International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နီစီယက်စ်ဂျူနီယာ The Best FIFA Men’s Player ဆု ဆွတ်ခူး
ရီးရဲလ်မက်ဒရစ်အသင်း၏ ဘရာဇီး တိုက်စစ်ကစားသမား ဗင်နီစီယက်စ် ဂျူနီယာသည် ၂၀၂၄ ခုနှစ် ဖီဖာ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆု (The Best FIFA Men’s Player) ကို ဆွတ်ခူးနိုင်ခဲ့သလို စပိန်ကွင်းလယ်ကစားသမား အိုင်တာနာ ဘွန်မာတီကလည်း အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၇ ရက်၌ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် The Best FIFA Football Award ဆုပေးပွဲ အခမ်းအနား၌ အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး ဘောလုံးသမားဆုများအပြင် အခြားဆုများကိုလည်း ကြေညာခဲ့ပြီး ပရိသတ်များ၊ နိုင်ငံလက်ရွေးစင်အသင်းများ၏ အသင်းခေါင်းဆောင်များနှင့် နည်းပြများ၊ မီဒီယာများ၏ မဲပေးရွေးချယ်မှုကို အခြေခံ၍ အဆိုပါဆုများကို ရွေးချယ်ခြင်းဖြစ်သည်။
ဗင်နီစီယက်စ်က ရမှတ်ပေါင်း ၄၈ မှတ် ရရှိခဲ့ပြီး မန်ချက်စတာစီးတီးအသင်းမှ စပိန်ကွင်းလယ်လူ ရိုဒရီက ရမှတ် ၄၃ မှတ်ဖြင့် ဒုတိယရရှိခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းမှ အင်္ဂလန်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က ရမှတ် ၃၇ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
…..
ချဲလ်ဆီးတိုက်စစ်ကစားသမား မူဒရစ် တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရသဖြင့် ပွဲကစားခွင့် ပိတ်ပင်ခံရ
ချဲလ်ဆီးအသင်း၏ တိုက်စစ်ကစားသမား မီခေလို မူဒရစ် တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရသဖြင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ၎င်းအား ယာယီ ပွဲကစားခွင့်ပိတ်ပင်လိုက်ပြီး ၎င်းအနေဖြင့် လေးနှစ်အထိ ပိတ်ပင်ခံရဖွယ်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ ကစားသမား မီခေလို မူဒရစ်ရဲ့ ပုံမှန်ဆီးစစ်မှုရလဒ် မကောင်းတာနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်က မူဒရစ်ထံ မကြာခင်က ဆက်သွယ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်” ဟု ချဲလ်ဆီးအသင်းက ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၂၃ နှစ်အရွယ် မူဒရစ်မှာ ကနဦးပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ ၇၉ သန်းဖြင့် ရှက်တာဒိုးနက်စ်အသင်းမှ ချဲလ်ဆီးအသင်းထံ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်အထိ မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိသေးဘဲ ၇၃ ပွဲ ပါဝင်ကစားပြီးချိန်တွင် ၁၀ ဂိုး သွင်းယူထားသည်။
…..
— ၂၀၂၄ ခုနှစ် ASEAN Championship ဘောလုံးပြိုင်ပွဲတွင် ကမ္ဘောဒီးယားက အရှေ့တီမောကို အနိုင်ရရှိ
၂၀၂၄ ခုနှစ် ASEAN Championship ပြိုင်ပွဲ အုပ်စု-A ပွဲစဥ်တစ်ပွဲအဖြစ် ဖနွမ်းပင်မြို့ရှိ အိုလံပစ် အားကစားကွင်း၌ ကမ္ဘောဒီးယားအသင်းနှင့် အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကမ္ဘောဒီးယားအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အရှေ့တီမောအသင်းက ပွဲချိန် ၂၂ မိနစ်တွင် အသင်းခေါင်းဆောင် ဂျောင်ပက်ဒရို၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်း မပြီးဆုံးမီတွင် ကွင်းလယ်လူ ဆော်ရိုတာနာက ကမ္ဘောဒီးယားအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သလို ပွဲချိန် ၇၉ မိနစ်တွင် တိုက်စစ်မှူး ဟက်ဗ်ဆိုနက်က အနိုင်ဂိုးသွင်းယူခဲ့သည်။
၂၀၂၄ ခုနှစ် ASEAN Championship ပြိုင်ပွဲအား ဒီဇင်ဘာ ၈ ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ကမ္ဘောဒီးယားအသင်းက အုပ်စု-A တွင် မလေးရှား၊ စင်ကာပူ၊ အရှေ့တီမော၊ ထိုင်း အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ (Xinhua)
………………………
(English Version)
Real Madrid’s Vinicius Jr wins 2024 The Best FIFA Men’s Player award
Real Madrid Brazilian forward Vinicius Jr succeeded Lionel Messi to win The Best FIFA Men’s Player 2024 award, while Spain midfielder Aitana Bonmati won The Best Women’s Player for the second consecutive year on Tuesday.
The world football governing body FIFA held The Best FIFA Football Award 2024 ceremony in Doha, Qatar, where other awards were also announced based on the votes from fans, captains and coaches of national teams and the media.
Vinicius Jr had 48 points, while Manchester City’s Spanish midfielder Rodri collected 43 points in the second. Real Madrid’s English midfielder Jude Bellingham placed third with 37 points.
…..
Chelsea forward Mudryk suspended after positive drug test
Chelsea forward Mykhailo Mudryk has been provisionally suspended by England’s Football Association after testing positive for a banned substance and could face a ban of up to four years.
“Chelsea Football Club can confirm the Football Association recently contacted our player Mykhailo Mudryk concerning an adverse finding in a routine urine test.”
Mudryk cost Chelsea an initial 79 million U.S. dollars when he joined the club from Shakhtar Donetsk in January 2023, but has so far failed to live up to expectations, with 10 goals in 73 appearances since then.
…..
Cambodia edges Timor-Leste in 2024 ASEAN Championship clash
Cambodia took their first win of the 2024 ASEAN Championship at the Olympic Stadium here on Tuesday, defeating Timor-Leste 2-1 in their Group A encounter.
Timor-Leste took the lead in the 22nd minute through captain Joao Pedro, before Cambodia equalized with a goal from midfielder Sor Rotana shortly before halftime. Forward Hav Soknet scored the winner for Cambodia in the 79th minute.
The 2024 ASEAN Championship opened on December 8 and runs until January 5. Cambodia is in Group A alongside Malaysia, Singapore, Timor-Leste and Thailand.