Connect with us

Europe

ဂျာမနီနိုင်ငံရှိ ခရစ္စမတ်ဈေးတစ်ခု၌ ကားတစ်စီးက လူအုပ်ထဲသို့ ဝင်တိုက်ခဲ့သဖြင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ လူ ၂၀၀ ဒဏ်ရာရရှိ

ဂျာမနီနိုင်ငံ အလယ်ပိုင်း၊ မက်ဂ်ဒီဘာ့ဂ်မြို့ရှိ ခရစ္စမတ်ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ကားတစ်စီးက လူအုပ်ကြီးထဲသို့ အရှိန်ဖြင့်ဝင်တိုက်ခဲ့သဖြင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ရိုင်နာ ဟာဆလော့ဖ်၏ ပြောကြားချက်ကိုကိုးကား၍ ဂျာမန်သတင်းဌာန dpa က ဒီဇင်ဘာ ၂၁ ရက်၌ ဖော်ပြခဲ့သည်။

“သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ တော်တော်များများကလည်း အခြေအနေပြင်းထန်ပါတယ်” ဟု ဟာဆလော့ဖ်က ပြောကြားခဲ့ကာ ထိခိုက်သေဆုံးသူ ဦးရေမှာ ဖြစ်စဥ်ဖြစ်ပွားချိန်က ကနဦး ယူဆထားသည်ထက် သိသိသာသာ ပိုမိုဆိုးရွားနေကြောင်းလည်း ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZNC


……………………………………………………..
(English Version)
At least 5 killed, 200 injured in German Christmas market car-ramming
At least five people were killed and over 200 others injured after a car rammed into a large crowd at a German Christmas market in the central German city of Magdeburg Friday evening, German news agency dpa reported Saturday, citing State Premier Reiner Haseloff.
“We have five deaths and over 200 injuries, many of them serious and severe,” Haseloff said, noting that the toll was far worse than initially thought when the incident occurred. xhtxs.cn/ZNC
English Caption
This photo shows a street cordoned off near a Christmas market where a car rammed into a crowd in Magdeburg, Germany, Dec. 21, 2024. (Xinhua/Du Zheyu)