Connect with us

Australia / Oceania

ဗနွားတူနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သိသိသာသာထိခိုက်ပျက်စီး

ဗနွားတူနိုင်ငံ ပို့သ်ဗီလာမြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ဗနွားတူနိုင်ငံ မြို့တော် ပို့သ်ဗီလာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်၌ အင်အား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ သံတမန်မစ်ရှင် အပါအဝင် အဆောက်အအုံတချို့ သိသိသာသာ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ၁၂:၄၇ နာရီတွင် မြို့တော် ပို့သ်ဗီလာ အနောက်ဘက် ကီလိုမီတာ ၃၀ အကွာ၊ မြေအောက်အနက် ၄၃ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ပြောခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံးလူတစ်ဦး သေဆုံးပြီး လူအများအပြားမှာလည်း စိုးရိမ်ဖွယ်ဒဏ်ရာများ ရရှိကာ ပို့သ်ဗီလာမြို့ရှိ ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း ABC သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZFn


…………………………..
(English Version)
Significant damage reported as quake hits Vanuatu
A 7.4-magnitude earthquake struck Vanuatu’s capital of Port Vila on Tuesday, causing “considerable damage” to some buildings, including a shared diplomatic mission. The quake hit 30 km west of Port Vila, capital of Vanuatu, at 12:47 local time, with a depth of 43 km, the U.S. Geological Survey said.
At least one person died and a mass casualty triage was set up at a hospital in Port Vila after the earthquake struck Vanuatu, the Australian Broadcasting Corporation (ABC) said. xhtxs.cn/ZFn
Photo 1: A screenshot from a video shows a building damaged after an earthquake in Port Vila, Vanuatu, Dec. 17, 2024. (Xinhua)