International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— စိတ်လှုပ်ရှားစရာ ရသများစွာကို ပေးစွမ်းမည့် ခရစ္စမတ်အကြို ပရီးမီးယားလိဂ် သီတင်းပတ်
ယခုတစ်ပတ် ပရီးမီးယားလိဂ်၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဥ်အများစုမှာ ဒီဇင်ဘာ ၂၂ ရက်တွင် ယှဥ်ပြိုင်ကစားမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက တော့တင်ဟမ်အား အဝေးကွင်းပွဲစဥ်အဖြစ်လည်းကောင်း၊ အဆင့်-၂ နေရာမှ ချဲလ်ဆီးအသင်းက ပိုင်ရှင်အသစ်လက်အောက်ရှိ အဲဗာတန်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ကာ မန်ချက်စတာယူနိုက်တက်က အိမ်ကွင်း၌ ဘုန်းမောက်နှင့် ပွဲကျပ်ကစားရမည်ဖြစ်သည်။
သို့သော် ယခုတစ်ပတ်၏ အဖွင့်ပွဲစဥ်ဖြစ်သည့် မန်ချက်စတာစီးတီးနှင့် အက်စတွန်ဗီလာအသင်းတို့၏ ပွဲစဥ်မှာလည်း စိတ်လှုပ်ရှားစရာ အများအပြားရှိနေသည်။ မန်စီးတီးအသင်းမှာ ပြီးခဲ့သည့်တစ်ပတ် မန်ချက်စတာဒါဘီပွဲစဥ်တွင် ယူနိုက်တက်၏ နောက်ကျသွင်းဂိုးများကြောင့် ရှုံးနိမ့်ခဲ့သည်။
အဆိုပါ ရှုံးပွဲကြောင့် မန်စီးတီးအသင်းအတွက် ပိုမိုအကျပ်ရိုက်စရာ ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲတွင် ၅ ပွဲ ရှုံးနိမ့်ကာ ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဥ်တွင်လည်း ဂျူဗင်တပ်စ်နှင့် စပို့တင်းလစ္စဘွန်းအား ရှုံးနိမ့်ထားခြင်းကြောင့် နည်းပြ ပက်ပ်ဂွါဒီယိုလာကလည်း ၎င်းအနေဖြင့် ရလဒ်ကောင်းများ ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ပါမည်လောဟူ၍ လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်။
အာဆင်နယ်အသင်းကလည်း ပုံစံကောင်းရရှိနေသည့် ခရစ္စတယ်ပဲလေ့စ်အား အဝေးကွင်း၌ သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အိုလီဗာ ဂလက်စ်နာ၏ ပဲလေ့စ်အသင်းမှာ ပရီးမီးယားလိဂ်ပွဲစဥ် ၅ ပွဲတွင် ရှုံးပွဲမရှိပေ။ အာဆင်နယ်အသင်းမှာမူ နောက်ဆုံးနှစ်ပွဲဆက်တိုက် သရေကျထားသည်။
…..
— ဘွန်ဒက်စ်လီဂါတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်အား ဂိုးပြတ်အနိုင်ယူ
ဒီဇင်ဘာ ၂၀ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဥ်- ၁၅ ၏ အဖွင့်ပွဲစဥ်၌ ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အား ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၇ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းကြောင့် ဘိုင်ယန်မြူးနစ်အနေဖြင့် အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်သည့် လေဗာကူဆင်အား ၇ မှတ် ဖြတ်နိုင်ခဲ့ပြီး လိုက်ပ်ဇစ်အသင်းမှာမူ အဆင့်-၄ ၌ ဆက်လက်ရပ်တည်နေသည်။
…..
— ၂၀၂၄ ခုနှစ် WTA Fan Awards ဆုပေးပွဲတွင် ကျိန့်ချင်းဝန် Fan Favorite Singles ဆုအတွက် ရွေးချယ်ခံရ
အမျိုးသမီး တင်းနစ်အဖွဲ့ချုပ် (WTA) က ၂၀၂၄ ခုနှစ် Fan Awards ဆုရရှိသူများအား ဒီဇင်ဘာ ၁၉ ရက်၌ ကြေညာခဲ့ရာ တရုတ်နိုင်ငံမှ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျိန့်ချင်းဝန်က အရေးပါသော ဆုနှစ်ဆုဖြစ်သည့် Fan Favorite Singles နှင့် WTA 250 Best Moment ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ကျိန့်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ပဲရစ်အိုလံပစ်ပြိုင်ပွဲ၊ ဩစတြေးလျအိုးပင်းနှင့် WTA Finals ပြိုင်ပွဲတို့တွင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကာ ကမ္ဘာ့အဆင့်-၅ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
ကွင်းတွင်း၊ကွင်းပြင်၌ အရေးပါသော စွမ်းဆောင်မှု ပြုလုပ်နိုင်သည့် ကစားသမားများအား ပရိသတ်များ၏ မဲပေးရွေးချယ်မှုအတိုင်း WTA Fan Awards ဆု ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ (Xinhua)
………………………..
(English Version)
Plenty of pre-Christmas treats to enjoy in exciting Premier League weekend
Most of the drama in the Premier League will have to wait until Sunday, with Liverpool visiting Tottenham, while second-placed Chelsea will test the water at Everton with new owners and Manchester United has a difficult game at home to an in-form Bournemouth.
There is plenty of drama in the weekend’s opening game, however, when Manchester City visits Aston Villa still reeling at the way it managed to snatch defeat from the jaws of victory in last weekend’s Manchester derby.
That defeat extended City’s crisis and had coach Pep Guardiola publicly questioned whether he had the ability to turn things around after five defeats in their last seven league games, along with recent Champions League losses against Juventus and Sporting Lisbon.
Arsenal visits Crystal Palace with the home side finally coming into the form most people expected it to show after the end to last season. Oliver Glasner’s side is unbeaten in five league games, while Arsenal has drawn its last two.
…..
Leader Bayern trashes Leipzig to extend lead in Bundesliga
Bayern Munich extended its lead at the top of the Bundesliga to seven points after a commanding 5-1 victory over fourth-placed RB Leipzig in the opening match of the 15th round on Friday.
The emphatic win further cement Bayern’s position at the top of the table, with a seven-point cushion over their closest rivals Bayer Leverkusen. Leipzig, meanwhile, remains in fourth place.
…..
Zheng Qinwen named Fan Favorite Singles player in WTA 2024 Fan Awards
The Women’s Tennis Association (WTA) announced the winners of the 2024 Fan Awards on Thursday, with China’s Olympic gold medalist Zheng Qinwen securing two significant accolades: Fan Favorite Singles and WTA 250 Best Moment winner.
In 2024, Zheng reached a career-high ranking of world No. 5, highlighted by her impressive performance in the Paris Olympics and finals of both the Australian Open and the WTA Finals.
The WTA Fan Awards celebrate players who have made a significant impact on and off the court, as determined by fan votes.