖွယ်ရှိသည်။
အက်သလက်တီကို မက်ဒရစ်အသင်းကလည်း ဒီဇင်ဘာ ၁၅ ရက် ဂီတာဖေးအသင်းနှင့် ဒါဘီပွဲစဥ်တွင် အနိုင်ရရှိပါက ဘာစီလိုနာနှင့် အမှတ်တူအနေအထားသို့ ရောက်ရှိလာမည်ဖြစ်သည်။
…..
— ဖလူမီးနိစ်အသင်းက တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ခေါ်ယူမည်
ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်မှာ ၂၀၂၅ ခုနှစ်တွင် ၎င်း၏အသင်းဟောင်းဖြစ်သည့် ဖလူမီးနိစ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း ဘရာဇီး မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရီယိုဒီ ဂျနေးရိုးအခြေစိုက် ဖလူမီးနိစ်အသင်းအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ရစ်ချာလီဆန်အား အသင်းထံ ခေါ်ယူနိုင်ရေးအတွက် ကစားသမား၏ ကိုယ်စားလှယ်များအပြင် တော့တင်ဟမ်အသင်းနှင့်လည်း ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း Globo Esporte သတင်းဌာနက ဖော်ပြခဲ့သည်။
…..
— World Aquatics Swimming Championships ရေကူးပြိုင်ပွဲ ပတ်လမ်းတိုပြိုင်ပွဲတွင် တရုတ်ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူး
ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပခဲ့သည့် World AquaticsSwimming Championships ရေကူးပြိုင်ပွဲ (၂၅ မီတာ) ဖားကူးပြိုင်ပွဲ ပွဲစဥ်များတွင် တရုတ်ကစားသမားများက လွှမ်းမိုးထားခဲ့ပြီး Tang Qianting နှင့် Qin Haiyang တို့နှစ်ဦးလုံး အောင်ပွဲခံနိုင်ခဲ့သည်။
အမျိုးသမီး မီတာ ၁၀၀ ဖားကူးပြိုင်ပွဲ ဖိုင်နယ်ပွဲတွင် ၂၀၂၄ ခုနှစ် ဒိုဟာ World Championships ရွှေတံဆိပ်ဆုရှင် Tang က ၁ မိနစ် ၀၂.၃၈ စက္ကန့်ဖြင့် ရွှေတံဆိပ် ဆွတ်ခူးခဲ့ကာ ကမ္ဘာ့စံချိန်ကို လိုက်မီရန် ၀.၀၂ စက္ကန့်သာ လိုခဲ့ကြောင်း သိရသည်။
ထို့အတူ အမျိုးသား မီတာ ၁၀၀ ဖားကူးပြိုင်ပွဲတွင်လည်း Qin က ၅၅.၄၇ စက္ကန့်ဖြင့် ရွှေတံဆိပ် ရရှိခဲ့ပြီး အာရှစံချိန်သာမက ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း စံချိန်တင်နိုင်ခဲ့သည်။ ကြားနေနိုင်ငံမှ အားကစားသမားအဖြစ် ပါဝင်ယှဥ်ပြိုင်ခဲ့သည့် ရုရှားမှ ကီရေလ် ပရီဂိုဒါနှင့် ဘီလာရုစ်မှ အီယာ ရှီမာနိုဗစ်တို့က ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများ အသီးသီးရရှိခဲ့ကြသည်။ (Xinhua)


………………………..
(English Version)
Bottom half rivals for La Liga top three
The top three sides in La Liga all play rivals in the bottom half of the table in the 17th round of games in Spain this weekend.
Hansi Flick will have to watch from the sidelines as league leader FC Barcelona entertains a solid but limited Leganes side to bring the weekend to a close on Sunday, after the German was given a two-game ban for his sending off as Barca was held 2-2 away to Real Betis last weekend.
Recent domestic slip-ups by Barca mean that Real Madrid could overtake it in the standings if Los Blancos win their match away to Rayo Vallecano on Saturday afternoon.
Atletico Madrid will also go level on points with Barca if it wins a home derby with Getafe on Sunday lunchtime.
…..
Fluminense sets sights on Richarlison
Tottenham Hotspur forward Richarlison could rejoin his former club Fluminense in the new year, according to media reports in Brazil.
The Rio de Janeiro club has initiated talks with Richarlison’s representatives and Tottenham officials about a deal that would see him move to Fluminense in January 2025, Globo Esporte reported.
…..
China’s Tang, Qin clinch golds at short course swimming worlds
China dominated the breaststroke events at the World Aquatics Swimming Championships (25m) on Thursday, with Tang Qianting and Qin Haiyang both claiming victories.
In the women’s 100m breaststroke final, Tang, the 2024 Doha World Championships gold medalist, finished in 1:02.38, just 0.02 seconds off the world record.
Qin secured the men’s 100m breaststroke gold in 55.47 seconds, setting both an Asian record and a championship record. Kirill Prigoda of Russia and Ilya Shymanovich of Belarus, both competing as neutral athletes, took silver and bronze respectively.